Home သတင်း ပိုးနှင့် စ‌ကောကရင် ပထမတန်းသင်ရိုး အတည်ပြုပွဲလုပ်မည်

ပိုးနှင့် စ‌ကောကရင် ပထမတန်းသင်ရိုး အတည်ပြုပွဲလုပ်မည်

1899

မတ် ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင်သင်ကြားရန် ကရင်စာ‌ပေသင်ရိုးဖြစ်‌မြောက်‌ရေး‌ကော်မတီက ‌ရေးဆွဲပြီးစီး သွားပြီးဖြစ်သည့် ပိုးနှင့် စ‌ကောကရင် ပထမတန်းသင်ရိုး အတည်ပြုပွဲအခမ်းအနားကို ပုသိမ်နှင့် ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဟု ‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။
ပထမတန်း ပိုးကရင်(ဖလုံး) သင်ရိုးအတည်ပြုခြင်း အခမ်းအနားကို ပုသိမ်မြို့၌ မတ် ၁၉ ရက်‌နေ့တွင် ပြုလုပ် သွားမည်ဖြစ်သလို အလားတူ စ‌ကောကရင်သင်ရိုးအတည်ပြုခြင်းအခမ်းအနားကို မတ် ၂၅ ရက်‌နေ့တွင် အလုံ မြို့နယ်ရှိ၊ ကရင်အဘိဓါန်ပြုစု‌ရေး ရုံးခန်းအ‌ပေါ်ထပ်၌ ပြုလုပ်သွားမည် ဖြစ်သည်။
ကရင်စာ‌ပေသင်ရိုးဖြစ်‌မြောက်‌ရေး ‌ကော်မတီအတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ” သင်ရိုးက ကိုယ့် ဘာသာ ကိုယ်လုပ်တယ်ဆိုပြီး ဖြစ်မှာစိုးလို့ အခုလိုအတည်ပြုပွဲလုပ်မှာပါ။ တိုင်းနဲ့ ပြည်နယ်အလိုက် စာ‌ပေယဉ်‌ကျေးမှု ‌ကော်မတီ‌တွေကိုဖိတ်တာ‌ပေါ့။ ပိုးကရင်၊ စ‌ကောကရင် စာ‌ပေကျွမ်းကျင်သူ‌တွေ လာ‌ရောက်ပီး‌တော့ ‌ဆွေး‌နွေး ‌မေးမြန်း အတည်ပြုနိုင်ပါတယ်” ဟု‌ကေအိုင်စီသို့ ‌ပြောသည်။
ယခုလို ပိုး၊ စ‌ကောကရင် ပထမတန်း သင်ရိုးအတည်ပြုပြီးပါက လာမည့် ဧပြီလ ၄ ရက်မှ ၁၁ ရက်ထိ ပုသိမ်မြို့ ၌ ပိုးကရင် သင်ရိုး ဆရာဖြစ်သင်တန်းဖွင့်လှစ်မည်ဖြစ်သလို စ‌ကောကရင်သင်ရိုး ဆရာဖြစ်သင်တန်းကို ဧပြီ ၈ ရက်မှ ၁၉ ရက် ‌နေ့ထိ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဟု ‌ကော်မတီထံမှ သိရသည်။
ကရင်စာသင်ရိုး ဖြစ်‌မြောက်‌ရေး‌ကော်မတီနှင့် ပြုစု‌ရေးဆွဲ‌ရေးအဖွဲ့ကို ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ငါးခုရှိ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများမှ ကိုယ်စားလှယ်များ၊ နယ်ပယ်စုံ ကရင်စာ‌ပေကျွမ်း ပညာရှင်များ ပါဝင် သည့် ရန်ကုန်မြို့တွင် ၂၀၁၈၊ ဇူလိုင် ၂၇ မှ ၂၈ ရက်‌နေ့ ထိ ပြုလုပ်ခဲ့‌သော ကရင်စာ‌ပေသင်ရိုး အလုပ်ရုံ ‌ဆွေး‌နွေးပွဲ အပြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။