Home သတင်း မြဝတီမြို့ ‌ရေလယ်ကျွန်း‌ပေါ်တွင် ‌သေနတ်ကိုင်ရမ်းကား‌နေသူ ၃ ဦးကို ဖမ်းဆီး

မြဝတီမြို့ ‌ရေလယ်ကျွန်း‌ပေါ်တွင် ‌သေနတ်ကိုင်ရမ်းကား‌နေသူ ၃ ဦးကို ဖမ်းဆီး

3173

‌မေလ ၂ဝ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ်(၁) ရပ်ကွက် ‌ရေလယ်ကျွန်း‌ပေါ်တွင် ‌မေလ ၁၈ရက်‌နေ့ညက ‌သေနတ်ကိုင်ရမ်းကား‌နေသူ (၃)ဦးကို မြဝတီမြို့နယ် ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များပူး‌ပေါင်းကာ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

‌မေလ ၁၈ရက်‌နေ့က မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်းဦး‌ဆောင်‌သော ရဲတပ်ဖွဲ့များနှင့် မြဝတီခရိုင် မှုခင်း နှိမ်နင်း‌ရေးအဖွဲ့မှ ရဲတပ်ကြပ်‌မောင်ဝင်းတို့အဖွဲ့သည် နယ်‌မြေလုံခြုံ‌ရေးအတွက် လှည့်ကင်း‌ဆောင်ရွက်‌နေစဉ် ည ၁၁ နာရီခွဲအချိန်၌ မြဝတီ‌ရေလယ်ကျွန်း‌ပေါ်တွင် ‌သေနတ်ကိုင်ရမ်းကား‌နေ‌ကြောင်း သတင်း‌ပေးတိုင်တန်းလာသဖြင့် ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ နှင့်အတူ သွား‌ရောက်စိစစ်ခဲ့ရာ မြင့်‌ဆွေ(ခ)‌ရွှေဘ၊ သန်းနိုင်၊ ‌အောင်‌အောင် (ခ)‌ကော်ဗူးတို့ ၃ ဦးအား သက်‌သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့မရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ဖမ်းဆီးရာတွင် ၎င်းတို့ထံမှ ၉ မမကျည် (၆)‌တောင့်ပါ ကျည်အိမ်တပ်ဆင်ထား‌သော MA-5 ဘ‌ရောင်ဒင်ပစ္စတို‌သေနတ် (၁)လက်၊ ကျည် ၆ ‌တောင့်ပါ ဆုံလည်‌ခြောက်လုံးပြူး ၁ လက်၊ HUAWEI အမျိုးအစား ဖုန်းတစ်လုံးနှင့် Sony Ericsson အမျိုးစားဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့ဟု မြဝတီမြို့မရဲစခန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် လက်နက်ကိုင်‌ဆောင်ရမ်းကားသူ သုံးဦးအား မြဝတီရဲစခန်းက အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။