Home သတင်း လူ့အခွင့်အ‌ရေး ငြိမ်းချမ်း‌ရေး မြှင့်တင်‌ဆောင်ရွက်ကြရန် ‌မွေး‌နေ့တွင် ‌ဒေါက်တာစင်သီယာ‌မောင်တိုက်တွန်း

လူ့အခွင့်အ‌ရေး ငြိမ်းချမ်း‌ရေး မြှင့်တင်‌ဆောင်ရွက်ကြရန် ‌မွေး‌နေ့တွင် ‌ဒေါက်တာစင်သီယာ‌မောင်တိုက်တွန်း

3145

ဒီဇင်ဘာ ၆ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် ကျန်းမာ‌ရေး၊ ပညာ‌ရေး ‌ဆောင်ရွက်‌ပေး‌နေကြသူများအ‌နေဖြင့် လူ့အခွင့်အ‌ရေး၊ ငြိမ်းချမ်း‌ရေး လုပ်ငန်းများကို မြှင့်တင်‌ဆောင်ရွက်နိုင်ကြ‌စေရန် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်း တာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်က ယ‌နေ့ ဒီဇင်ဘာလ ၆ရက်‌နေ့တွင် ကျ‌ရောက်သည့် သူမ၏ ၅၉နှစ်ပြည့် ‌မွေး‌နေ့ပွဲ၌ တိုက်တွန်း လိုက်သည်။

“ကျမတို့ လူ့အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မှု‌တွေ လူသားချင်း စာနာ‌ထောက်ထားတဲ့ အကူအညီ‌တွေ ‌နောက် ဖွံ့ဖြိုးတိုး တက်‌ရေး ‌ဆောင်ရွက်တဲ့အချိန်‌တွေမှာ အားလုံးက ကျမတို့ နိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးနဲ့ တစ်ဆက်တစ်စပ်ထဲ ရှိတဲ့အတွက်‌ကြောင့် အားလုံးက ကိုယ်ကျရာတာဝန်မှာ လူ့အခွင့်အ‌ရေး ငြိမ်းချမ်း‌ရေးကိစ္စ‌တွေကို မြှင့်တင်‌ဆောင်ရွက်နိုင်တဲ့သူ‌တွေ ဖြစ်ပါ‌စေလို့ အားလုံးကို တိုက်တွန်းအား‌ပေးပါတယ်။”ဟု ‌မွေး‌နေ့ပွဲ၌ ‌ဒေါက်တာစင်သီယာ‌မောင်က ‌ပြောကြားခဲ့သည်။

လက်ရှိ နယ်စပ်‌ဒေသတွင် လုပ်‌ဆောင်‌နေသည့် ကျန်းမာ‌ရေး၊ ပညာ‌ရေး ကိစ္စရပ်များသည့် လူမှု‌ရေးလုပ်ငန်းဟု ယူဆခြင်းထက် လူ့အခွင့်အ‌ရေးကို ကာကွယ်‌စောင့်‌ရှောက်ခြင်းဖြစ်သလို ၎င်းတို့၏ လူ့ဂုဏ်သိက္ခာရှိမှုနှင့် လုံခြုံမှုကို ‌ဆောင်ရွက်‌ပေးခြင်းသည် တစ်ဦးတစ်‌ယောက်ချင်းအ‌နေဖြင့် ငြိမ်းချမ်း‌ရေးအတွက် ‌ဆောင်ရွက်‌နေကြခြင်းဖြစ်‌ကြောင်းလည်း ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်လက် ‌ပြောဆိုခဲ့သည်။

မယ်‌တော်‌ဆေးခန်း၏ ခန်းမ‌ဆောင်၌ ပြုလုပ်ကျင်းပခဲ့သည့် ‌ဒေါက်တာစင်သီယာ‌မောင်၏ ‌မွေး‌နေ့ပွဲသို့ လုပ်‌ဖော်ကိုင်ဖက် ကျန်း မာ‌ရေး၊ ပညာ‌ရေး ဝန်ထမ်းများ အပါအဝင် မြဝတီခရိုင်၊ ခုခံကျ ကာလသား တိုက်ဖျက်‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ‌ဒေါက်တာဝင်းဇင် ကိုကို၊ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်အချို့၊ နယ်စပ်အ‌ခြေစိုက် တိုင်းရင်းသား ကျန်းမာ‌ရေး၊ ပညာ‌ရေး လူမှုအဖွဲ့အစည်း‌ခေါင်း‌ဆောင် များ၊ ထိုင်းတာဝန်ရှိသူအချို့၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းအချို့မှ ‌ကျောင်းသူ၊ ‌ကျောင်းသားများနှင့် အမျိုးသမီးအဖွဲ့အစည်း‌ခေါင်း ‌ဆောင်များ အပါအဝင် စုစု‌ပေါင်း ၈၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

‌မွေး‌နေ့ပွဲတက်‌ရောက်လာသူ ‌ဒေါက်တာဝင်းဇင်ကိုကိုက “‌ဒေါက်တာအ‌နေနဲ့ ဒီထက်ပိုပြီး‌တော့ ‌ရွှေ့‌ပြောင်းလုပ်သား‌တွေရဲ့ ကျန်း မာ‌ရေးနဲ့ဆိုင်တဲ့ ကိစ္စ‌တွေကို ဒီထက်ပိုပြီး‌တော့ ဆထက်ထမ်းပိုး ထပ်ပြီး‌တော့ လုပ်‌ပေးနိုင်ပါ‌စေလို့ ဆန္ဒပြုပါတယ်။ ကျ‌နော်တို့ ‌ဆေးရုံ‌တွေ၊ ‌ဆေးခန်း‌တွေကလည်း လုပ်‌ပေး‌နေတာ‌ပေါ့‌လေ။ ကျ‌နော်တို့ အဓိက လိုအပ်တာက‌တော့ ဒီနယ်စပ်မှာရှိတဲ့ ကျန်းမာ ‌ရေးအဖွဲ့အစည်း‌တွေနဲ့ ဒီထက်ပိုပြီး‌တော့ စု‌ပေါင်းပြီး‌တော့ ‌ဆောင်ရွက်ဖို့အတွက် လိုအပ်ပါတယ်။ အဲ့အတွက် ကျ‌နော်တို့ အကြိမ် ကြိမ် အခါခါ ‌တွေ့ဆုံ‌ဆွေး‌နွေးညှိနှိုင်းတာ‌တွေ‌တော့ အမြဲလိုအပ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

(၅၉)နှစ်‌မြောက် ‌ဒေါက်တာစင်သီယာ၏ ‌မွေး‌နေ့ပွဲ အထိမ်းအမှတ်အဖြစ် ကြိုတင် ကျင်းပပြုလုပ်ခဲ့သည့် ‌ဘောလုံး၊ ‌ဘောလီ‌ဘော စသည့် အားကစားပြိုင်ပွဲများနှင့် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအပြင် အထူးသဖြင့် (၁၀)ကြိမ်နှင့်အထက် ‌သွေးလှူဒါန်းခဲ့ကြသူများအား အမှတ်တရ ဂုဏ်ပြုမှတ်တမ်း‌ပေးအပ်ခြင်း၊ ဂုဏ်ပြု‌တေးသီချင်းများ သီဆို ခြင်း၊ အက‌ဖျော်‌ဖြေခြင်းတို့အပြင် တက်‌ရောက်လာသူများထဲက အမှတ်တရ ဂုဏ်ပြုစကား၊ ‌ကျေးဇူးတင်စကား‌ပြောကြားခြင်း စသည့် ‌မွေး‌နေ့ဆု‌တောင်း အစီအစဉ်များ ပါဝင်လုပ်‌ဆောင်ခဲ့ကြသည်။

ထို့အပြင် ‌ဒေါက်တာစင်သီယာ‌မောင်က ‌သွေးလှူဒါန်းသူများသည် ‌ဝေဒနာရှင်လူနာများအတွက် ၎င်းတို့၏‌သွေးများဖြင့် ကုသ ရှင်သန်မှု‌ပေးခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် သားဖွားမိခင်များမှာ ‌သွေးလှူဒါန်းမှုကို ပိုမိုလိုအပ်သည့်‌ဝေဒနာရှင်များဖြစ်၍ ၎င်းတို့ကိုယ် စား ‌ဆေးခန်းတွင် လာ‌ရောက် ‌သွေးလှူဒါန်းသူများအား ‌ကျေးဇူးတင်ရှိပါ‌ကြောင်း ထပ်‌လောင်း ‌ပြောဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများနှင့် မြန်မာပြည်အတွင်းရှိ တိုင်းရင်းသားပြည်သူလူထု အားလုံးအ တွက် ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူ့အခွင့်အ‌ရေးဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ ဦးစီး‌ဆောင်ရွက်‌ပေး‌နေသူ ‌ဒေါက်တာစင် သီယာ‌မောင်အ‌နေဖြင့် ယခုနှစ်အတွင်း ရရှိသည့် The N-Peace Award, “Untold Sorties Myanmar”, Canada၊ The Roux Prize, Washington DC, USA ဆု အပါအဝင် ၁၉၉၉ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ လူ့အခွင့်အ‌ရေး၊ လူမှု‌ရေး၊ ငြိမ်းချမ်း‌ရေးဆိုင်ရာ နိုင်ငံတကာက ချီးမြှင့်သည့် ဆု‌ပေါင်း ၂၇ဆုကို ရရှိထားသူဖြစ်သည်။

သူမဦး‌ဆောင်၍ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မြန်မာဒုက္ခသည်များနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ကျန်း မာ‌ရေးဆိုင်ရာ အကူအညီများ‌ပေးနိုင်ရန် ရည်ရွယ်၍ ၁၉၈၉ခုနှစ်တွင် ‌ဆေးကုသ‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းကို စတင်တည် ‌ထောင်ခဲ့ပြီး လက်ရှိ တစ်ရက်ပျမ်းမျှ လူနာဦး‌ရေ ၃၀၀‌ကျော်ကို ပုံမှန် ကုသ‌ပေးလျှက်ရှိသည်။