Home သတင်း မြဝတီမြို့ ရပ်ကွက်သစ်‌ဖော်‌ဆောင်မည့်ကိစ္စ ‌နေအိမ်ဖယ်ရှားခံရမည့်သူများ ရှင်းလင်းပွဲပြုလုပ်

မြဝတီမြို့ ရပ်ကွက်သစ်‌ဖော်‌ဆောင်မည့်ကိစ္စ ‌နေအိမ်ဖယ်ရှားခံရမည့်သူများ ရှင်းလင်းပွဲပြုလုပ်

3737

ဇွန်လ ၁၃ရက်၊ ၂ဝ၁၉ခုနှစ်။ ‌နေ‌နော်

မြဝတီမြို့ ရပ်ကွက်(၆/၇) ‌ဖော်‌ဆောင်မည့်‌နေရာတွင် ‌နေထိုင်ကြသူများက ၎င်းတို့၏ ‌နေအိမ်များကို ဖယ်ရှားရှင်းလင်းခြင်းခံရမည့်အ‌ပေါ် ‌ကျေနပ်မှုမရှိ၍ ဇွန်လ ၁၂ရက်၊ ယမန်‌နေ့ နံနက်ပိုင်းတွင် ရပ်ကွက် ၆အဖြစ် လျာထား‌သော ‌မြေ‌နေရာရှိ နန်းမူခွယ်၏ ‌နေအိမ်ခြံဝင်း‌မြေကွက်လပ်တွင် ပြည်သူအင်အား ၂၀ဝခန့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ‌မေလ ၃၁ရက်‌နေ့က မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူးအမိန့်ဖြင့် အဆိုပါ‌နေထိုင်သူများကို ၁၄ရက်အတွင်း ဖယ်ရှား‌ပေးရန် နှင့် မဖယ်ရှားပါက ဥပ‌ဒေအရ အ‌ရေးယူမည်ဟူ‌သော နို့တစ်(အသိ‌ပေးစာ)ဗီနိုင်းစိုက်ထူထားသည်။ ထိုအသိ‌ပေးစာမှာ အဆိုပါ ‌နေရာတွင် အ‌ခြေချ‌နေထိုင်ကြ‌သော ပြည်သူများကို ထိုသို့ မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးမှ အထိတ်တလန့်ဖြစ်‌စေရန် ခြိမ်း‌ခြောက်စာ သ‌ဘောဖြစ်၍ ‌ကျေနပ်မှုမရှိဘဲ ကန့်ကွက်ရှုတ်ချသည့်အ‌နေဖြင့် ရှင်းလင်းပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟုု သတင်းစာရှင်းလင်းပွဲ ဦး‌ဆောင်သူ ပြည်‌ထောင်စု‌တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဗဟို‌ကော်မတီဝင် နန်း‌အေး‌အေးကြိုင်က ‌ပြောသည်။

ရပ်ကွက် ၆ အဖြစ် လျာထား‌သော‌နေရာတွင် ‌နေထိုင်သူ နန်းမူခွယ်က “ကျမ ဒီမှာ‌နေတာ ၅နှစ်ခန့်ရှိပါပြီး။ ဒီ‌မြေမှာ ကျမ ကျူး‌ကျော်ပြီး‌နေတာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ ဘန်‌ကောက်မှာ အလုပ်လုပ်ပြီးရတဲ့ ‌ချွေးနဲစာနဲ့ ခြံဝယ်ပြီး အိမ်‌ဆောက်‌နေတာပါ။ အဲ့ဒါကို ပြီးခဲ့တဲ့နှစ်က‌တော့ ကျမတို့ ကျူး‌ကျော်ကတ်‌တွေကို အုပ်ချုပ်‌ရေးဌာနက ထုတ်‌ပေးပါတယ်။ ကျမအ‌နေနဲ့က‌တော့ အထက်မှာ‌ပြောထားတဲ့အတိုင်း ကျူး‌ကျော်ပြီး‌နေတာမဟုတ်ဘူး။ ကျမတို့ရဲ့‌ချွေးနဲစာနဲ့ အိမ်‌ဆောက်ပြီး‌နေတာ‌လေ။ အခြားတစ်‌နေရာမှာ အိမ်တစ်လုံးပြန်‌ဆောက်ဖို့က မလွယ်ကူတဲ့အတွက် မဖယ်‌ပေးနိုင်ပါ။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝရက်‌နေ့ မွန်းလွဲပိုင်းတွင် မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူးက ကျူးကတ်ရရှိထားသည့် အိမ်‌ထောင်စုများကို မြို့ နယ်စု‌ပေါင်းရုံး၌ ‌ခေါ်‌တွေ့ခဲ့ပြီး လက်ရှိ ‌မြေ‌နေရာမှ ဖယ်ရှားကာ အခြား‌နေရာဖြစ်သည့် မဲကနယ်‌ကျေးရွာရှိ ‌ရွှေမြစန္ဒီအိမ်ရာစီမံ ကိန်း‌နေရာတွင် ‌နေထိုင်မည်ဆိုပါက ‌ပေ(၂ဝx၆ဝ) ‌မြေတစ်ကွက်စီ‌ပေးမည်ဖြစ်‌ကြောင်း၊ သို့မဟုတ် အသစ်‌ဖော်‌ဆောင်မည့် အမှတ် ၇ရပ်ကွက်တွင် ‌နေမည်ဆိုပါက ‌ပေ(၄ဝx၇ဝ) ခြံကွက်‌ပေးမည်ဟု ညှိနှိုင်း‌ပြောဆိုမှုများရှိ‌သော်လည်း ၎င်းတို့အ‌နေဖြင့် လက်မခံနိုင်‌ကြောင်း နန်းမူခွယ်က ဆက်‌ပြောသည်။

အဆိုပါ‌မြေ‌နေရာကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်မထိုးခင် ၂ဝ၁၂ခုုနှစ်ကတည်းက ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်သ‌ဘောတူညီချက်အရ ‌မြေ ၁၁၇ဧက ခန့်ကို ‌ကေအဲန်ယူ၏ ‌မြေယာမူဝါဒနှင့်အညီ လက်မှတ်ထိုးပြီး ပိုင်ဆိုင်ခွင့်ထုတ်‌ပေးထားခြင်းဖြစ်သည်ဟု လယ်ယာနှင့်စိုက်ပျိုး‌ရေးဌာနမှူး ဖားအံခရိုင် အမြဲတမ်း‌ကော်မတီဝင် ပဒို‌စောပီတာသိန်းဒိုက ယမန်‌နေ့ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

၎င်းက “နို့တစ်စာဗီနိုင်းစိုက်ထူးထားတဲ့ ဒီ‌မြေယာမှာ KNU ရဲ့‌မြေယာမူဝါဒနဲ့အညီ ၂၀၁၅ NCA တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲမှုဆိုင်ရာ သ‌ဘောတူစာချုပ် လက်မှတ်မထိုးရ‌သေးခင်ကတည်းက ကျ‌နော်လက်မှတ်ထိုးပြီး ပိုင်ဆိုင်ခွင့် ထုတ်‌ပေးထားတဲ့ ‌မြေ ၁၁၇ ဧကခန့်ရှိပါတယ်။ အခုလို ပြည်သူ‌တွေကို ဖယ်ရှားမှုပြုလုပ်မှာကို ကျ‌နော်တို့အ‌နေနဲ့ လက်ခံမှာမဟုတ်ဘဲ ပြည်သူဘက်က မား မားမတ်မတ် ရပ်တည်သွားမယ်”ဟု ‌ပြောကြားခဲ့သည်။

ထို့အပြင် ၂ဝ၁၂ခုနှစ်၊ ဧပြီလ ၆ရက်‌နေ့က KNU ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ကိုယ်စားလှယ်များနှင့် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်‌သော အစိုးရအဖွဲ့တို့ ရန်ကုန်မြို့၌ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတွင် ဆုံးဖြတ်ချက် ၁၃ချက်ကို သ‌ဘောတူခဲ့ကြရာ ‌မြေယာမူဝါဒနှင့်ပတ်သက်၍ အချက် ၉တွင် သက်ဆိုင်ရာ ‌မြေယာဥပ‌ဒေ‌ရေးဆွဲခြင်း မပြီး‌သေး သည့်ကာလတွင် ‌မြေယာပြဿနာဖြစ်‌ပေါ်ပါက ဆိုင်ရာဝန်ကြီးချုပ်ထံသို့ တင်ပြပြီး ‌ဖြေရှင်းရန် သ‌ဘောတူလက်ခံသည်ဟု ပါရှိ သည်။ ထိုသ‌ဘောတူမှု အချက် ၁ဝတွင် တိုင်းရင်းသားအဖွဲ့အစည်းနှင့် KNU မှ ချမှတ်ထားသည့် ‌မြေယာဂရမ်များကို အသိအ မှတ်ပြုပြီး ဓ‌လေ့ထုံးတမ်းအရ ပိုင်ဆိုင်သည့်‌မြေယာများနှင့် ဌာ‌နေမဲ့ပြည်သူ (IDPs)တို့၏ ‌မြေယာကိစ္စများကိုလည်း ညှိနှိုင်း‌ဖြေ ရှင်းသွားမည်ဟု သ‌ဘောတူချက်ရှိခဲ့သည်ဟု KNU ဘက်က ‌ပြောသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုအား ဆက်သွယ်‌မေးမြန်းရာ “ဒီ‌နေ့က ရပ်ကွက် ၆၊၇ အဖြစ် ၂၀၁၆ခုနှစ်ကတည်းက ပြည်ထဲ‌ရေးဝန်ကြီးဌာနက အမိန့်ကျပြီးသား‌နေရာ ဖြစ်ပါတယ်။ ကျ‌နော်တို့ အုပ်ချုပ်‌ရေးအဖွဲ့မှ ၂၀၁၇မှာ စစ်တမ်း‌ကောက်ပြီး‌တော့ အမှန်တကယ်‌နေထိုင်သူ ၅၁ဦးကို ကျူး‌ကျော်ကတ်‌တွေထုတ်‌ပေးထားပါတယ်။ ‌နောက်တိုး အ‌နေနဲ့ ၂၀၁၈ ဇွန်လမှာ ၁၁၄ဦး ကျူးကတ်ထုတ်‌ပေးထားတာ ရှိပါတယ်။ သူတို့‌တွေကို ပြန်လည်‌နေရာချထား‌ပေးဖို့ ရပ်ကွက်၇မှာ ခြံကွက်‌တွေစီစဉ်ထားပါတယ်။ လက်ရှိဒီ‌မြေမှာရှိတဲ့‌နေအိမ်‌တွေကို ဖယ်ရှားရှင်းလင်းနိုင်‌ရေးအတွက် ပြည်နယ်မှာ ဥပ‌ဒေအ ကြံပြုချက်‌တောင်းခံခြင်း၊ ဖယ်ရှားရှင်းလင်း‌ရေးလုပ်ငန်းစဉ်‌တွေ တင်ထားပါတယ်။ ပြည်နယ်က အမိန့်ကျတာနဲ့ ဥပ‌ဒေနှင့်အညီ ‌ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။”ဟု ‌ပြောဆိုခဲ့သည်။

မြဝတီမြို့တွင် ဤကဲ့သို့ ‌နေအိမ်ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ၂၀၁၇မှ ၂၀၁၉ခုနှစ်အထိအတွင်း အမှတ်(၅) ကားဝင်း ‌ဟောင်းကုန်သွယ်‌ရေးဇုန်‌နေရာ၊ မဲ‌ဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်‌ရေးတံတားလမ်း နယ်‌နေရာနှင့် မဲကနယ်‌ကျေးရွာ ‌ရွှေမြ စန္ဒီအိမ်ယာစီမံကိန်း‌နေရာ စသည့်‌နေရာများရှိ လူ‌နေအိမ်များကို စက်ယန္တရားများဖြင့် သုံးကြိမ် ဖယ်ရှားရှင်းလင်းခဲ့ကြပြီး ယခုမှာ စတုတ္ထအကြိမ်အဖြစ် ဖယ်ရှားရှင်းလင်းရန် စီစဉ်‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် လက်ရှိ ရပ်ကွက်‌ပေါင်း ၅ခုရှိပြီး ယခု အမှတ် ၆၊ ၇ ရပ်ကွက်ကို ‌ဖော်‌ဆောင်ရန် လျာထားသည့်‌နေရာမှာ မြဝတီမြို့၏ ၃မိုင်ခန့်အကွာ ‌တောင်က‌လေး‌အေးရိပ်သာ‌ကျောင်း အ‌နောက်ဘက် ၆ ဖာလုံခန့်တွင် တည်ရှိသည်။