ခရီးစဉ် စကတည်းက
တင်းခဲ့တဲ့ မာန်တွေခွာချ
အရေခွံတွေ လဲကြ
တစ်နေ့ …
ရင်ဝမှာ ဓားထောက်ခံရမှ…
ကမန်းကတန်းထ
ဒါတောင်…
ဓားပြလား လူဆိုးလား….
မျက်စဉ်းခတ်ဆေး မထည့်ရသေး…။
တစ်ခါဆို
နားလည်ပေးရမယ်… တဲ့
နှစ်ခါဆို
သတိပေးရမယ်… တဲ့
ခက်ပြီပေါ့ …
တတိယ တစ်ကျော့မှ
နောင်တရမယ် ဆိုရင်
ဆင်ခြင်ဖို့ အကြွင်းကျန်မှာ မဟုတ်ဘူး….။
ဒါ….
တစ်ခါစားအတွက် မဟုတ်
တစ်အူထုံဆင်းအတွက် မဟုတ်
ညီမျှခြင်းအတွက် ဆေးစက်တင်နေတာ
နည်းနည်းမှ အပေခံလို့မဖြစ်
ခြစ်မိခြစ်ရာ ဖြစ်လို့ကတော့
ကျမ်းစာပောာင်းမှာ ကျွန်ဇာတာတွေ ကျန်လိမ့်မယ်။
တစ်ခါလာလည်း ချိုးရုပ်လေး
တစ်ဖွဲ့လာလည်း ချိုးရုပ်လေး
ချိုးဖြူရုပ်လေးရဲ့ ဇာတ်
စုရပ်မှာ ခွဲတမ်းတွေ ချလိုချ
စုမရတဲ့ အချက်က နှုတ်ခမ်းဝကြောင့် … တဲ့
ဟုတ်မလားပဲ…
တစ်ချိန်က စိမ်းစိုနေတဲ့ သစ်တော
အရှေ့ရိုးမ တစ်ကြောက
မရပ်ချင်ဘဲ ရပ်နားပေးရတဲ့ နေရာတွေ
တန်ပြန်သက်ရောက်ခွင့် မရှိတဲ့အချိန်တွေ …
ဇာတ်လမ်းခွေသာ ရိုက်ထားဖြစ်ရင်
အဲ့ဒီခွေ ဆင်ဆာဖြတ်ခံရမလားပဲ …။
အကြောင်းကြောင့် အကျိုးဆက်က
ကိုးဆယ်ငါးရဲ့ ရလဒ် မာနယ်ပလောကျ
ကိုးဆယ်ခုနှစ်ရဲ့ ရလဒ် အလံနင်းခံရ
ထိုတစ်ညမှ အမှောင်မခွင်းနိုင်တောတဲ့ ဘဝ
တောမီးလောင် သားကောင်ချနင်းတမျှ
မူမဲ့ စည်းမဲ့ ကာလတစ်ခု ဖြတ်သန်းကြ
နှစ်ထောင့်ဆယ့်နှစ် မဏာမကကော
သို့လောသို့လော တစ်ဆို့တစ်ဆို့နဲ့ အဆုံးမသတ်နိုင်ခဲ့
ရွေ့နေတဲ့ သံချေးတက်ရထားကြီးဟာ
ဘီးချော်ပြီး ချောက်ထဲမကျအောင်ပဲ ဆုတောင်းရတော့မယ်။
အမျိုးသား သစ္စာဖြင့်
စောယောင့်သာအဲဆန်
၁၅.၃.၂ဝ၁၉