Home သတင်း မြဝတီ-မဲ‌ဆောက် ချစ်ကြည်‌ရေးတံတားအမှတ် (၂)စီမံကိန်းဧရိယာပါ ကျန်ရှိအိမ်‌ထောင်စု ၆ စုနှင့် ‌ပြေလည်မှုမရရှိ‌သေး

မြဝတီ-မဲ‌ဆောက် ချစ်ကြည်‌ရေးတံတားအမှတ် (၂)စီမံကိန်းဧရိယာပါ ကျန်ရှိအိမ်‌ထောင်စု ၆ စုနှင့် ‌ပြေလည်မှုမရရှိ‌သေး

3482

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

မြဝတီနှင့် မဲ‌ဆောက်မြို့ကို ဆက်သွယ်ထား‌သော မြန်မာ-ထိုင်း ချစ်ကြည်‌ရေးတံတားအမှတ် (၂) စီမံကိန်းကို သတ်မှတ် ကာလအတွင်း အပြီးသတ် အ‌ကောင်အထည်‌ဖော်ရန် လုပ်ထုံးလုပ်နည်းအရ ‌မြေ‌လျော်‌ကြေးနှင့် ‌ရွှေ့‌ပြောင်းစရိတ်‌ပေးအပ် ရန် နိုဝင်ဘာလ ၁၂ရက်‌နေ့က စီမံကိန်းဧရိယာတွင် ပါဝင်သည့် ကျန်ရှိ အိမ်ပိုင်ရှင် (၆)ဦးနှင့် အုပ်ချုပ်‌ရေးမှူးများ၊ ဌာနဆိုင် ရာ တာဝန်ရှိသူများက ညှိနှိုင်း‌ပေးကြရာ ‌ပြေလည်မှုမရရှိ‌သေး‌ကြောင်း ပါဝင်ညှိနှိုင်း‌ပေးသည့် တာဝန်ရှိသူများထံမှ သိရသည်။

ညှိနှိုင်းမှုတွင်ပါဝင်သည့် မြဝတီ(အမှတ်-၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က “ လက်ရှိ က ထိုင်း-မြန်မာ အမှတ် (၂)ချစ်ကြည်‌ရေးတံတားက ရာနှုန်းပြည့်နီးပါးပြီးသွားပြီ။ ဒီ ၂၀၁၈ ဒီဇင်ဘာမှာ ဒီ‌မြေယာ ‌မြေရှင်း လင်း‌ရေးနဲ့ပတ်သက်ပြီး‌တော့ အပြီးသတ်ရှင်းလင်းပြီး‌တော့ လက်ရှိ‌ဆောက်လုပ်‌နေတဲ့ ထိုင်းဘက်ခြမ်းကို အပ်‌ပေးရမယ်။ စီမံကိန်းထဲမှာအားလုံး‌ပေါင်း အိမ်‌ထောင်စု (၉၀)‌ကျော်မှာ အခုအိမ်‌ခြောက် လုံးကျန်တာ ဒီ ၁၃ ရက်‌နေ့ အပြီး ရှင်းလင်းဖို့ သတိ‌ပေးစာထုတ်တဲ့အတွက် မ‌နေ့က ကျ‌နော်တို့ ညှိနှိုင်း‌ပေး‌ပေမဲ့ ‌ပြေလည်မှုမရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အိမ်ပိုင်ရှင်များအ‌နေဖြင့် လက်ရှိ‌ဖောက်လုပ်‌နေ‌သော လမ်းအူ‌ကြောင်း မှားယွင်းမှု‌ကြောင့် ၎င်းတို့ အိမ်‌မြေများကို လာ ‌ရောက်ထိခိုက်ခြင်းဖြစ်‌ကြောင်း ထို့အတွက်
ပြည်‌ထောင်စုတရားလွှတ်‌တော်သို့ စာတင်ထား‌ကြောင်း ‌ဒေသခံများအ‌နေ ဖြင့် လက်ရှိ ညှိနှိုင်းမှုကို လက်မခံနိုင်ဘဲ တရားဥပ‌ဒေ လမ်း‌ကြောင်းအတိုင်း ဆက်သွားမည် ဖြစ်‌ကြောင်းလည်း ဦးသန့်ဇင် ‌အောင် ကဆက်‌ပြောသည်။

အလားတူ စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် အိမ်‌ထောင်စု (၉၀)‌ကျော်အတွက် ‌မြေယာ‌လျော်‌ကြေးများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ‌လောက်တွင် မြဝတီမြို့၌‌ပေးအပ်ခဲ့ပြီးဖြစ်‌သော်လည်း လက်ရှိတွင် ၎င်းအိမ်‌ထောင်စု (၆)လုံးအပါအဝင် ‌မြေဂရမ်ကျ အိမ်‌ထောင်စုတစ်ခုကျန်ရှိ‌နေ‌သေးခြင်းဖြစ်ပြီး လွှတ်‌တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်‌ရေးမှူးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယခုလို ‌ခေါ်ယူ ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့ ဒီလိုမညှိနှိုင်းခင်အချိန် အရင်တုန်းက နိုင်ငံ‌တော်၏ လုပ်ပိုင်ခွင့်က‌နေ ဖယ်ရှားရှင်းလင်းဖို့ စီစဉ်ထား‌ပေမဲ့ ဝါတွင်းကာလအတွင်းမှာမလုပ်ဖို့ ကျ‌နော်တို့လွှတ်‌တော်အမတ်‌တွေ ‌မေတ္တာရပ်ခံထားတာ‌ကြောင့် မလုပ်‌သေးဘဲနဲ့ ကျ‌နော်တို့က ကြားက‌နေ ‌နေပြီး‌တော့မှ သူတို့‌ဒေသခံ‌တွေ လိုချင်တဲ့ပုံစံအတိုင်း ညှိနှိုင်း‌ပေးတာ‌ပေါ့။ ဒါ‌ပေမဲ့ အဆင်မ‌ပြေ ဘူး။ ဒါ‌ကြောင့် ဆက်လက်ညှိနှိုင်းလို့မှ‌ပြေလည်မှုမရရှိရင်‌တော့ အစိုးရရဲ့ လုပ်ပိုင်ခွင့် အတိုင်း ဖယ်ရှားရှင်း လင်းမှု‌တွေကို ဆက်လက်လုပ်‌ဆောင်သွားဖို့ရှိတယ်” ဟုလည်း ဦးသန့်ဇင်‌အောင်က ဖြည့်စွက်‌ပြောသည်။

နိုင်ငံ‌တော်စီမံကိန်းဖြစ်ပြီး မဟာမဲ‌ခေါင်‌ဒေသကြီးအတွက် စီးပွား‌ရေးအကျိုးဖြစ်ထွန်းနိုင်မည့် မြန်မာ-ထိုင်း ချစ်ကြည်‌ရေးတံတား အမှတ်(၂)စီမံကိန်းကို
မြန်မာနိုင်ငံဘက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၅)ရပ်ကွက်၊ ‌ရေပူ‌နေရာနှင့် ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့နယ်၊ ဝမ်းစကင်း‌ကျေးရွာကို ချိတ်ဆက်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃ဝ ရက်‌နေ့က စတင်တည် ‌ဆောက်ခဲ့ခြင်းဖြစ်သည်။

အမှတ် (၂)တံတားသည် အရှည် ၇၆ဝ မီတာ၊ အကျယ် ၁၇ မီတာရှိပြီး စီမံကိန်း အစအဆုံး ၂၁.၄ဝ ကီလိုမီတာ ရှည်လျားကာ ၎င်းတံတားကို ထိုင်းနိုင်ငံဘက်မှ အကုန်ကျခံကာ ဘတ်‌ငွေ သန်း ၃,၉၀ဝ (သုံး‌ထောင်ကိုးရာ) အသုံးပြုထားသည်ဟု ထိုင်းနိုင်ငံ အ‌ဝေး‌ပြေးလမ်းဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ တံတား ပြင်ဆင်‌ဆောင်ရွက်မှု ရာနှုန်းပြည့်နီးပါးရှိပြီးဖြစ်၍ လာမည့်နှစ် ၂၀၁၉ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်သွားနိုင်ရန် နှစ်နိုင်ငံအစိုးရမှ စီစဉ်ထားသည်ဟု သိရသည်။