Home သတင်း ကရင်လူငယ် မူဝါဒ ထွက်‌ပေါ်လာဖို့ မဟာဗျူဟာ‌ရေးဆွဲ‌ရေး‌ကော်မတီ ၃ ရပ်ဖွဲ့စည်း

ကရင်လူငယ် မူဝါဒ ထွက်‌ပေါ်လာဖို့ မဟာဗျူဟာ‌ရေးဆွဲ‌ရေး‌ကော်မတီ ၃ ရပ်ဖွဲ့စည်း

2305

စက်တင်ဘာ ၁၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူငယ်အစည်းအရုံး -KYOက ဦး‌ဆောင်ကာ အနယ်နယ် အရပ်ရပ်ရှိ ကရင်လူငယ်များ ပါဝင်ပြီး ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် စက်တင်ဘာ ၆ ရက်မှ ၉ ရက်‌နေ့အထိ ပြုလုပ် သည့် ကရင်လူငယ် မဟာဗျူဟာ အစည်းအ‌ဝေးတွင် ကရင်လူငယ် မူဝါဒတစ်ရပ်ထွက်‌ပေါ်လာ နိုင်‌ရေးအတွက် မဟာဗျူဟာ‌ရေးဆွဲနိုင်‌ရေး ‌ကော်မတီ ၃ ရပ် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

KYO ဥက္ကဌ ‌စောလယ်နယ်က “ကရင်လူငယ် ‌ပေါ်လစီထွက်‌ပေါ်လာဖို့အတွက် အစည်းအ‌ဝေး ၂ ကြိမ် ထပ်လုပ်သွားမယ်လို့ ချမှတ်ထားတယ်။ အဲဒီ အစည်းအ‌ဝေး‌တွေရဲ့ တစ်ခုနဲ့ တစ်ခု ကြားမှာ အ‌ကောင်အထည်‌ဖော်ဖို့အတွက် ‌ကော်မတီ ၃ ရပ်ဖွဲ့စည်းတယ်။ ပထမ တစ်ခုက ဖြစ် ‌မြောက်‌ရေး‌ကော်မတီ၊ ပြီး‌တော့ မဟာဗျူဟာ အကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီ၊ အဲဒီ‌ကော်မတီ နှစ်ခုကို အကြံ‌ပေးဖို့အတွက် အကြံ‌ပေး‌ကော်မတီဆိုပြီး ဒီအစည်းအ‌ဝေးမှာ ဖွဲ့စည်းခဲ့ပါတယ်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖွဲ့စည်းလိုက်‌သော ၎င်း‌ကော်မတီ ၃ ရပ်၏ ‌ကော်မတီအဖွဲ့ဝင်များကိုလည်း လာမည့် အစည်း အ‌ဝေးများတွင် ‌ရွေးချယ်တာဝန်‌ပေးအပ်သွားမည်ဖြစ်သလို ကရင်လူငယ်မူဝါဒအတွက် ကရင် လူငယ်မဟာဗျူဟာ ‌ရေးဆွဲနိုင်‌ရေးကို ယင်း‌ကော်မတီ ၃ ရပ်အပြင် ပြည်တွင်း၊ ပြည်ပ အပါ အဝင် အနယ်နယ်အရပ်ရပ်ရှိ ကရင်လူငယ်များ၏ အကြံအဉာဏ်၊ သ‌ဘောထားများပါဝင်နိုင် ရန် ဆက်လက်လုပ်‌ဆောင်သွားမည်ဟုလည်း ‌စောလယ်နယ်က ဆက်‌ပြောသည်။

ကရင်လူငယ်များအ‌နေဖြင့် လက်ရှိ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များတွင် ဦး‌ဆောင်‌နေ‌သော ‌ကေ အဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူဝါဒ၊ လမ်းစဉ်များကို အ‌ထောက်အကူပြုရန်နှင့် နိုင်ငံ ‌ရေးလှုပ်ရှားမှုများတွင် စုဖွဲ့မှုအား‌ကောင်း‌ကောင်းဖြင့် မဟာဗျူဟာကျကျ ဆက်လက် လုပ် ‌ဆောင်နိုင်ရန် နယ်စပ်‌ဒေသ၊ နိုင်ငံအတွင်း၊ ကဏ္ဍအသီးသီးတွင် ပြန့်နှံ့‌နေထိုင်လျက်ရှိ‌သော ကရင်လူငယ်အဖွဲ့အစည်းများနှင့်‌တွေ့ဆုံပြီး ဘုံမဟာဗျူဟာချမှတ်သွားရန် ရည်ရွယ်၍ ယခု အစည်းအ‌ဝေးကို ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကရင်လူငယ်မဟာဗျူဟာ အစည်းအ‌ဝေးသို့ ကရင်လူငယ်အစည်းအရုံး (KYO) ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်‌ကျောင်းသားကွန်ယက်(KSNG)၊ ကရင် လူငယ် ကွန်ယက်( KYN)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်ရှိ ကရင်လူငယ်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ‌ကေအဲန် ယူ ဗဟို‌ကော်မတီဝင်များနှင့် တတ်သိပညာရှင်များအပါအဝင် စုစု‌ပေါင်း ၈ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

၄ ရက်တာ အစည်းအ‌ဝေးတွင် လက်ရှိ အ‌ခြေအ‌နေများကို ‌ဝေမျှခြင်း၊ ‌ဆွေး‌နွေးခြင်း၊ လုပ် ‌ဆောင်ခဲ့‌သော ကရင်လူငယ်လှုပ်ရှားမှုများ တင်ပြ‌ဆွေး‌နွေးခြင်း၊ မဟာဗျူဟာ စဉ်းစား ‌တွေး ‌ခေါ်ခြင်းဆိုင်ရာ ‌ဆွေး‌နွေးခြင်း၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို ‌လေ့လာခြင်း၊ ကရင်လူငယ် မူဝါ‌ဒေ‌ရေးဆွဲခြင်းကို ဆက်လက်လုပ်‌ဆောင်မည့် အစီအစဉ်များအား ‌ဆွေး‌နွေးခြင်း၊ ကရင်လူငယ်မူဝါဒ‌ရေးဆွဲခြင်းနှင့် ‌ရှေ့လုပ်ငန်းစဉ်များ လုပ်‌ဆောင်ရန် သတ်မှတ်ခြင်းနှင့် မဟာဗျူဟာ‌ရေးဆွဲရန် ‌ကော်မတီများဖွဲ့စည်းခြင်းတို့ လုပ်‌ဆောင်ကြသည်။

ကရင်လူငယ် အမျိုးသမီးကိုယ်စားလှယ်တစ်ဦးဖြစ်သူ ‌နော်ဆဲဆဲက “ကျမတို့ ကရင်လူငယ် ‌တွေဟာ နိုင်ငံ‌ရေးကိစ္စပဲဖြစ်ဖြစ်၊ အမျိုးသား‌ရေးကိစ္စပဲဖြစ်ဖြစ် သက်ဆိုင်ရာ ကဏ္ဍက ‌နေပြီး ‌တော့ လှုပ်ရှားကြပါတယ်။ ‌မျှော်မှန်းချက်၊ ရည်မှန်းချက်‌တွေကို စုစည်းပြီး‌တော့ လုပ်‌ဆောင် တာ တစ်ကြိမ်တစ်ခါမှ မရှိဘူး။ အခု ကျမတို့ စတင်လုပ်‌ဆောင်ကြတယ်။ မဟာဗျူဟာအစီ အစဉ်‌တွေ ချမှတ်နိုင်ဖို့အတွက် အခု ကျမတို့ အမြင်‌တွေကို စတင်‌ဆွေး‌နွေးကြတယ်။ တဆင့် ချင်း တက်လာမှာ‌ပေါ့‌နော်။ ဒါက ‌ရှေ့ဆက် ကရင် လူငယ်‌တွေ ပုခုံး‌ပြောင်း တာဝန်‌တွေ ကို ထမ်း‌ဆောင်တဲ့အခါမှာ လမ်း‌ကြောင်း တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ယခုပြုလုပ်ပြီးစီးသည့် ကရင်လူငယ် မဟာဗျူဟာ အစည်းအ‌ဝေးသည် ယခင်နှစ် ၂ဝ၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၉ မှ ၂၃ရက်‌နေ့အထိ ‌ကေအဲန်ယူ ဖားအံခရိုင်၊ ‌လေးဝါးတွင် ကျင်းပခဲ့သည့် ကရင်လူငယ် နှီး‌နှောဖလှယ်ပွဲ (Karen Youth Seminar )၏ ဆုံးဖြတ်ချက်ဖြစ်‌သော လူငယ် မူဝါဒတစ်ခုဖြစ်‌ပေါ်လာ‌ရေးအတွက် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအ‌ဝေးဖြစ်သ