Home သတင်း ဖားအံတွင် ‌ခွေး‌လေ‌ခွေးလွင့်များကို ရှင်းလင်းသွားမည်

ဖားအံတွင် ‌ခွေး‌လေ‌ခွေးလွင့်များကို ရှင်းလင်းသွားမည်

2948

‌မေလ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၏မြို့‌တော် ဖားအံမြို့တွင် ‌ခွေး‌လေ‌ခွေးလွင့်များကို လာမည့် ဇွန်နှင့်ဇူလိုင်လ နှစ်လအတွင်း သုတ် သင် ရှင်းလင်းသွားမည်ဖြစ်‌ကြောင်း ဖားအံမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့ထံမှ ‌မေ ၂ဝ ရက်(ယ‌နေ့)တွင် သိရသည်။

ဖားအံမြို့ ရပ်ကွက် ၉ ခုစလုံးရှိ လူ‌နေထူထပ်‌သော‌နေရာများတွင် ပိုင်ရှင်မဲ့‌ခွေး‌လေ‌ခွေးလွင့်များကို ရှင်းလင်း သွားမည်ဖြစ်ပြီး လုပ်ငန်းရည်ရွယ်ချက်နှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှု‌ဆောင်အရာရှိ ဦး‌ဇော်လင်းထွန်းက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ပြည်သူ‌တွေရဲ့ အသက်အန္တရာယ်အတွက် စဉ်းစားပြီးလုပ်‌ဆောင်တာပါပဲ။ ‌ခွေး‌တွေများလာ‌တော့ ပြည်သူ‌တွေ အထူးသဖြင့် က‌လေးငယ်‌တွေ၊ ‌ဈေးဝယ်သူ‌တွေအတွက် အန္တရာယ်ဖြစ်လာတယ်။ ‌ခွေးရူး‌ရောဂါဖြစ်ပြီဆိုရင် ကု ရာနတ္ထိ‌ဆေးမရှိပဲ‌လေ။ ‌ခွေးကိုက်လို့ရှိရင် ‌နောက်ဆက်တွဲ ပြဿနာ‌တွေများတယ်။ ကျ‌နော်တို့က‌တော့ ဒီလို ( ရှင်းလင်း‌ရေး‌တွေ) မလုပ်ချင်‌ပေမယ့် ပြည်သူအတွက် တာဝန်အရလုပ်ရတာပါ↔ဟု‌ပြောသည်။

‌ခွေးများ အဓိက‌ပေါက်ဖွားသည့် မိုးတွင်းကာလ၌ လုပ်‌ဆောင်သွားမည့် ယခုစီမံချက်တွင် မြို့မ‌ဈေးကြီး၊ အမှတ် (၄)ရပ်ကွက် အစိုးရအဖွဲ့ရုံး၊ အ.ထ.က(၃) စသည့် လူ‌နေထူထပ်ပြီး လူသွားလူလာများ‌သော ‌နေရာများတွင် အဓိ ကထား ရှင်းလင်းလုပ်‌ဆောင်သွားမည်ဟု ဦး‌ဇော်လင်းထွန်းက ဆက်‌ပြောသည်။

ယခုလုပ်‌ဆောင်ချက်များတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များနှင့် ပြည်သူများပါ ပူး‌ပေါင်း ‌ဆောင်ရွက်သွားရန် အကူအညီ‌တောင်းသွားမည်ဖြစ်ပြီး ‌ခွေးပိုင်ရှင်များအ‌နေဖြင့် မိမိတို့၏ ‌ခွေးများကို စနစ် တကျ ထိန်းသိမ်းထားရန်လည်း အသံချဲ့စက်ဖြင့် ‌ကြေညာသွားဖြစ်‌ကြောင်း စည်ပင်တာဝန်ရှိသူများက ‌ပြော သည်။

‌ခွေးကိုက်ခံရမှုများ မကြာခဏ ဖြစ်‌ပေါ်လျက်ရှိ‌သော ဖားအံမြို့တွင် ယခုလို ‌ခွေး‌လေ‌ခွေးလွင့် သုတ်သင်ရှင်း လင်း‌ရေးလုပ်‌ဆောင်သည့်‌နေရာ၌ အသားများတွင်လိုအပ်‌သော‌ဆေးများထည့်ကာ ‌ခွေးများကို ‌ကျွေးသည့် နည်းလမ်းများဖြင့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ဖားအံမြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ထံမှ သိရသည်။

‌ခွေး‌လေ‌ခွေးလွင့် ရှင်းလင်း‌ရေးနှင့်ပတ်သက်၍ ဖားအံမြို့တွင်‌နေထိုင်‌နေသူ ‌စောဖိုးသားက “ဝမ်းသာပါတယ်။ မဟုတ်ရင် ပြည်သူ‌တွေဒုက္ခ‌ရောက်မယ်။ ကိုယ်ဆိုင်ကယ်‌မောင်းတဲ့အချိန်ဆိုလည်း ‌ခွေး‌တွေက လမ်းကိုဖြတ် ချင်သလို လိုက်ဖြတ်‌နေ‌တော့ သူတို့ကိုတိုက်မိပြီး ဆိုင်ကယ်‌မှောက်တာ‌တွေလည်း ဖြစ်‌နေတယ်”ဟု ‌ပြော သည်။

ယခုလို ‌ခွေး‌လေ‌ခွေးလွင့် သုတ်သင်ရှင်းလင်း‌ရေးလုပ်ငန်းသည် ဖားအံမြို့တွင်သာ ဖြစ်ပြီး ကရင်ပြည်နယ်၏ အခြား‌သော‌နေရာများတွင် လုပ်‌ဆောင်ရန် မရှိ‌သေး‌ကြောင်း ဖားအံမြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ထံမှ သိ ရသည်။