Home သတင်း မြဝတီမြို့ ရပ်ကွက် ၆/၇ ‌မြေယာကိစ္စ ဆန္ဒထုတ်‌ဖော်‌ရေးအစီအစဉ် တားမြစ်မှု တရားမျှတခြင်းမရှိဟု ဆို

မြဝတီမြို့ ရပ်ကွက် ၆/၇ ‌မြေယာကိစ္စ ဆန္ဒထုတ်‌ဖော်‌ရေးအစီအစဉ် တားမြစ်မှု တရားမျှတခြင်းမရှိဟု ဆို

2743

ဇွန်လ ၁၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြဝတီမြို့ ရပ်ကွက် ၆/၇ ‌ဖော်‌ဆောင်ရန်အတွက် ‌မြေကွက်အတွင်းရှိ ‌နေအိမ်များကို ‌ဒေသအာဏာပိုင်များက ဖယ်ရှားရှင်းလင်းရန် စီစဉ်‌နေမှုအ‌ပေါ် ‌ကျေနပ်မှုမရှိ၍ မြဝတီမြို့မှ ဖားအံမြို့သို့ သွား‌ရောက် ဆန္ဒထုတ်‌ဖော်မည့် ပြည်သူများကို ဇွန်လ ၁၇ရက်‌နေ့ နံနက်က အာဏာပိုင်များမှ တားမြစ်ခဲ့မှုသည် တရားမျှတမှု မရှိ‌ကြောင်း ဆန္ဒထုတ်‌ဖော်မည့်သူဘက်က ‌ပြောသည်။

မြဝတီမြို့ ရပ်ကွက် ၆/၇ ‌နေပြည်သူများမှ ၎င်းတို့၏ ‌နေအိမ်များကို ဖယ်ရှားရှင်းလင်းရန် စီစဉ်‌နေမှုကို ‌ကျေနပ်မှုမရှိ၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိ‌စေရန် သွား‌ရောက် ဆန္ဒ‌ဖော်ထုတ်မည့် ပြည်သူ အင်အား(၁၀၀)‌ကျော် စီးနင်းလိုက်ပါလာ‌သော ‌မော်‌တော်ယာဉ် (၁၀)စီးခန့်အား ‌ကော့ကရိတ်မြို့ ၊ လှိုင်ဝဂိတ်အ‌ရောက်တွင် တားမြစ်ခံခဲ့ရခြင်းဖြစ်သည်။

ဆန္ဒ‌ဖော်ထုတ်ရန် သွား‌ရောက်သည့် နန်းမူခွယ်က “ဒါက ကျမတို့ ဆန္ဒ‌ဖော်ထုတ်ပွဲ မပြုလုပ်နိုင်‌အောင်လို့ တမင်သက်သက် တားမြစ်ပိတ်ပင်တာပဲ။ ဒီ‌နေ့မနက် ကျမတို့အဖွဲ့ လှိုင်ဝဂိတ်ကို ‌ရောက်တဲ့အချိန်မှာ ‌ပေးမ သွားဘဲ တားဆီးထားပါတယ်။ အ‌ကြောင်းပြချက်က‌တော့ ကျမတို့နဲ့အတူ ပါလာမယ့် လိုင်စင်မဲ့ ‌မော်‌တော်ယာဉ်ကို စစ်‌ဆေးပြီး ဖမ်းမယ်ဆိုပြီး‌တော့‌ပေါ့။ ထူးခြားတာက ဒီလှိုင်ဝဂိတ်မှာ ဖြတ်သန်း‌နေတဲ့‌မော်‌တော်ယာဉ်တိုင်းကို မစစ်‌ဆေးဘဲ ဆန္ဒ‌ဖော်ထုတ်ပွဲ သွားကြမယ့် ကျမတို့ စီးလာတဲ့ ‌မော်‌တော်ယာဉ်‌တွေကိုပဲ စစ်‌ဆေးတားမြစ်တာက တရားမျှတမှု မရှိဘူး။” ဟု ဇွန်လ ၁၇ရက်‌နေ့တွင် ‌ပြောသည်။

မြဝတီမြို့တွင် ရပ်ကွက် ၆/၇ ‌ဖော်‌ဆောင်ရန်အတွက် ‌ဒေသအာဏာပိုင်များက လွန်ခဲ့သည့် ‌မေလ ၃၁ရက်‌နေ့က အဆိုပါ ‌နေရာတွင် ‌နေထိုင်သည့်ပြည်သူများအား ၁၄ ရက်အတွင်း ‌နေအိမ်များ ဖယ်ရှား‌ပေးရန် သတိ‌ပေးနို့တစ်စာပါ ဗီနိုင်းများ စိုက်ထူခဲ့သည်။ ထို့အတွက် မြဝတီမြို့ ရပ်ကွက် ၆/၇ ‌မြေကိစ္စနှင့်ပတ်သက်၍ ဖားအံမြို့တွင် ငြိမ်းစုစီဥပ‌ဒေနှင့်အညီ ဆန္ဒထုတ်‌ဖော်ရန် စီစဉ်‌နေမှုကို အာဏာပိုင်များက ‌ကော့ကရိတ် လှိုင်ဝဂိတ်၊ ကျုံဒိုးမြို့နှင့် ဂျိုင်းတံတားများတွင် အ‌ကြောင်းပြချက် အမျိုးမျိုးဖြင့် တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒ‌ဖော်ထုတ်ပွဲကို ဦး‌ဆောင်သူ နန်း‌အေး‌အေးကြိုင်က ‌ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ‌ကော့ကရိတ် လှိုင်ဝစစ်‌ဆေး‌ရေးဂိတ်တွင် တာဝန်ခံရဲအရာရှိက “ကျ‌နော်တို့က ‌တော့ ပြည်နယ်က ညွှန်ကြားချက်နဲ့‌ဆောင်ရွက်တာပါ။ အခုဖားအံဆန္ဒထုတ်‌ဖော်ပွဲသွားမယ့် မြဝတီကယာဉ် တန်းကို လိုအပ်တဲ့စစ်‌ဆေးမှု‌တွေပြုလုပ်ပါဆိုလို့ ကျ‌နော်တို့က တားဆီးပြီး ယာဉ်လိုင်စဉ်ရှိ/ မရှိနဲ့ယာဉ် ‌မောင်းသူ‌တွေမှာလည်း ယာဉ်‌မောင်းလိုင်စင်ရှိ/မရှိစစ်‌ဆေးပါတယ်။ စစ်‌ဆေးချက်အရ အချက်အလက် အ‌ထောက်အထား မပြည့်စုံတဲ့ယာဉ်‌တွေ‌တွေ့ရှိရတဲ့အတွက် ပြန်လှည့်ခိုင်းရာမှာ သူတို့ပြန်လှည့်သွားကြပါ တယ်”ဟု ‌ပြောသည်။

အငြင်းပွားမှုဖြစ်‌ပေါ်‌နေသည့် မြဝတီမြို့ ရပ်ကွက်သစ်‌ဖော်‌ဆောင်မည့် အဆိုပါ ‌မြေ‌နေရာကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက် မှတ်မထိုးခင် ၂ဝ၁၂ခုုနှစ်ကတည်းက ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်သ‌ဘော တူညီချက်အရ ‌မြေ ၁၁၇ ဧက ခန့်ကို ‌ကေအဲန်ယူ၏ ‌မြေယာမူဝါဒနှင့်အညီ လက်မှတ်ထိုးပြီး ပိုင်ဆိုင်ခွင့် ထုတ်‌ပေးထားခြင်းဖြစ် သည် ဟု လယ်ယာနှင့်စိုက်ပျိုး‌ရေးဌာနမှူး ဖားအံခရိုင် အမြဲတမ်း‌ကော်မတီဝင် ပဒို‌စောပီတာသိန်းဒိုက ဇွန်လ ၁၂ ရက်‌နေ့က ပြုလုပ်သည့် ရပ်ကွက်သစ်‌ဖော်‌ဆောင်မည့်ကိစ္စ ‌နေအိမ်ဖယ်ရှားခံရမည့်သူများ ရှင်းလင်းပွဲ တွင် ‌ပြောဆိုခဲ့သည်။

မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူးအမိန့်ဖြင့် ၁၄ ရက်အတွင်း ဖယ်ရှား‌ပေးရန်နှင့် မဖယ်ရှားပါက ဥပ‌ဒေအရ အ‌ရေး ယူမည်ဟူ‌သော နို့တစ်(အသိ‌ပေးစာ) ဗီနိုင်းစိုက်ထူထားမှုကို အဆိုပါ ‌နေရာတွင် အ‌ခြေချ‌နေထိုင်ကြ ‌သော ပြည်သူများကို အထိတ်တလန့်ဖြစ်‌စေရန် ခြိမ်း‌ခြောက်စာ သ‌ဘောဖြစ်၍ ‌ကျေနပ်မှုမရှိဟုဆိုကာ ဇွန်လ ၁၂ရက်‌နေ့တွင်လည်း ‌နေအိမ်ဖယ်ရှားခံရမည့်သူများက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီးဖြစ် သည်။