Home သတင်း မအူပင်မြို့နယ်တွင် ပိုးကရင်စကား‌ပြောသင်တန်း ဖွင့်လှစ်သင်ကြားမည်

မအူပင်မြို့နယ်တွင် ပိုးကရင်စကား‌ပြောသင်တန်း ဖွင့်လှစ်သင်ကြားမည်

4701

မတ်လ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ကရင်လူမျိုးများ၏ တဖြည်းဖြည်း‌ပျောက်ကွယ်လာ‌နေ‌သော မိခင်ဘာသာစကားကို ပြန်လည်‌ပြောတတ်လာ ‌စေရန် ရည်ရွယ်သည့် ပိုးကရင်စကား‌ပြောသင်တန်းတစ်ခုကို လာမည့် မတ်လ ၂၃ရက်‌နေ့တွင် ဧရာဝတီတိုင်း ‌ဒေသကြီး မအူပင်မြို့နယ်၊ ‌ရွှေ‌သောင်‌မြေ‌ကျေးရွာ၌ ထပ်မံဖွင့်လှစ်သင်ကြား‌ပေးမည်ဖြစ်‌ကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်မှ စတင်ကာ ၎င်း‌ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ‌ကျေးရွာသူ ‌ကျေးရွာသားများ ၊ ကရင့်အ‌ရေး တက်ကြွ လှုပ်ရှားသူများ၏ ကြိုးပမ်းမှုများဖြင့် ဖွင့်လှစ်သင်ကြား‌ပေးသည့် အဆိုပါ ကရင် စကား‌ပြောသင်တန်းကို ယခု‌နေရာတွင် ဒုတိယအကြိမ် ‌မြောက်ဖွင့်လှစ်သင်ကြား‌ပေးခြင်းဖြစ်သည်ဟုလည်း သိရသည်။
သင်တန်းဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူ တစ်ဦးဖြစ်သည့် မန်း‌မောင်‌ဇော်က“ကိုယ့်ကရင်စာကို‌တော့ မြတ်နိုး‌ပေမဲ့ လည်း မတတ်တဲ့ အခါကျ‌တော့ စကား‌လေး ‌ပြောတတ်ရင် မနည်းဘူး‌လေ။ ကိုယ့်စကားတတ်တဲ့အခါကျ‌တော့ ကိုယ့်လူမျိုးကို ပိုပြီး‌တော့ မြတ်နိုးလာမယ်။ ‌လေးစားလာမယ်။ ကိုယ့်ယဉ်‌ကျေးမှု အ‌မွေအနှစ် ‌တွေ‌ရော ပိုပြီး‌တော့ ထိန်းသိမ်းလာမယ်။ အဲ့ဒါ‌ကြောင့် တတ်နိုင်တဲ့ ဘက်က‌နေ က‌လေး‌တွေ ‌ပြောတတ်‌အောင် သင်တန်း လုပ်‌ပေးတာပါ”ဟု ‌ပြောသည်။
အိမ်‌ခြေ ၂၃၀‌ကျော် ရှိပြီး ကရင်လူဦး‌ရေအများစု ‌နေထိုင်‌နေသည့် ‌ရွှေ‌သောင်‌မြေ‌ကျေးရွာအ‌နေဖြင့် ကရင် အမျိုးသားနှစ်သစ်ကူး‌နေ့ကို နှစ်‌ပေါင်း ၅ဝ ‌ကျော်ကြာ ကျင်းပလာခဲ့‌သော်လည်း လက်ရှိ၎င်း‌ကျေးရွာတွင် ‌နေ ထိုင်‌နေသည့် သက်ကြီးပိုင်းကရင်လူမျိုး ၉ ဦး‌လောက်သာ ကရင်စကား‌ပြောဆိုနိုင်သည်ဟု ‌ဒေသခံများ၏ ‌ပြော ပြချက်များအရ သိရသည်။
မတ်လ ၂၃ရက်မှ ဧပြီလ ၆ရက်‌နေ့အထိ ၁၅ ရက်တာ သင်ကြား‌ပေးမည့် ယခုသင်တန်းကိုပန်းတ‌နော်မှ ကရင်ဆရာ‌တော်တစ်ပါးဖြစ်သည့် ̔မန်း‌တော̕ ပန်းတ‌နော်မှ လာ‌ရောက် သင်ကြားပို့ချ‌ပေးမည်ဖြစ်ကာ အဆိုပါ သင်တန်းတွင် အ‌နောက်ပိုးကရင် စကား‌ပြောတစ်ခုတည်းကိုသာ အဓိကထား သင်ကြား‌ပေး မည်ဖြစ်သည်ဟု သိရသည်။
သင်တန်းဆရာ မန်း‌တော ပန်းတ‌နော်က“တစ်ရက်ကို သင်ရိုး တစ်ရွက်စီနဲ့ ၁၅ရက်သင်မယ်။ သူတို့ အကုန်လုံး မ‌ပြောတတ်သွားဘူးဆိုရင်‌တောင်မှ ရွှီးလို့ရမယ်။ သူများ ကရင်လို တစ်ခွန်း‌ပြောရင် နားမလည်ရင်‌တောင်မှ နား လည်သလို လိုက်‌ပြောရဲလာမယ်။ ပါးစပ်ရဲသွားမယ်။ အဲ့‌လောက်ဆို စကားတတ်ဖို့ လုံ‌လောက်ပြီ။ ကျန်တာ က‌တော့ ဆက်ပြီး‌တော့ ‌လေ့လာရုံပဲ ကျန်‌တော့တာ‌လေ” ဟု မိန့်ကြားသည်။
မြစ်ဝကျွန်း‌ပေါ်တွင် ‌နေထိုင်သည့် ကရင်လူမျိုးများတွင် ကရင်စကား‌ပြောတတ်သူ တဖြည်းဖြည်း ‌လျော့နည်း လာသည့်အတွက် ကရင်ရဟန်း‌တော်များ၊ စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီများမှ ဦး‌ဆောင်ပြီး ကရင်နှင့်မြန်မာ ဘာသာများ ပါဝင်သည့် ပိုးကရင်စကား‌ပြော သင်ရိုးညွှန်းတမ်းစာအုပ်များထုတ်‌ဝေကာ ဧရာဝတီတိုင်း ‌ဒေသကြီး အတွင်းရှိ ကရင်စကားမ‌ပြောတတ်သည့် ‌ကျေးရွာများတွင် စကား‌ပြောသင်တန်းများ ဖွင့်လှစ် သင်ကြား‌ပေး ‌နေ မှုများလည်း ရှိခဲ့သည်။