Home သတင်း ဖားအံတက္ကသိုလ်ကို ‌ဆေးလိပ်‌ငွေ့ကင်းစင်နယ်‌မြေအဖြစ် ‌ကြေညာ

ဖားအံတက္ကသိုလ်ကို ‌ဆေးလိပ်‌ငွေ့ကင်းစင်နယ်‌မြေအဖြစ် ‌ကြေညာ

3320

ဇွန် ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်ရှိ ဖားအံတက္ကသိုလ်ကို ‌ဆေးလိပ်‌ငွေ့ကင်းစင်နယ်‌မြေအဖြစ် ‌ကြေညာလိုက်‌ကြောင်း ဖားအံတက္ကသိုလ်ခန်းမ၌ ဇွန်လ ၁၈ ရက်(ယ‌နေ့) ကျ‌ရောက်သည့် ကမ္ဘာ့‌ဆေးလိပ်မ‌သောက်‌ရေး‌နေ့တွင် ဖားအံတက္ကသိုလ်ခန်းမ၌ အခမ်းအနားနှင့် တကွ ပြုလုပ်ခဲ့သည်။

ဖားအံတက္ကသိုလ်နှင့် ကျန်းမာ‌ရေးဝန်ကြီးဌာနတို့မှ ပူး‌ပေါင်းပြုလုပ်သည့် ယ‌နေ့အခမ်းအနားသည် လူငယ် ‌ကျောင်းသူ‌ကျောင်းသားများ၏ ကျန်းမာ‌ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဒုတိယပါ‌မောက္ခချုပ် ‌ဒေါက်တာသန်းသန်းမြင့်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

‌ဒေါက်တာသန်းသန်းမြင့်က “‌ကျောင်းသူ‌ကျောင်းသား‌တွေဟာ တ‌နေ့ကျရင် နိုင်ငံရဲ့အင်အား‌တွေ၊ ကိုယ်‌ရော စိတ်ပါ ကျန်းမာမှ တိုင်းပြည်အနာဂတ်က ‌ကောင်းမှာ၊ ဒါ‌ကြောင့် ‌ကျောင်းသူ‌ကျောင်းသား‌တွေဟာ ‌ဆေးလိပ် အန္တရာယ်ကို သိဖို့လိုတယ်။ သူတို့‌တွေဟာ ဒါ‌တွေမလုပ်ဘူး။ အားကစား‌တွေ၊ ‌ကျောင်းရဲ့ တိုးတက်ရာ တိုးတက် ‌ကြောင်း‌တွေလုပ်မယ်ဆိုရင် တက္ကသိုလ်လည်း တိုးတက်လာမယ်။ တက္ကသိုလ်တိုးတက်လာရင် ကရင်ပြည်နယ် လည်း တိုးတက်လာမယ်။↔ဟု‌ပြောသည်။

တက္ကသိုလ်ဝင်းနှင့် တက္ကသိုလ်အနီး ‌ပေတစ်ရာအတွင်းတွင် ‌ဆေးလိပ်မ‌သောက်ရနယ်‌မြေအဖြစ် သတ်မှတ် ထားသလို စည်းကမ်း‌ဖောက်ဖျက်သည့် ‌ကျောင်းသူ‌ကျောင်းသားများကိုလည်း ဒဏ်‌ငွေများရိုက်ခြင်း၊ ‌ခေါ်ယူ အသိ‌ပေးခြင်းများပြုလုပ်သွားမည်ကိုလည်း ‌ဒေါက်တာသန်းသန်းမြင့်က ဆက်‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာ‌ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်ဆရာ၊ ဆရာမနှင့်‌ကျောင်းသား‌ကျောင်းသူများ စုစု‌ပေါင်း လူဦး‌ရေ တစ်‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အဂင်္လိပ်စာ ပထမနှစ်‌ကျောင်းသူ ရှင်နှင်းခက်က “တကယ့်ကိုစည်းစနစ်ကျကျနဲ့ လုပ်ပြီးမှ ‌ကြေညာလိုက်တာပါ။ ခုဆို ၉ဝ ရာခိုင်နှုန်း‌လောက် (တက္ကသိုလ်ဝင်းမှာ)‌ဆေးလိပ်နဲ့ မူးယစ်‌ဆေးက ကင်းစင်‌နေပါပြီ။ သုံးစွဲသူက အ နည်းနဲ့ အများ‌တော့ ကျန်‌နေဦးမှာပဲ။ တဖြည်းဖြည်းနဲ့‌တော့ ပ‌ပျောက်သွားမှာပါ။ ဒီလို လုပ်ခြင်းအားဖြင့် ‌နောက် တက်မယ့် ‌ကျောင်းသူ ‌ကျောင်းသား‌တွေကလည်း ‌ကျောင်းဝင်းမှာ မူးယစ်‌ဆေးမရှိ‌တော့တဲ့အတွက် ပညာကို လည်း ‌ကောင်း‌ကောင်းသင်ကြားနိုင်ကြမှာ ဖြစ်ပါတယ်။↔ဟု‌ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ဦး‌ဆောင်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ၌ တက္ကသိုလ်များတွင် ရာနှုန်းပြည့် ‌ဆေး လိပ်‌ငွေ့ကင်းစင်‌ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး‌နောက် ဖားအံတက္ကသိုလ် တွင်လည်း မူဝါဒ‌ရေးဆွဲ‌ရေး၊ ပညာ‌ပေးလှုံ့‌ဆော်‌ရေး၊ သတင်းနှင့်ပြန်ကြား‌ရေး၊ ဘဏ္ဍာ‌ရေး၊ စည်းကမ်းထိန်းသိမ်း ‌ရေး စသည့် လုပ်ငန်း‌ကော်မတီအဖွဲ့များ ဖွဲ့စည်းပြီး လုပ်‌ဆောင်ခဲ့‌ကြောင်း သိရသည်။

ထို့‌နောက် ဖားအံတက္ကသိုလ်၌ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ‌မေလအထိ ပညာ‌ပေးကာလအဖြစ် သတ်မှတ်ပြီး ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပူး‌ပေါင်းကာ ‌ဆေးလိပ်နှင့်ပတ်သက်သည့် အန္တရာယ်များကို စကားဝိုင်း အဖြစ် ‌ဆွေး‌နွေးခြင်း၊ ‌ကျောင်းများတွင် ‘No smoking’ စတစ်ကာများ ကပ်ခြင်း၊ ဗီနိုင်း၊ ဆိုင်းဘုတ်များ ‌ထောင်ခြင်း၊ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်‌ပေးပြီး‌နောက် ယခုလို ‌ကြေညာလိုုက်ခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

ဖားအံတက္ကသိုလ်ကို ‌ဆေးလိပ်‌ငွေ့ကင်းစင်နယ်‌မြေအဖြစ် ‌ကြေညာလိုက်ခြင်းမှာလည်း ပထမဦးဆုံးအကြိမ်ဖြစ် သလို မြန်မာနိုင်ငံတဝှမ်းရှိ အခြားတက္ကသိုလ်များတွင်လည်း ‌ဆေးလိပ်‌ငွေ့ကင်းစင်နယ်‌မြေအဖြစ် ဦးစား‌ပေး လုပ် ‌ဆောင်‌နေကြ‌ကြောင်း ဖားအံတက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။