Home သတင်း ကျားက‌လေး -‌ကော့ကရိတ်လမ်းပိုင်းကို ပြည်နယ်အစိုးရ တာဝန်ယူ ပြုပြင်‌ပေးမည်

ကျားက‌လေး -‌ကော့ကရိတ်လမ်းပိုင်းကို ပြည်နယ်အစိုးရ တာဝန်ယူ ပြုပြင်‌ပေးမည်

2670

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လာမည့် မိုးရာသီကာလတွင် လူထုများ သွားလာအဆင်‌ပြေရန် ကျားက‌လေး-‌ကော့ကရိတ်လမ်းပိုင်းကို ယခုလ မှစပြီး ကရင်ပြည်နယ်အစိုုးရမှ ပြုပြင်‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်သည်ဟု ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးသစ်‌တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ‌စောပြည်သာက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လမ်းပိုင်းသည် ပြည်‌ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ‌ဆောင်ရွက်သွားမည့် လမ်းစီမံကိန်းဖြစ်‌သော်လည်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် စီမံကိန်းပြန်လည်မစတင်နိုင်သည့်ကာလတွင် ဇာသပြင်မှတစ်ဆင့် ‌ကော့ကရိတ်သို့ လွယ်ကူစွာ သွားလာနိုင်ရန် ကျားက‌လေးမှ ‌ကော့ကရိတ်လမ်းပိုင်းကို ပြည်နယ်အစိုးရမှတာဝန်ယူစီစဉ်‌ဆောင် ရွက်သွားမည်ဖြစ်သည်။

“ မိုးတွင်း ကျရင်လူထုအဆင်‌ပြေ‌အောင်သွားလာရဖို့ ပြည်နယ်အစိုးရက အကြမ်း‌လောက်ပဲ လုပ်ထား‌ပေးမှာ၊ အ‌ချောက‌တော့ CRBC ကုမ္ပဏီကပြန်လုပ်ရမှာ‌ပေါ့။ အခုလုပ်တာကလည်း ပြုပြင်တာ‌လောက်ပဲဆို‌တော့ နိုင်ငံ‌တော် အစိုးရ တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့မဟုတ်ဘူး။ သူတို့မပြင်ခင်စပ်ကြားမှာ လူထု‌တွေ သွားလာ အဆင်‌ပြေဖို့ ကိုယ့်မှာ ဘတ်ဂျက်‌တော့မရှိဘူး။ အရင်‌ငွေစိုက်ထားနိုင်တဲ့ ကုမ္ပဏီကို လုပ်ထားခိုင်းတာ” ဟု ဝန်ကြီး ‌စောပြည်သာက ‌ကေအိုင်စီသို့‌ပြောသည်။

ယခုပြန်လည်ပြုပြင်သည့်လမ်းပိုင်းပြုပြင်ခြင်းအတွက် ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် Steel Stone နင့် လင်း‌ငွေ‌ရောင်ကုမ္ပဏီတို့မှ ယခုလမှစတင်ပြီး တာဝန်ယူပြုပြင်‌ပေးသွားမည်ဖြစ်သလို အိန္ဒုမှ- သာမညအထိ လမ်းပိုင်းကိုလည်း CRBC ကုမ္ပဏီမှ ပြုပြင်သွားရန်ရှိသည်ဟု ဝန်ကြီးက ဖြည့်စွက်‌ပြောသည်။
ထိုသို့ပြုပြင်ရာတွင်လည်း သွားလာရခက်ခဲသည့်အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေသည့် လမ်းပိုင်းများအား ‌မြေညှိ၊ ‌မြေဖို့၊ ‌ကျောက်ခင်းစသည့်ပြုပြင်ခြင်း လုပ်ငန်းများကိုလုပ်‌ဆောင်သွားဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ပြီး အဆိုပါလမ်းစီမံကိန်းကို CRBC ကုမ္ပဏီက ဦး‌ဆောင်ကာ စတင်‌ဖောက် လုပ်ရန် ရည်ရွယ်ပြီး လမ်း‌ဟောင်းမှ ယခင်ရှိပြီးသား ကတ္တရာအချိုု့ကို ဖယ်ထုတ်လိုက်သည့်အတွက် လမ်းမှာဆိုးရွားသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်ခြင်းဖြစ်သည်ဟုလည်း ‌ဒေသခံများက ‌ပြောသည်။