Home သတင်း ဖားအံမြို့ နိုင်ငံတကာအမျိုးသမီးများ‌နေ့ အစီအစဉ် ‌ပြောင်းလဲမှုအ‌ပေါ် ‌ဝေဖန်မှုများရှိခဲ့

ဖားအံမြို့ နိုင်ငံတကာအမျိုးသမီးများ‌နေ့ အစီအစဉ် ‌ပြောင်းလဲမှုအ‌ပေါ် ‌ဝေဖန်မှုများရှိခဲ့

3292

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ အခမ်းအနားကို ဖားအံမြို့တွင် မတ်လ ၈ရက်(ယမန်‌နေ့)က ကျင်းပခဲ့ရာ အမျိုးသမီးနှင့် သက်ဆိုင်သည့် စကားရည်လုပွဲ (DEBATE) ‌ခေါင်းစဉ်အစား အခြား‌ခေါင်းစဉ်တစ်ခု ‌ပြောင်းလဲကျင်းပလိုက်ရခြင်းသည် အမျိုး သမီးအခွင့်အ‌ရေး ပိတ်ပင်မှုဖြစ်‌စေသည်ဟု တက်‌ရောက်လာ‌သော အမျိုးသမီးအဖွဲ့များက ‌ဝေဖန်‌ပြောဆိုခဲ့သည်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး INGO နှင့် အရပ်ဖက် အဖွဲ့အစည်းများ ပူး‌ပေါင်းကျင်းပသည့် အဆိုပါပွဲတွင် ယခင် ထည့်သွင်းထားခဲ့‌သော အစီအစဉ်များထဲမှ “အမျိုးသမီးနှင့် ဆုံးဖြတ်ချက်ချခြင်း”‌ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် စကားရည်လုပွဲ Debate ကို စီစဉ်ထားခဲ့‌သော်လည်း ပွဲကျင်းပချိန်‌ရောက်ခါနီးတွင် Debate အစီအစဉ်မထည့်‌တော့ဘဲ အခြား‌ခေါင်းစဉ် ‌ပြောင်း လဲလိုက်ရသည့်အတွက် တက်‌ရောက်လာကြသည့် အမျိုးသမီးအဖွဲ့ကိုယ်စားလှယ်များက ‌ဝေဖန်လိုက်ခြင်းဖြစ်သည်။

ပွဲဖြစ်‌မြောက်ရာတွင် ပူး‌ပေါင်းပါဝင်သည့် အမည်မ‌ဖော်လိုသူ NGO အဖွဲ့တစ်ခုမှ အမျိုးသမီးတာဝန်ခံတစ်ဦးက “Debate အစီအ စဉ်ကို ဒီပွဲမှာ မထည့်‌တော့ဘူးလို့ တစ်ချက်မှ ‌ပြောလာတာမရှိဘူး။ အခမ်းအနား အစီအစဉ်ကလည်း အားလုံးပူး‌ပေါင်းပြီး ဆွဲ တယ်။ ပွဲကျင်းပဖို့ ၃နာရီအလိုမှ အခမ်းအနား အစီအစဉ်ပြန်ကြည့်‌တော့ အဲဒီအစီအစဉ်တစ်ခုက မပါ‌တော့ဘူး။ ဖိတ်ထားတဲ့ Debate မှာ ပါတဲ့လူ‌တွေကို အားနာစရာ‌တွေဖြစ်လာတယ်။ အဲဒီအစီအစဉ်အတွက် အချိန်ကုန်ပြီး စီစဉ်ထားတယ်။ ‌မျှော်လင့် ထားတယ်။ တစ်ဖက်လှည့်နဲ့ ကျမတို့ အမျိုးသမီးအခွင့်အ‌ရေးကို ပိတ်တယ်လို့ခံစားရတယ်”ဟု ‌ပြောသည်။

ထိုအခမ်းအနားကို ယမန်‌နေ့ ည‌နေ ၆နာရီမှ ၉နာရီအထိ ဖားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနား အစီ အစဉ်အရ ယခင် ‌ရေးဆွဲအတည်ပြုထားခဲ့သည့် Debate ‌ခေါင်းစဉ်‌နေရာတွင် “အမျိုးသမီးနှင့် စီးပွား‌ရေး”၊ “အမျိုးသမီးနှင့် နိုင်ငံ‌ရေး”၊ “ငြိမ်းချမ်း‌ရေး ‌ဟော‌ပြော‌ဆွေး‌နွေးခြင်း” အစီအစဉ်ဖြင့် ‌ပြောင်းလဲလိုက်ခြင်းဖြစ်‌ကြောင်း သိရသည်။

“စကားရည်လုပွဲ လုပ်ရမှာဆို‌တော့ အရမ်းစိတ်လှုပ်ရှားတယ်။ အများကြီး စီစဉ်ထားပြီးမှ ပွဲ‌ရောက်ခါနီး ဖျက်လိုက်‌တော့ အစီအ စဉ်ထဲမှာ ပါတဲ့ ဆရာ၊ ဆရာမကိုလည်း အားနာတယ်။ ဒါဟာ ကျမတို့အမျိုးသမီး အခွင့်အ‌ရေးဆုံးရှုံးမှုထက် စိတ်မ‌ကောင်း‌စေတဲ့ အရာ ဖြစ်ခဲ့ရတယ်။”ဟု Debate အစီအစဉ်ထဲတွင် ပါဝင်သူ သံ‌တောင်ကြီး အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ‌နော်မာမာချိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့သည် သမိုင်း‌ကြောင်းအရ ကမ္ဘာ့နိုင်ငံများရှိ အမျိုးသမီးများ၏ အခွင့်အ‌ရေးများ ‌တောင်း ဆိုသည့် ‌နေ့တစ်‌နေ့ဖြစ်‌သော်လည်း ယခုဖြစ်စဉ်‌ကြောင့် မိမိတို့ကိုယ်တိုင် အခွင့်အ‌ရေး ဆုံးရှုံးသည်ဟု ခံစားရ ‌ကြောင်းလည်း ‌နော်မာမာချိုက ဆက်‌ပြောသည်။

ယင်းအခမ်းအနား အစီအစဉ်နှင့်ပတ်သက်၍ ဦး‌ဆောင်ကျင်းပသူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက “Debate အစီအစဉ်ကို ဖျက်လိုက်တာ မဟုတ်ဘူး။ Debate ထည့်ရင် အခမ်းအနားက ကြာသွားမှာစိုးလို့ က‌လေး‌တွေ ဆယ် တန်းစာ‌မေးပွဲရှိတဲ့အခါကျ‌တော့ ‌စော‌စောပြီး‌စေချင်လို့ အချိန်ကို ချုပ်လိုက်တာပါ။ အချိန်ကြာမှာစိုးလို့ Debate ပဲ မလုပ်‌တော့ တာပါ။ ‌ဟော‌ပြောခွင့်‌တော့ ‌ပေးထားပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ တက်‌ရောက်အမှာစကား‌ပြောကြားခြင်း၊ ‌ဖျော်‌ဖြေပွဲ၊ ‌ဟော‌ပြောပွဲနှင့် ဉာဏ်စမ်း အ‌မေးအ‌ဖြေ အစီအစဉ်များအပြင် အမျိုးသမီးများ‌နေ့ အထိမ်းအမှတ်ကျင်းပသည့် ‌ဘောလုံးပြိုင်ပွဲ၊ ‌ဆောင်းပါးပြိုင်ပွဲဆုများ ချီးမြှင့်ခြင်းနှင့် ထူးချွန်သည့် အမျိုးသမီးများဆု ချီးမြှင့်ခြင်းအစီအစဉ်နှင့်အတူ အမျိုးသမီးအဖွဲ့ ‌ဈေး‌ရောင်းပွဲများလည်း ပါဝင် သည်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကာ INGO အဖွဲ့အစည်းများ၊ ‌ဒေသအ‌ခြေစိုက် အရပ်ဖက်အဖွဲ့များနှင့် အမျိုးသ မီးအဖွဲ့ စုစု‌ပေါင်း ၁၇ဖွဲ့ ပူး‌ပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်‌တော်ဥက္ကဌနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် အမျိုးသမီးဦး‌ရေ ၇၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။