Home သတင်း တစ်နိုင်ငံလုံး ‌မြေယာမူဝါဒများ‌ရေးဆွဲပြဌာန်းလျှင် တိုင်းရင်းသားများနှင့်သ‌ဘောတူညီမှုရယူရန်လိုဟု IKO အကြံပြု

တစ်နိုင်ငံလုံး ‌မြေယာမူဝါဒများ‌ရေးဆွဲပြဌာန်းလျှင် တိုင်းရင်းသားများနှင့်သ‌ဘောတူညီမှုရယူရန်လိုဟု IKO အကြံပြု

2814

ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာအစိုးရအ‌နေဖြင့် တစ်နိုင်ငံလုံး ‌မြေယာမူဝါဒများ ‌ရေးဆွဲပြဌာန်းလိုပါက KNU-ကရင်အမျိုးသားအစည်းအရုံး အပါအ ဝင် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် သ‌ဘောတူညီမှုရယူရန်လိုအပ်‌ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း(IKO)က ယမန်‌နေ့ (ဒီဇင်ဘာ ၂၅ရက်)က သ‌ဘောထားထုတ်ပြန်၍ အကြံပြုတိုက်တွန်း လိုက်သည်။

မြန်မာအစိုးရ၏ ‌မြေယာဆိုင်ရာ ဥပ‌ဒေများနှင့်ပတ်သက်၍ KNU ဗဟို‌မြေယာ‌ကော်မတီမှ ယခုလ ၁၅ရက်‌နေ့က ထုတ်ပြန် သည့် ရပ်တည်ချက်သ‌ဘောထား‌ပေါ်အ‌ခြေခံ၍ IKO က သ‌ဘောထားထုတ်ပြန်ခြင်းဖြစ်ကာ အဆိုပါ တိုက်တွန်းချက်နှင့် ပတ်သက်ပြီး IKO ‌ပြောခွင့်ရသူ ‌စော‌ကျော်ဝင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ ဒီ‌မြေယာဥပ‌ဒေက ကျ‌နော်တို့ နိုင်ငံမှာ အဓိက ပြဿနာဖြစ်‌နေတယ်။ ဆိုလိုတာက တပ်မ‌တော်ရဲ့ တပ်သိမ်း ‌မြေ‌တွေကို အ‌ခြေခံပြီး‌တော့ အဲ့ဒါကို အစိုးရက‌နေပြီး‌တော့ မှန်မှန်ကန်ကန် ပြန်လည်ရယူ‌ရေးအတွက် စီစဉ်တဲ့သ‌ဘောလို့ ယူဆရ ‌သော်လည်းပဲ တကယ်ဖြစ်လာတဲ့ အကျိုးဆက်က တိုင်းရင်းသား‌တွေရဲ့ တကယ်လက်ဝယ်ရှိတဲ့ဦးပိုင်‌ပေါက်စာတို့ ‌မြေဂရမ် တို့ အခက်အခဲ‌တွေ ရှိတယ်‌လေ။ အဲ့ဒါကို အမှန်တကယ် တိတိကျကျ စီစဉ်ပြီး‌တော့‌ဖြေရှင်းပြီးမှ တိုင်ပင်ပြီးမှ လုပ်ရင်‌တော့ ‌ကောင်းတယ်လို့ ကျ‌နော်တို့ ယူဆပါတယ် ” ဟု ‌ပြောသည်။

ထို့အပြင် KNU ၏ ထိန်းချုပ်နယ်‌မြေတွင် ကရင်လူထုနှင့်ကိုက်ညီ‌သော ‌မြေယာမူဝါဒများကို ‌ရေးဆွဲပြန်ဌာန်း အ‌ကောင်အ ထည်‌ဖော်ကျင့်သုံး‌နေသည်မှာ ဆယ်စုနှစ်ချီရှိ‌နေပြီးဖြစ်၍ မြန်မာအစိုးရအ‌နေဖြင့် ညှိနှိုင်းသ‌ဘောထားရယူရန် လို အပ် ‌ကြောင်း IKO ‌ပြောခွင့်ရသူ ‌စော‌ကျော်ဝင်းက ဆက်‌ပြောသည်။

လက်ရှိ မြန်မာငြိမ်းချမ်း‌ရေးအတွက် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းတို့အကြား နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုများပြုလုပ်‌နေသည့် ကာလဖြစ်သလို ဆက်လက်သွားနိုင်ရန်လည်း တစ်ဆို့မှုများရှိ‌နေသည့်အပြင် ‌မြေယာ ပြဿနာသည်လည်းဘဲ ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်‌နေ‌သောကာလတွင် မြန်မာအစိုးရက တိုင်းရင်းသားလက်နက် ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ သ‌ဘောတူညီမှုရယူခြင်းမရှိဘဲ ၎င်း‌မြေယာ မူဝါဒများကို တစ်ဖက်သတ် ‌ရေးဆွဲပြ ဌာန်းလိုက်ခြင်းသည် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲကို အဟန့်အတားဖြစ်‌စေရုံသာမက ‌ခေတ်သစ်ဗမာ‌မြေရှင်ပ‌ဒေသရာဇ် စနစ်ကို အတင်းအကြပ် ပုံ‌ဖော်လိုက်သည့်လုပ်ရပ်မျိုးကို အပြင်းအထန်ရှုတ်ချ ‌ကြောင်းလည်း IKOက ‌ပြောသည်။

ပြည်‌ထောင်စု လွှတ်‌တော်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်‌နေ့က အတည်ပြုပြဌာန်းလိုက်သည့် ‌မြေလွတ် ‌မြေလပ် ‌မြေရိုင်း စီမံခန့်ခွဲ‌ရေး ဥပ‌ဒေနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ပါ သ ‌ဘောတူညီချက်များကို ချိုး‌ဖောက်‌နေသည့်အတွက် ယင်းဥပ‌ဒေကို ပယ်ဖျက်‌ပေးရန် ဒီဇင်ဘာလ ၁၅ရက်‌နေ့တွင် ‌ကေအဲန်ယူက သ‌ဘောထားထုတ်ပြန်၍ ‌တောင်းဆိုခဲ့သည်။

၎င်းထုတ်ပြန်လိုက်သည့် KNU ဗဟို ‌မြေယာ‌ကော်မတီ၏ ရပ်တည်ချက်သ‌ဘောထားသည် ကရင်လူမျိုးအတွက် သာမက ဘဝတူတိုင်းရင်းသားများ၏ အကျိုးအတွက်ပါ ပါဝင်သည်ကို ‌တွေ့ရသဖြင့် လှိုက်လှဲစွာ ကြိုဆို‌ထောက်ခံ‌ကြောင်းလည်း IKOက ဆိုသည်။

IKO နိုင်ငံတကာကရင်အဖွဲ့အစည်းသည် အာရှ-ပစိဖိတ်၊ ဥ‌ရောပ၊ ‌မြောက်အ‌မေရိက စသည့်နိုင်ငံ‌ပေါင်း ၃၀‌ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထား‌သော အဖွဲ့အစည်းဖြစ်သည်။