Home သတင်း “ယံzရှီz့ခိးတz”အမည်ရှိ အ‌နောက်ပိုးကရင် ‌တေးစီးရီးသစ် ဒီဇင်ဘာလအတွင်း ထွက်ရှိမည်

“ယံzရှီz့ခိးတz”အမည်ရှိ အ‌နောက်ပိုးကရင် ‌တေးစီးရီးသစ် ဒီဇင်ဘာလအတွင်း ထွက်ရှိမည်

5744

ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကိုရီးယားနိုင်ငံ‌ရောက် အ‌နောက်ပိုး ကရင်လူငယ်များ နှင့် ကရင်အနုပညာရှင်များ စု‌ပေါင်း ဖန်တီးထားသည့် “ယံzရှီz့ခိးတz(စည်းလုံးညီညွတ်ခြင်း၏ အကျိုး‌ကျေးဇူး)” အမည်ရှိ အ‌နောက်ပိုးကရင်‌တေးစီးရီးသစ်တစ်ခုကို လာမည့် ဒီဇင်ဘာလ ၂၅ရက်‌နေ့တွင် ထွက် ရှိမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်‌တေးစီးရီး‌လောကတွင် လူသိများသည့်အခြား‌သော စ‌ကောကရင်သီချင်း၊ အ‌ရှေ့ပိုးကရင်သီချင်းများထက် သီချင်းအ‌ခွေထွက်ရှိမှု နည်းပါး‌နေရာမှ နာမည်ကြီး အ‌နောက်ပိုးအဆို‌တော်များ၊ အတီးသမားများ၏ ပြန်လည် စုစည်း မှုဖြင့် “စည်းလုံးညီညွတ်ခြင်း၏ အကျိုး‌ကျေးဇူး”ဟု အဓိပ္ပါယ်ရသည့် “ယံzရှီz့ခိးတz ” အမည်ရှိအ‌နောက်ပိုးကရင်သီချင်း‌ခွေတစ်ခုပြန်လည် ထွက်‌ပေါ်လာခြင်းလည်း ဖြစ်သည်။

‌တေး‌ရေး/ဆို စစံမင်းက“အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြုလူငယ်အဖွဲ့ကို စု‌ပေါင်းပြီး လုပ်လာကြတာ ၅နှစ်ရှိပြီ ဖြစ်တဲ့အတွက် အမှတ်တရ အ‌နေနဲ့ ဒီအ‌ခွေ ထုတ်ဖြစ်တာ‌ပေါ့‌နော်။ ကိုရီးယား‌ရောက် ကရင်လူငယ်အဖွဲ့က ‌ငွေ‌ကြေး ‌ထောက်ပံ့‌ပေးတယ်။ သူတို့ ဒီလိုလုပ်‌ပေး‌တော့နာမည်ကြီး အဆို‌တော်‌တွေ၊ နာမည်ကြီး အတီးသမား‌တွေကို ပြန်ပြီး‌တော့ စုစည်းလာနိုင်တယ်”ဟု ‌ပြောသည်။

“ ယံzရှီz့ခိးတz ” အမည်‌ပေးထားသည့်အဆိုပါ ‌တေးစီးရီးတွင် ‌တေးသီချင်း (၁၅)ပုဒ်ပါဝင်ပြီး အမျိုးသား‌ရေး စိတ်ဓာတ် နိုးကြား‌စေမည့်သီချင်းများ၊ အချစ်သီချင်းများအပြင် ရိုးရာဓ‌လေ့ကို‌ဖော်ကျုးထား‌သော ‌ကောက်စိုက် သီချင်း တစ်ပုဒ်လည်းပါဝင်မည်ဖြစ်‌ကြောင်း သိရသည်။

ယခုထွက်ရှိမည့် ‌တေးစီးရီးအသစ်တွင် နာမည်ကြီး အ‌နောက်ပိုးကရင် ‌တေးဆိုများ ဖြစ်ကြ‌သော စ‌ဝေလျံ‌ကျော်၊ စမြတ်စိုး၊ စ‌အောင်ကိုဝင်း၊ စစံမင်း ၊ စရက်စိုး၊ S ဖန်း၊ စလုကာ၊ စဒင်းဘယ်၊ ဆရာဂျွန်ကလင်း၊ ဆရာထီလုပ်ဟီ၊ စအ‌စောင်းမန်း၊ နမ့်‌ဖွေး‌ဖွေးစံ ၊ နမ့်ခရစ္စတိုဖာဝင်း၊ နမ့်ခင်နန်းမူ နှင့် နမ့်နိုက်တင်‌ဂေး ၊ နမ့်ထီခလိန်ပွား တို့က ပါဝင် သီဆိုထားခြင်း ဖြစ်သည်။

“ ယံzရှီz့ခိးတz”‌တေးစီးရီး Live Show ကို ယမန်‌နေ့ (ဒီဇင်ဘာလ ၄ရက်)က ရိုက်ကူးတည်းဖြတ် မှုများပြု လုပ် ခဲ့ကြပြီး တဆက်တည်း အ‌နောက်ပိုး အတီးသမားများဖြင့်စုစည်းထားသည့်” 121″ အမည်ရှိ Band တစ်ခု ကိုလည်း ‌နောက်တစ်ဖန် ထပ်မံ ဖွဲ့စည်းလိုက်သည်ဟု သိရသည်။