Home သတင်း တိုးချဲ့ထား‌သော ဇွဲကပင်‌တောင်‌စေတီ ရင်ပြင်‌တော်ကို တ‌ပေါင်းပွဲ‌တော်အမှီ မဖွင့်လှစ်နိုင်

တိုးချဲ့ထား‌သော ဇွဲကပင်‌တောင်‌စေတီ ရင်ပြင်‌တော်ကို တ‌ပေါင်းပွဲ‌တော်အမှီ မဖွင့်လှစ်နိုင်

2909

မတ်လ ၁၆ရက်၊ ၂၀၁၉ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ဇွဲကပင်‌တောင် ‌စေတီရင်ပြင်‌တော် တိုးချဲ့လုပ်ငန်းကို လာမည့် တ‌ပေါင်းလပြည့် ဘုရားပွဲ‌တော်တွင် အပြီးသတ် ‌ဆောင်ရွက်ရန် စီစဉ်ထား‌သော်လည်း ‌ဆောက်လုပ်‌ရေးလုပ်ငန်းမပြီး‌သေးသည့်အတွက် ပွဲ‌တော်အမှီ ဖွင့်လှစ်နိုင်မည်မဟုတ်‌ကြောင်း ရင်ပြင်‌တော်တိုးချဲ့‌ရေး ဦး‌ဆောင်သူ ဇွဲကပင်‌ဂေါပကအဖွဲ့ ဥက္ကဌ ‌စောသာမြ‌အောင်က ‌ပြောသည်။

‌စောသာမြ‌အောင်က “အခုလာမယ့် တ‌ပေါင်းပွဲ‌တော်ရက်မှာ မဖွင့်နိုင်‌သေးဘူး။ အလုပ်အစသတ် မပြီးတတ်‌သေးလို့ မဖွင့်တာ။ ဆက်လုပ်ရအုံးမယ်‌လေ။ ခိုင်ခံ့‌အောင်၊ စိတ်ချရဖို့အတွက် ဘာညာ လုပ်ကိုင်စရာ ရှိ‌သေးတယ်။ လဝက်‌လောက် လိုအုံးမယ်လို့ ခန့်မှန်းထားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဇွဲကပင်‌တော်‌စေတီ ရင်ပြင်တိုးချဲ့ခြင်းကို ၂၀၁၈ခုနှစ်၊ ဇွန်လတွင် စတင်အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့ပြီး လာ မည့် ၂၀၁၉ခုနှစ်၊ မတ်လ(၂၀)ရက် တ‌ပေါင်းဘုရားပွဲ‌တော်တွင် အပြီးသတ် ‌ဆောင်ရွက်ကာ ‌ရေစက်ချအလှူဖြင့် ဖွင့်လှစ် သွားနိုင်ရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဇွဲကပင်ဆရာ‌တော်ဘုရား၏ ဦး‌ဆောင်လမ်းညွှန်မှုဖြင့် ဇွဲကပင်‌ဂေါပကအဖွဲ့မှ ဇွဲကပင်‌တောင် ‌စေတီရင်ပြင် တိုးချဲ့ခြင်းကို ‌ဆောင်ရွက်ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ လှူဒါန်းထားသည့် အလှူ‌ငွေများအပြင် ဆရာ‌တော်၊ သံဃာ‌တော်များ၊ ကိုရင်များ၊ တပည့်ဒါယကာများ၏ လုပ်အား‌ပေးမှုများဖြင့် ‌ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ဇွဲကပင်‌တောင် ‌စေတီရင်ပြင်‌တော် တိုးချဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ရင်ပြင်‌တော် ခိုင်ခံ့မှု၊ ‌ဘေးအန္တရာယ် ကင်းရှင်း မှု၊ လုံခြုံစိတ်ချရမှုအ‌ပေါ် ‌ဝေဖန်မှုများရှိခဲ့ပြီး‌နောက် ပြည်နယ်အစိုးရအဖွဲ့မှ ပညာရှင်များ‌ခေါ်ယူကာ ‌ဂေါပကအဖွဲ့နှင့် ညှိနှိုင်းပြီး ပူး‌ပေါင်းလုပ်‌ဆောင်‌နေခြင်းဖြစ်သည်ဟု ‌စောသာမြတ်‌အောင်က ဆက်လက်‌ပြောကြားသည်။

ထိုသို့ ရင်ပြင်‌တော်ကို တိုးချဲ့‌ဆောင်ရွက်ရာတွင် ‌စေတီ‌တော်အ‌ရှေ့ဘက်သို့ အလျားအရှည် ‌ေ ၁၀ဝ နှင့် အနံအကျယ် ၁၅‌ပေ ဖြစ်‌အောင် သံ‌ဘောင်များဖြင့် ထပ်မံတိုးချဲ့ထားခြင်းဖြစ်ပြီး အလျားအနံ ၄‌ပေပတ်လည်နှင့် အထူ ၁လက်မရှိသည့် မှန်ချပ် ၇ဝချပ်နှင့်သံ‌ချောင်းများဖြင့် တပ်ဆင်သွားမည်ဖြစ်သည်ဟုလည်း ‌ဂေါပကအဖွဲ့ဝင်များ၏ ‌ပြောပြချက်များအရ သိရသည်။