မတ်လ ၄ ရက်၊ ၂ဝ၁၉ခုုနှစ်။ ကေအုိုင်စီ
ထုိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုုက္ခသည်စခန်းတစ်ခုုဖြစ်သည့် နုို့ဖုိုးဒုုက္ခသည်စခန်းတွင် ယနေ့ (မတ်လ ၄ နေ့လည်ပုိုင်း တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ လူနေအိမ် ၅ဝကျော် မီးလောင်ပျက်စီးခဲ့ပြီး ထိခုိုက်မှုရှိသည်ဟုု စခန်းနေ ဒုုက္ခသည်များ၏ ပြောပြချက်အရ သိရသည်။
ဒုုက္ခသည်တစ်ဦးက “ရပ်ကွက် ၁၆ မှာလောင်တာ၊ နေ့လည်လောက် မီးက စလောင်ပြီး မွန်းလွဲ ၂နာရီအထိပေါ့။ လေက ရပ်ကွက်ထဲ ဘက်ကိုု မတုိုက်ပဲနဲ့ လမ်းမကြီးဘက်တုိုက်လုို့ လမ်းမကြီးဘက်က အိမ်တွေအကုုန်ပါသွားတယ်။ ရပ်ကွက် B ဘက်က ၁၂ လုုံး။ A ကတော့ ၄ဝ ကျော် လောင်သွားတယ်။ ရပ်ကွက်ဘက်က မီးကူးရင်တော့ ဒီထက် ပုိုများနုိုင် တယ်။ ထိခုိုက်မှုတော့ရှိတယ်လုို့ ပြောတယ်”ဟုု ကေအုိုင်စီသုို့ ပြောသည်။
အဆုိုပါ မီးလောင်ကျွမ်းမှုမှာ လူနေအိမ်တစ်အိမ်က စတင်လောင်ကျွမ်းခဲ့သည်ဟုု သိရသော်လည်း လောင်ကျွမ်းရ သည့် အကြောင်းအရင်းကိုု အတိအကျ မသိရှိရသေးဘဲ လူသုုံးကုုန်ပစ္စည်းများ ပျက်စီးဆုုံးရှုံးမှုအချို့ရှိသလုို ကြက်၊ ဝက် စသည့် အိမ်မွေးတိရိစာ္ဆန်များ သေဆုုံးမှုသည်ဟုု ၎င်းက ဆက်ပြောသည်။
နောက်ဆုုံး ရရှိသည့် သတင်းအရ လက်ရှိတွင် လူနေအိမ် ၅၈ လုုံး မီးလောင်ကျွမ်းသွားပြီး နေအိမ်မီးထဲပါသွားသည့် ဒုုက္ခသည်များကိုု စခန်းတာဝန်ရှိသူများနှင့် စခန်းလုုံခြုံရေးကိုု တာဝန်ယူနေပေးသည့် ထုိုင်းစခန်းလုုံခြုံရေးအဖွဲ့များက စာရင်းလုိုက်လံပြုစုုကာ နေရပ်ချပေးထားမှုများ လုုပ်ဆောင်လျက်ရှိသည်ဟုု သိရသည်။
နုို့ဖုိုးဒုုက္ခသည်စခန်းသည် ထုိုင်း-မြန်မာနယ်စပ် တာ့ခ်ခရုိုင်၊ အုုန်းဖန်မြို့နယ်၊ အုုန်းဖန်မြို့၏ တောင်ဘက်တွင်ရှိပြီး လူဦး ရေ တစ်သောင်းကျော် ခုိုလှုံလျက်ရှိကြောင်း ကရင်ဒုုက္ခသည်ကော်မတီ(KRC)၏ စာရင်းအရ သိရသည်။
ယခုုလုို နွေရာသီရောက်တုိုင်း ထုိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုုက္ခသည်စခန်းများတွင် မီးလောင်ကျွမ်းမှု နှစ်စဉ်လုိုလုို ဖြစ်ပွားခဲ့လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် အလားတူ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၅၆၆လုံးနှင့် မူကြိုကျောင်း ၂ ကျောင်း မီးလောင်ကျွမ်းကာ မီးကူးစက်မည်စိုး၍ အိမ် ခြေ ၅၁၅လုံး ဖျက်ဆီးပစ်ခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သေးသည်။



















