Home သတင်း တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုအား‌ကောင်းရန် ‌ကော်မတီတစ်ရပ်ဖွဲ့စည်း

တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုအား‌ကောင်းရန် ‌ကော်မတီတစ်ရပ်ဖွဲ့စည်း

2362

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့များ ပူး‌ပေါင်း‌ဆောင်ရွက်မှုကို ပိုမိုအား‌ကောင်း‌စေရန် ရည်ရွယ်၍ ယခင်ရှိပြီးသား တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်ကိုယ်စားလှယ်များပါဝင်သည့် တိုင်းရင်းသားကျန်းမာ‌ရေး ‌ကော်မတီ(Ethnic Health Committee-EHC)တစ်ရပ်ကို ယမန်‌နေ့ (ဇန်နဝါရီလ ၂၇ရက်)က ဖွဲ့စည်းလိုက်သည်။

တိုင်းရင်းသားကျန်းမာ‌ရေးစနစ် ‌တောင့်တင်းခိုင်မာ‌ရေးအဖွဲ့(EHSSG)၏ ယခုလ ၂၅ ရက်မှ ၂၇ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာတွင် ပြုလုပ်သည့် ၎င်းတို့၏ နှစ်ပတ်လည်အစည်းအ‌ဝေး၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ဟု အစည်းအ ‌ဝေး၏ ‌ပြောခွင့်ရသူ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA) ဒါရိုက်တာ ‌စော‌နေထူးက ယခုလို ‌ပြောသည်။

၎င်းက “အထူးသဖြင့်‌တော့ ဒီဖက်ဒရယ်ကျန်းမာ‌ရေးစနစ်၊ ဖက်ဒရယ်ကျန်းမာ‌ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ ‌တွေကို ပိုမိုထိ‌ရောက် ပိုမိုအား‌ကောင်းလာ‌အောင်‌ပေါ့၊ ရှိထားပြီးသား ကျန်းမာ‌ရေးအုံ အဖွဲ့ ၃ ဖွဲ့ကို ခြုံပြီး‌တော့ လာမဲ့အနာ ဂတ်‌တွေမှာ ဖက်ဒရယ်ကျန်းမာ‌ရေးကိစ္စကို ‌ရောက်နိုင်ဖို့အတွက် အစည်းအ‌ဝေး ဆုံးဖြတ်ချက်နဲ့ အားလုံး‌ပေါင်းအဖွဲ့ဝင် ၉ ဖွဲ့ရဲ့ ကိုယ်စားလှယ်‌တွေနဲ့ဖွဲ့စည်းနိုင်ခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ကော်မတီကို တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်း (၉)ဖွဲ့ပါဝင်သည့် ၂၀၀၂ ခုနှစ်တွင် စုစည်းဖွဲ့စည်းထား ‌သော ကျန်းမာ‌ရေး သတင်းအချက်အလက်စနစ် လုပ်ငန်းအဖွဲ့(HISWG)၊ ၂၀၁၂ခုနှစ်တွင် စုစည်းထားသည့် ကျန်းမာ‌ရေးစုဆုံမှု အမာခံ အင်အားစု(HCCG)နှင့် ၂၀၁၄ ခုနှစ်တွင် စုစည်းထားသည့် တိုင်းရင်းသား ကျန်းမာ‌ရေး စနစ် ‌တောင့်တင်းခိုင်မာ‌ရေး အဖွဲ့(EHSSG)အဖွဲ့တို့မှ ကိုယ်စားလှယ် ၂ ဦးစီဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားကျန်းမာ‌ရေးမူဝါဒ၊ ကျန်းမာ‌ရေးစနစ်နှင့် ကျန်းမာ‌ရေးသတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းများကို အသစ်ဖွဲ့စည်းလိုက်သည့် (EHC)‌ကော်မတီ၏ ‌ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားပြီး ၎င်းလုပ်ငန်း ‌ဆောင်တာများကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်း (၉)ဖွဲ့မှ ကိုယ်စားလှယ်(၂) ဦးစီပါဝင်‌သော ဦး‌ဆောင်‌ကော်မတီ(၁၈)ဦးနှင့် ၎င်း (၁၈)ဦးမှ စီမံခန့်ခွဲ‌ရေး‌ကော်မတီ(EC) ၅ ဦးကိုလည်း အစည်းအ‌ဝေး၌ ‌ရွေးချယ်တာဝန်‌ပေးထားသည်ဟု ‌စော‌နေထူးက ဖြည့်စွက်‌ပြောသည်။

သုံးရက်တာပြုလုပ်သည့် EHSSG၏ နှစ်ပတ်လည်အစည်းအ‌ဝေးသို့ တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်း ကိုယ်စား လှယ်‌ပေါင်း ၄ဝ ဦးခန့် တက်‌ရောက်ခဲ့ပြီး တိုင်းရင်းသား‌ဒေသ ကျန်းမာ‌ရေးအ‌ခြေအ‌နေများ၊ လက်ရှိ ‌ဆောင်ရွက်‌နေ‌သော ကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းများနှင့် တိုင်းရင်းသားကျန်းမာ‌ရေး စနစ်ခိုင်မာ‌ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖက်ဒရယ်ကျန်းမာ ‌ရေးမူဝါဒ၊ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်း‌ရေဖြစ်စဉ်ကို အ‌ထောက်အကူပြုနိုင်မည့် ကျန်းမာ‌ရေးဆိုင်ရာလုပ်ငန်းများနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာလုပ်ငန်းများကို ‌ဆွေး‌နွေးခဲ့သည်ဟု EHSSG၏ အစည်းအ‌ဝေးပြီး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လတ်တ‌လော မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ပြောင်းအလဲနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌ပေါ်‌ပေါက်လာသည့် ‌နောက်ပိုင်း တိုင်းရင်း သားကျန်းမာ‌ရေးအဖွဲ့အစည်းများအတွက် နယ်စပ်ဖြတ်‌ကျော်ကူညီပံ့ပိုးမှုများ‌လျော့နည်းလာခြင်း၊ ‌ဆေးဝါးအကူအညီရယူမှု အခက်အခဲများ စသည့်စိန်‌ခေါ်ချက်များကို ရင်ဆိုင်‌နေရဆဲဖြစ်ပြီး ဖက်ဒရယ် ကျန်းမာ‌ရေး မူဝါဒ‌ပေါ်‌ပေါက်လာ‌ရေးသည် လည်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ်မူတည်‌ကြောင်းကိုလည်း အစည်းအ‌ဝေး၌ ‌ဆွေး‌နွေးဖြစ်ခဲ့သည်ဟု ‌စော‌နေထူးက ဆိုသည်။

လက်ရှိ အသစ်ဖွဲ့စည်းလိုက်သည့် (EHC)‌ကော်မတီအ‌နေဖြင့် လူတိုင်းလက်လှမ်းမှီ လွှမ်းခြုံနိုင်‌သော ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုကို တိုင်းရင်းသား‌ဒေသများရှိ ပြည်သူများအားလုံး ရရှိ‌စေရန်အတွက် အစိုးရကျန်းမာ‌ရေး ဌာန၊ နိုင်ငံ‌ရေးပါတီ၊ လူထုအ‌ခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် ပူး‌ပေါင်းလုပ်‌ဆောင် သွားရန်အပြင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကြားကာလတွင် တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့အစည်း များ၏ ဖွဲ့စည်းမှု စနစ် (လုပ်ပိုင်ခွင့်နှင့်စီမံအုပ်ချုပ်မှု)ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်‌ကြောင်းလည်း အစည်းအ‌ဝေး ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

EHSSG တိုင်းရင်းသားကျန်းမာ‌ရေးစုဖွဲ့မှုအဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် ကရင်၊ သျှမ်း(ရှမ်း)၊ မွန်၊ ကရင်နီ(ကယား) စသည့် ‌ဒေသအ‌ခြေစိုက်ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက်‌သော မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအ သင်း(BMA)၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)၊ မယ်‌တော်‌ဆေးခန်း (MTC)စသည့် ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြင့်ဖွဲ့စည်းထားသည်။