Home သတင်း ကြာအင်း‌တောင်သို့ ကားဖြင့်အလွယ်တကူသွားနိုင်မည့် ကွန်ကရစ်လမ်း စတင်ဖွင့်လှစ်

ကြာအင်း‌တောင်သို့ ကားဖြင့်အလွယ်တကူသွားနိုင်မည့် ကွန်ကရစ်လမ်း စတင်ဖွင့်လှစ်

2254

မတ်လ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ရှိ ကြာအင်း‌တောင်‌ပေါ်သို့ ခရီးသွားပြည်သူများ အလွယ်တကူသွား ‌ရောက်နိုင်ရန် အတွက် ‌တောင်က‌လေးဆရာ‌တော် ဦးစီးညွှန်ကြားမှုဖြင့် ‌ဖောက်လုပ်သည့် ကြာအင်း‌တောင်တက် ကွန် ကရစ် လမ်းဖွင့်ပွဲကို ယ‌နေ့ (မတ်လ ၂ဝ ရက်) ဖားအံမြို့အမှတ် ၉ ရပ်ကွက်ရှိ ကြာအင်း‌တောင်‌ခြေတွင် အခမ်းအနားဖြင့် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယခုဖွင့်လှစ်လိုက်သည့် ကြာအင်း‌တောင်တက်လမ်းကို ‌တောင်က‌လေးဆရာ‌တော်အရှင် ‌ဒေါက်တာပညာသာ မိ ကိုယ်တိုင်ဦး‌ဆောင်ပြီး တပြည့်ဒါယိကာများ၏ လှူဒါန်း‌ငွေများ လုပ်အားများဖြင့် ယခင်ရှိပြီးသား‌မြေသား လမ်းကို ပြန်လည်ပြုပြုင်ကာ ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်း‌ဖောက်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။


ဆရာ‌တော်၏ တပြည့်ဒါယိကာတစ်ဦးဖြစ်သူ ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ အတွင်း‌ရေးမှူး ‌စောကြည်လင်းက “ ဒီလမ်းကို ဆရာ‌တော်ကပဲ ကိုယ်တိုင်ဦးစီးညွှန်ကြားပြီး ‌ဖောက်လုပ်ကြတာပါ။ ကုန်ကျမှုက‌တော့ ဘိလပ်‌မြေ၊ သဲ၊ ‌ကျောက်အတွက်ပဲ ကုန်ကျပါတယ်။ ဒါယိကာ၊ ဒါယိကာမ‌တွေက‌တော့ လုပ်အား နဲ့ကုသိုလ်ယူ ဝိုင်းဝန်းကြ တာ‌ပေါ့။ အစိုးရနဲ့လည်းမသက်ဆိုင်သလို ဘာမှလည်းပံ့ပိုးတာမျိုးလည်းမရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လမ်းအလျား အရှည် ၁ မိုင်ခန့် ၊ အကျယ် ၁၅ ‌ပေနှင့် ၆ လက်မထုထည်ရှိသည့် ကြာအင်း‌တောင်တက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်‌နေ့မှစတင်ကာ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်‌နေ့တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီး‌မြောက်သည်ဟု သိရသည်။

‌ခြေလျင်ဖြင့်တစ်နာရီအကြာ တက်‌ရောက်ရသည့် ကြာအင်း‌တောင်လမ်း ‌ဖောက်လုပ်ပြီးစီးပြီဖြစ်သည့် အတွက် ကားဖြင့် အတက်၊ အဆင်း အလွယ်တကူတက်‌ရောက်နိုင်သည့်အပြင် ‌တောင်ထိပ်မှ ‌နေ၍ ဇွဲကပင်‌တောင် အလှ၊ သံလွင်မြစ်အလှနှင့် ဖားအံမြို့အလှကို ကြည့်ရှုခံစားနိုင်‌တော့မည်လည်း ဖြစ်သည်။