Home သတင်း KWEG အဖွဲ့၏ ‌ခေတ်သစ်နည်းစနစ်ဖြင့် စမ်းသပ်စပါးစိုက်ပျိုးမှု အမျိုးသမီး‌တောင်သူများ ပိုစိတ်ဝင်စားလာ

KWEG အဖွဲ့၏ ‌ခေတ်သစ်နည်းစနစ်ဖြင့် စမ်းသပ်စပါးစိုက်ပျိုးမှု အမျိုးသမီး‌တောင်သူများ ပိုစိတ်ဝင်စားလာ

2225

မတ် ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ -KWEGမှ ဦးစီးပြီး ကရင်ပြည်နယ်ရှိ ‌ကျေး ရွာများတွင် လုပ်‌ဆောင်‌ပေး‌နေသည့် စမ်းသပ်စိုက်ပျိုး စပါးစိုက်ကွက်များမှတစ်ဆင့် စပါးထွက်နှုန်း ‌အောင်မြင်မှု များ ရှိ‌နေသည့်အတွက် ‌ကျေးလက်‌နေအမျိုးသမီးများ၏ စိတ်ဝင်စားမှုမြှင့်တက်‌နေ‌ကြောင်း KWEG တာဝန်ရှိသူ များက ‌ပြောသည်။

KWEGမှ အသက်‌မွေးဝမ်း‌ကျောင်းအလုပ်တစ်ခုဖြစ်သည့် လယ်ယာလုပ်ငန်းကို အမျိုးသမီး‌တောင်သူ များအ ‌နေဖြင့် နည်းစနစ်တကျ စိုက်ပျိုး တတ်‌စေရန်ရည်ရွယ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ကာ ကရင်ပြည်နယ်ရှိ ‌ကော့ကရိတ်၊ လှိုင်းဘွဲနှင့် ဖားအံစသည့် မြို့နယ် ၃ မြို့နယ်တွင် စမ်းသပ်စပါးစိုက်ကွက်များ လုပ်‌ဆောင်‌ပေးခဲ့ ခြင်းဖြစ်သည်။

“ အမျိုးသမီးဦး‌ဆောင်‌တောင်သူ‌တွေကို နည်းစနစ်မှန်စပါးစိုက်တတ်ဖို့ လက်‌တွေ့ သင်တန်း‌တွေ‌ပေးတယ်။ အခု ဆိုရင် အဲဒီဦး‌ဆောင်‌တောင်သူ‌တွေကလည်း သူတို့လုပ်တတ်လာပြီ။ တချို့လည်း ‌အောင်မြင်မှု‌တွေရှိလို့ ဒီလို စိုက်ပျိုးရတာကို စိတ်ဝင်စားလာပြီ။ သူတို့ရဲ့လုပ်‌ဆောင်မှု‌တွေကိုအ‌လေအလွှင့်မရှိဘဲ ထုတ်ကုန်‌တွေကို‌ဈေး ကွက် တစ်ခုအထိ‌ရောက်ဖို့ ရည်ရွယ်‌ပေးထားတယ်” ဟု KWEG ဒါရိုက်တာ ‌နော်သက်သက်ထွန်းက ‌ကေအိုင်စိ သို့ ‌ပြောသည်။

အဆိုပါ စမ်းသပ်စပါးစိုက်ပျိုးခြင်းကို ကရင်ပြည်နယ် မြို့နယ် ၃ မြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၂ဝ တွင် စီမံ ကိန်းတစ်ခုအ‌နေဖြင့် ချမှတ်ကာ အထွက်တိုးစပါးမျိုး‌စေ့များအပြင် စနစ်တကျစိုက်ပျိုးတတ်‌စေ‌ရေးအတွက် စိုက်ပျိုး‌ရေး နည်းစနစ်များကိုပါ ပံ့ပိုးကူညီမှုများလုပ်‌ဆောင်‌နေခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ‌နေထိုင်သူ ‌တောင်သူလယ်သမားအများစုမှာ လယ်ယာလုပ်ငန်းဖြစ်သည့် စပါးစိုက် ပျိုးခြင်းကိုသာမက အခြား‌သော သီးနှံစိုက်ပျိုးမှုများကို ယခင်က သမာရိုးကျစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုး ခဲ့ကြခြင်းဖြစ်ပြီး သဘာဝ‌ဘေးဒဏ်‌ကြောင့် မကြာခဏ ပျက်စီးဆုံးရှုံးမှုများ ‌တွေ့ကြုံခဲ့ရသည်ဟုလည်း ‌ဒေသခံ ‌တောင်သူများက ‌ပြောဆိုသည်။

လှှိုင်းဘွဲမြို့နယ် ကြာအင်း‌ကျေးရွာမှ နန်းစန်းစန်းသွင်က “စပါးစိုက်တာ စိုက်ကွက်အားလုံး‌တော့မ‌ကောင်းဘူး။ ‌ရေကြီး‌တော့ စပါး‌သေတာလည်း ကြုံခဲ့တာရှိတယ်။။ နည်းစနစ်နဲ့စိုက်‌တော့ တချို့ကမ‌တွေ့ဖူးဘူး ။ အဲဒီအားနည်း ချက်ကိုပဲ အမျိုးမျိုး‌ပြောတာရှိတယ်။ ကိုယ်‌တွေ အားမငယ်ဘူး။ နည်းစနစ်တစ်ကျသင်ပြ‌ပေးတဲ့ဆရာသမားရှိ ‌တော့ ဆက်လုပ်တယ်။ တစ်ချို့ဆိုရင် စပါးထွက်တိုး ၁ တင်းစိုက်ရင် ၃ဝ ‌ကျော်အထိပြန်ရတာလည်းရှိတယ်။ ဒါကို ကျန်တဲ့ ‌တောင်သူတချို့ စိတ်ဝင်စားမှုရှိလာတာ‌တွေ့ရတယ်” ဟုနန်းစန်းစန်းသွင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

ထို့အပြင် အမျိုးသမီးများကိုယ်တိုင် ဦး‌ဆောင်သည့် စမ်းသပ်စပါးစိုက်ကွက်တွင် စပါးထွက်တိုးစိုက်ကွက်နှင့် စပါး မျိုး‌ကောင်းမျိုးသန့် ထုတ်လုပ်စိုက်ကွက်ဟူ၍ ခွဲခြားထားပြီး စပါးမျိုး‌စေ့ထုတ်စိုက်ကွက်တွင် သတ်မှတ်ထား သည့် မျိုး‌စေ့စံနှုန်းများ‌အောင်မြင်မှုရှိသည်ဟု KWEG အဖွဲ့က ‌ပြောသည်။
စမ်းသပ်စပါးကွက်များ စိုက်ပျိုးရာတွင် KWEGမှ စိုက်ပျိုး‌ရေးနည်းပြ ‌စောမူးလျား‌ဝေါ်က “ အခု‌ခေတ်က မိရိုး ဖလာပဲ စပါးစိုက်ပျိုးရင် လယ်‌မြေကလည်း အရင်လိုသဘာဝ‌မြေဩဇာ သိပ်မရ‌တော့ဘူး။ အဲဒါ‌ကြောင့် ‌ခေတ် သစ်နည်းစနစ်မှန်မှန်စိုက်ပျိုးမှ အဆင်‌ပြေမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KWEG အ‌နေဖြင့် လက်ရှိအချိန်တွင် ‌ကျေးလက်‌နေ ‌တောင်သူအမျိုးသမီးများ လူမှုဘဝဖွံ့ဖြိုးတိုး တက်‌စေရန်အ တွက်ရည်ရွယ်ပြီး ‌ခေတ်သစ်နည်းစနစ်နှင့် စပါးစိုက်ကွက်များ ‌ဖော်‌ဆောင်‌ပေးခြင်း၊ ကရင်အမျိုးသမီးများ အ တွက် ‌ငွေစု‌ငွေ‌ချေးလုပ်ငန်းများ လုပ်‌ဆောင်‌ပေးခြင်း၊ ‌ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ တိုးတက်ရရှိ‌ရေး အတွက် ‌ဖော်‌ဆောင် ‌ပေးခြင်းအပြင် အမျိုးသမီးအခွင့်အ‌ရေးများလုပ်‌ဆောင်‌ပေး‌နေသည့် ကရင်အမျိုးသမီးအဖွဲ့ လည်း ဖြစ်သည်။