Home သတင်း မဲကနယ်ရွာရှိ ‌မြေယာအငြင်းပွားမှုရှိသည့် လူမ‌နေ ယာယီအိမ်ခြံ‌မြေများကို စတင်ရှင်းလင်း

မဲကနယ်ရွာရှိ ‌မြေယာအငြင်းပွားမှုရှိသည့် လူမ‌နေ ယာယီအိမ်ခြံ‌မြေများကို စတင်ရှင်းလင်း

2850

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ပြည်နယ်အစိုးရ၊ နယ်ခြား‌စောင့်တပ် (BGF)နှင့် ကရင်လက်နက်ကိုင် (၃)ဖွဲ့ပါဝင်သည့် တာဝန်ရှိသူများ ညှိနှိုင်း ‌ဆွေး‌နွေးသ‌ဘောတူညီချက်များအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အတွင်း မဲကနယ်‌ကျေးရွာ အနီးရှိ ဖြစ်‌ပေါ် ‌နေသည့် ‌မြေယာပြဿနာများကို ‌ဖြေရှင်းရန် ၎င်း‌ဒေသရှိ လူမ‌နေသည့် ယာယီတဲအိမ်က‌လေးများကို ယ‌နေ့ စတင်ရှင်းလင်း‌နေသည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ယခင် ‌ရွှေမြစန္ဒီအိမ်ယာစီမံကိန်းအ‌ကြောင်းပြချက်ဖြင့် ‌ဒေသခံရွာသားများ၏ လယ်ယာ‌မြေများကို (DKBA)မှ ဗိုလ်ညီညီဆိုသူက သိမ်းယူခဲ့ပြီး ‌မြေကွက်များကို အကွက်ချ‌ရောင်းစားခဲ့ခြင်းအ‌ပေါ် တာဝန်ရှိသူများမှ ‌ဖြေရှင်း ‌ပေးရန် ‌တောင်းဆိုထားမှုများအရ ပြည်နယ်အစိုးရက ဦး‌ဆောင်၍ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုက ‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ KNU/KNLA –PC (ငြိမ်းချမ်း‌ရေး‌ကောင်စီ) နှင့် (BGF)တို့မှ ဝင်‌ရောက်ရှင်းလင်း‌နေခြင်းဖြစ်သည်ဟု KNU မှ ဗိုလ်မှူး ‌စောရန်နိုင်က ‌ပြောသည်။

“လက်ရှိဒီအ‌နေအထားတစ်ခုလုံးကို ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အ‌နေနဲ့ တရားဝင်မှု လမ်း‌ကြောင်း‌ပေါ် ဆွဲသွင်း ပြီး‌တော့ အမှန်တကယ် နစ်နာတဲ့သူ‌တွေ ထိခိုက်နစ်နာမှုမရှိ‌အောင် ပြန်‌ဆောင်ရွက်‌ပေးပြီး‌တော့မှ အား လုံးကို တရားဝင်ဖြစ်‌အောင် ‌ဆောင်ရွက်‌ပေးမဲ့ အစီအစဉ်ပဲဖြစ်တယ်။”ဟု ဗိုလ်မှူး ‌စောရန်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ညှိနှိုင်းထားမှုအစီအစဉ်အရ လက်ရှိ ၎င်း‌မြေ‌နေရာတွင် ပုံစံအမျိုးမျိုးဖြင့်ဝင်‌ရောက်‌နေထိုင်သူများကို တရားဝင်ပုံစံဖြစ်‌စေရန် အခိုင်အမာ‌နေထိုင်သူများအား ဆက်လက်‌နေထိုင်ခွင့်ပြုထားအုံးမည်ဖြစ်သလို အကွက်‌မြေ‌ပေါ်တွင် အဖြစ်သ‌ဘော ‌ဆောက်ထားပြီး လူမ‌နေသည့် ‌နေအိမ်များနှင့် ခြံစည်းရိုးများကို ပထမအဆင့်အ‌နေဖြင့် ရှင်းလင်းသွားမည်ဖြစ်သည်ဟု ဗိုလ်မှူး ‌စောရန်နိုင်က ဆက်‌ပြောသည်။

ထို‌နောက် ၎င်း‌မြေ‌ပေါ်တွင် ဝင်‌ရောက်‌နေထိုင်သူများအတွက် စနစ်တကျ ‌နေရာပြန်လည်ချထားသွား နိုင်ရန် အ စိုးရနှင့်သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်သည့် အဖွဲ့စုံ၏ ညှိနှိုင်း‌ဆွေး‌နွေးမှု ရလဒ်နှင့် အညီ ဒုတိယအဆင့်အ‌နေဖြင့် စီစဉ်‌ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်မှူး‌စောရန်နိုင်က ဖြည့်စွက် ‌ပြောသည်။

လတ်တ‌လော ပြဿနာ ဖြစ်‌ပေါ်‌နေသည့် ‌မြေ‌နေရာတွင် ပုံစံ (၇)ရ ‌မြေ၊ သစ်‌တော ပယ်ဖျက် ‌မြေ၊ ဇုန်‌မြေနှင့် သစ်‌တောမပယ်ဖျက်ရ‌သေး‌သော သစ်‌တော‌မြေဟူ၍ ‌မြေယာအမျိုးအစား (၄)မျိုး‌နေရာတွင် ဖြစ်ပြီး DKBA ဗိုလ် ညီညီဆိုသူထံမှ ဝယ်ယူထားသည့် စာရွက်စာတမ်းများသည် တရားဝင်မှုမရှိခြင်း‌ကြောင့် ၎င်းစာရွက်စာတမ်း များဖြင့်တစ်ဆင့်ခံ ပြန်လည်ဝယ်ယူသူများကို အမှန်တကယ်နစ်နာသူများဖြစ်ပါက ပြည်နယ်အစိုးရမှ နစ်နာမှုမရှိ ‌အောင် ‌ဆောင်ရွက်‌ပေးသွားရန် စဉ်းစားထားချက်များလည်းရှိသည်ဟု တာဝန်ရှိသူများဘက်က ဆိုသည်။

မဲကနယ် ‌ဒေသခံရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ‌စောနပိုလီယန်က “ ဒီ‌နေ့လာရှင်းလင်းတာ‌တော့ လူမ‌နေတဲ့ အိမ် ၁ဝ လုံး‌လောက်ကို ရှင်းလင်းထားတာ‌တွေ့တယ်။ ဒီအ‌ပေါ်မှာ ရှင်းလင်းခံရတဲ့ လူထဲကတစ်ချို့က လူ‌တွေမရှိဘူး။ တစ်ချို့က‌တော့ ‌ရောက်လာပြီး‌တော့ ကိုယ်တိုင်ပြန်ဖျက်ယူမယ်ဆိုပြီးတင်ပြကြတာ‌ပေါ့။ အဲ့လိုတင်ပြတဲ့ အခါကျ ‌တော့ သူတို့ကိုယ်တိုင်ပြန်ဖျက်ယူမယ်ဆိုလည်း ဖျက်ယူ‌ပေါ့ ဆိုပြီး ညှိနှိုင်းပြီး လုပ်ကြတာ‌ပေါ့”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

‌ဒေသခံရွာသားများ၏ လယ်ယာ‌မြေများကို လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းခန့်တွင် (DKBA)မှ ဗိုလ်ညီညီ ဆိုသူက သိမ်းယူခဲ့ပြီး ‌မြေကွက်များကို အကွက်ချ‌ရောင်းစားခဲ့ခြင်းအ‌ပေါ် ပြန်လည်ရရှိ‌ရေးအတွက် တာဝန်ရှိသူ များမှ ‌ဖြေရှင်း‌ပေးနိုင်ရန်ရည်ရွယ်၍ ယခင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ရက်‌နေ့တွင် ‌ဒေသခံရွာသားများက လမ်း ‌လျှောက်ချီတက် ဆန္ဒထုတ်‌ဖော်ခဲ့မှုဖြစ်ပွားခဲ့သလို အဆိုပါ ဆန္ဒထုတ်‌ဖော်မှုအား တန်ပြန်ဆန္ဒထုတ်‌ဖော်မှု တစ်ရပ် ဖြစ်ပွားခဲ့‌သေးသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ အစိုးရ၏ အိမ်ရာစီမံကိန်းဟု အ‌ကြောင်းပြချက်ဖြင့် ယခင် မဲကနယ်ရွာ‌ဟောင်း ‌မြေဖြစ် သည့် ‌မြေဧက‌ပေါင်း ၃၁၇ ဒသမ ၇၁ ဧကခန့် သိမ်းဆည်းခံခဲ့ရပြီး‌နောက် ‌မြေကွက်တစ်ကွက်အား ကျပ်‌ငွေ ၁ဝ ဝ,ဝဝဝ (တစ်သိန်း)မှ ၅၅ဝ,ဝဝဝ (ငါးသိန်းခွဲ)‌ဈေးနှုန်းဖြင့် အကွက်ချ‌ရောင်းချခဲ့ခြင်းဖြစ်သည်။ ‌ဒေသခံများ ‌ကောက်ခံထားသည့် စာရင်းများအရ ‌မြေယာသိမ်းဆည်းခံရသူ ‌ဒေသခံရွာသား ၁၇ ဦး ရှိသည်ဟု ‌ဒေသခံများ ဘက်က ဆိုသည်။