Home အမြင်သဘောထား လက်ရှိငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲများကို KNU ယာယီဆိုင်းငံ့ထားခြင်းအ‌ပေါ် ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ၏ အမြင်သ‌ဘောထားနှင့် ငြိမ်းချမ်း‌ရေး လမ်းညွန်ချက်

လက်ရှိငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲများကို KNU ယာယီဆိုင်းငံ့ထားခြင်းအ‌ပေါ် ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ၏ အမြင်သ‌ဘောထားနှင့် ငြိမ်းချမ်း‌ရေး လမ်းညွန်ချက်

4259

ငြိမ်းချမ်း‌ရေးအမြင်

မြန်မာပြည်မှာ လုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေးက အချိန်အားဖြင့် ‌တော်‌တော်‌လေးကို ကြာလည်းကြာခဲ့ပါပြီး။ ပထမ လွှတ် ‌တော်သက်တမ်း ၅နှစ်ကာလ အ‌တောအတွင်းမှာလုပ်တဲ့ ငြိမ်းချမ်း‌ရေးက ‌မျှော်လင့်ချက်၊ ရည်ရွယ်ချက်‌လေး‌တွေနဲ့ သူ့ရဲ့ မူ‌ဘောင်‌တွေနဲ့ သွားတဲ့ အစီအစဉ်ဆို‌တော့ မဆိုးဘူးလို့ ဒီလို‌ပြောလို့ရပါတယ်‌နော်။ ဒုတိယမြန်မာ့လွှတ်‌တော်သက်တမ်းမှာ ဒီဘက် ၂၀၁၅-၁၆-၁၇-၁၈ ဒီဘက်‌ရောက်လာတဲ့အခါကျ‌တော့ ငြိမ်းချမ်း‌ရေး‌ဆောင်ရွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး‌တော့ ဆရာ ‌တော်တို့ အားမရ‌တော့ဘူး။ အားမရဘူးဆိုတာက ‌ပေးထားတဲ့‌ခေါင်းစဉ်နဲ့ လုပ်‌ဆောင်တဲ့ အစီအစဉ်‌တွေက နည်းလမ်းမကျဘူး လို့ ဆရာ‌တော်တို့က အဲလိုမြင်ပါတယ်။
‌ဆွေး‌နွေးရမယ့် အ‌ကြောင်းအရာက ငြိမ်းချမ်း‌ရေးကို မ‌ဆွေး‌နွေးဘဲနဲ့ ငြိမ်းချမ်း‌ရေးနဲ့ မပတ်သက်တဲ့ တိုင်းရင်းသားအား လုံး လက်မခံနိုင်တဲ့ အ‌ကြောင်းအရာ‌တွေ ‌ဆွေး‌နွေးတာကို ‌တွေ့ရတယ်။ အထူးသဖြင့် အခု သွား‌နေတဲ့ကိစ္စက ငြိမ်းချမ်း‌ရေးကို ငြိမ်းချမ်း‌အောင်ပြုပြီးပြီဆိုရင် ငြိမ်းချမ်း‌ရေးပြီးရင် နိုင်ငံ‌ရေးသွားရင်သွားမယ်။ အခုဟာက ငြိမ်းချမ်း‌ရေးကို ဘန်းပြပြီး နိုင်ငံ‌ရေး ဆွဲထည့်တဲ့ အစီအစဉ်နဲ့ လုပ်‌နေတာ‌တွေ့ရ‌တော့ ဆရာ‌တော်တို့အ‌နေနဲ့က KNU ‌တွေရဲ့ NCA လက်မှတ်ထိုးထားတဲ့ အစီအစဉ် ပြီးတဲ့‌နောက် ဒီဘက်‌နောက်ပိုင်းမှာ KNU ‌တွေ ယာယီအားဖြင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ယာယီ ရပ်နားထားတယ်ဆိုတာကို ကြား ရလို့ မှားတဲ့အစီအစဉ်‌တော့ မဟုတ်ဘူး။ ဆရာ‌တော်‌တော့ ဒီအတိုင်း မြင်ပါတယ်။
ဒီငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်တာ‌တွေလည်း အရင့်အရင်က KNU တို့ကို ဆရာ‌တော် အကြိမ်ကြိမ် အခါခါ သတိ‌ပေးခဲ့ပါ တယ်။ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးတာလား။ နိုင်ငံ‌ရေး‌ဆွေး‌နွေးတာလား။ ငြိမ်းချမ်း‌ရေးနဲ့ နိုင်ငံ‌ရေးကို ဒွန်မတွဲပါနဲ့။ နိုင်ငံ‌ရေးဆိုတာက အများပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ၊ ငြိမ်းချမ်း‌ရေးဆိုတာက ceasefire နှစ်ဦးနှစ်ဖက် ‌ကျေ‌အေး သည်းခံ ခွင့်လွှတ်‌ပေးရ မယ်။ ဒါက အစီအစဉ်ဆို‌တော့ အခုက ငြိမ်းချမ်း‌ရေးလိုလို၊ နိုင်ငံ‌ရေးလိုလိုနဲ့ ပြဿနာ ဒွိဟ‌တွေ ဖြစ်ကြတယ်လို့ ဆရာ‌တော် ပဏာမအ‌နေနဲ့ KNU ‌တွေကို ‌ပြောကြားလိုပါတယ်။

‌ဆွေး‌နွေးပွဲ ဆိုင်းငံ့မှုအ‌ပေါ် ရှုမြင်ချက်

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲကို ယာယီရပ်ဆိုင်းထားတဲ့အ‌ပေါ် KNU ရဲ့လုပ်‌ဆောင်ချက်က ဒါဟာ နည်းစနစ်ကို နည်းမှန် လမ်းမှန်ကို ရှာကြံတဲ့ အစီအစဉ်ပဲလို့ ဆရာ‌တော်မြင်ပါတယ်။ KNU က တစ်စည်းတစ်လုံးတည်း၊ တစ်‌သွေးတည်း တစ်သံတည်း တစ်မိန့်တည်း ရှိ‌နေပါတယ်။ ဘယ်ပုဂ္ဂိုလ်ရဲ့ ရှု‌ထောင့်မှ၊ ဘယ်ပုဂ္ဂိုလ်‌တွေရဲ့ဟာကွက်မှ၊ ဘယ်ပုဂ္ဂိုလ်‌တွေရဲ့ ဩဇာအာဏာ ‌အောက်မှာမှ ‌နေတဲ့အဖွဲ့အစည်းလည်း မဟုတ်ဘူးဆို‌တော့ ဒီငြိမ်းချမ်း‌ရေးအတွက်‌ကြောင့်နဲ့ KNU တစ်ခုလုံး၊ KNU တစ်ဖွဲ့လုံး ပျက်စီးသွားရတဲ့ အထိ‌တော့ မဖြစ်နိုင်ပါဘူး။ KNU အဖွဲ့အစည်းထဲမှာ ဘယ်ပဒိုကြီးက ထွက်သွားတယ်။ ဘယ်ပဒိုကြီးက မပါဝင် ‌တော့ဘူး ဆိုတာလည်း မရှိပါဘူး။ ဒါ ဆရာ‌တော်တို့ အပြင်အ‌နေနဲ့ အဲဒီအတိုင်း ကြားပါတယ်။
တကယ်တမ်းကျ‌တော့ ဒီငြိမ်းချမ်း‌ရေးကို အ‌ကြောင်းပြပြီး‌တော့ ငြိမ်းချမ်း‌ရေးကို ဘန်းပြပြီး‌တော့ နိုင်ငံ‌ရေး လှည့်ကွက် လုပ်‌နေတဲ့ နိုင်ငံ‌ရေးသမား‌တွေရဲ့ လက်ချက်က ငြိမ်းချမ်း‌ရေးကို ပျက်ပြယ်‌အောင်လုပ်တယ်လို့ ဆရာ‌တော်က ဒီအတိုင်းပဲ မြင်ပါ တယ်။ အထူးသဖြင့် နိုင်ငံ‌ရေးလုပ်တဲ့ အဖွဲ့အစည်းအားလုံးက နိုင်ငံ‌ရေးကို ချီတက်တာမဟုတ်ဘဲနဲ့ နိုင်ငံ‌ရေးကို ဘန်းပြပြီး၊ ငြိမ်း ချမ်း‌ရေးကို ဘန်းပြပြီး‌တော့ တိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေး‌တွေကို ဖျက်ဆီးရာ ဖျက်ဆီး‌ကြောင်း လုပ်‌နေတယ်လို့ ဆရာ ‌တော်က ဒီအတိုင်း မြင်ပါတယ်။
ပြည်‌ထောင်စုသ‌ဘောတူညီချက် စာချုပ်က တိုင်းရင်းသားအားလုံး‌တွေနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ NCA လက်မှတ်‌ရေး ထိုးပြီးရုံ‌လေးနဲ့ မပြီးပြတ်‌သေးပါဘူး။ ပြည်‌ထောင်စု သ‌ဘောတူညီမှုစာချုပ်ကို ချုပ်‌တောင် မချုပ်ရ‌သေးဘူး။ ငါတို့ တိုင်းရင်းသား ‌တွေကို အခွင့်အ‌ရေးပြိုပျက် ပျက်စီးသွား‌အောင် လုပ်‌နေတဲ့ အဖွဲ့အစည်း‌တွေက နိုင်ငံ‌ရေးအုပ်စု‌တွေကပဲ အဲဒီနိုင်ငံ‌ရေးလုပ် ‌ဆောင်တဲ့ အုပ်စု‌တွေရဲ့ လုပ်‌ဆောင်မှု အစီအစဉ်‌တွေက ပူးသလို ‌ပေါင်းသလို၊ မပူးသလို မ‌ပေါင်းသလိုနဲ့ အာဏာကို အကြိမ် ကြိမ် အခါခါ ရယူတဲ့ဆန္ဒ‌တွေ‌ကြောင့် ဒီငြိမ်းချမ်း‌ရေးကို ဘန်းပြပြီး‌တော့ လုပ်‌ဆောင်တယ်လို့ပဲ ဆရာ‌တော်ဒီအတိုင်းပဲ မြင်ပါ တယ်။

ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး သတိ‌ပေးချက်

KNU သည် ကရင်အမျိုးသားအားလုံးအတွက်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးတို့အတွက် ဖြူစင်‌သော‌စေတနာဖြင့် ငြိမ်း ချမ်း‌ရေးကို တကယ်လုပ်‌နေပါတယ်။ ငြိမ်းချမ်း‌ရေး‌ခေါင်းစဉ်တပ်ပြီး‌တော့ နိုင်ငံ‌ရေးအ‌သွေးအ‌ရောင်မျိုးစုံနဲ့ အစိတ်စိတ် အမွှာမွှာ လုပ်‌ဆောင်တဲ့ အဲဒီ နိုင်ငံ‌ရေးပြစားတဲ့လူ‌တွေကို သတိပြုပါ။ တနည်းအားဖြင့် NCA လက်မှတ်ထိုးပြီးကတည်းကိုက ဆရာ‌တော် ကိုယ်တိုင်က KNU ကို အမြဲတမ်း ‌ပြော‌လေ့‌ပြောထရှိတယ်။ ဒါ‌ကြောင့်မို့ ဒီ‌နေ့ဒီချိန်ကစပြီး KNU က NCA လက်မှတ်‌ရေးထိုးထား တဲ့ ‌ခေတ္တအားဖြင့် ငြိမ်းချမ်း‌ရေးကို ရပ်စဲထားခြင်းသည် ကရင်တစ်မျိုးသားလုံးအတွက်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံး တို့ရဲ့ ပြည်‌ထောင်စုကြီးရဲ့ ဖြစ်‌ပေါ်လာမယ့် အ‌ခြေခံသ‌ဘောတရား‌တွေကို ‌စောင့်သိတဲ့အ‌နေအထားပဲလို့ ဆရာ‌တော်အ‌နေနဲ့ သုံးသပ်ပါတယ်။
ဒါ ဆရာ‌တော်‌စေတနာအမှန် KNU ကို အဲဒီအတိုင်းပဲ ဆရာ‌တော် သတိ‌ပေးပါတယ်။ သို့‌သော် ဘာလုပ်လုပ် ကရင်တစ် မျိုးသားလုံးအတွက် မပါဘဲနဲ့ ဆိုရင်‌တော့ KNU သည် ဘာမှလုပ်စရာမလို၊ ဘာလုပ်လုပ် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအ တွက် မပါဘူးဆိုရင် KNU သည် ဘာမှ နိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေး စဉ်းစားစရာ မလိုဘူး။ ယ‌နေ့ federal ပြည်‌ထောင်စုစနစ်ကို တက်လှမ်းပြီး‌တော့ ချီတက်တဲ့အချိန်အခါမှာ သည်းခံခြင်း၊ စည်းလုံးခြင်း၊ ညီညွတ်ခြင်း ဒါကို‌တော့ ဦးတည်ထားရမယ်။ NCA လက်မှတ်ထိုးထားလို့ ငါတို့‌တွေ ကတိပျက်ခြင်း မဟုတ်ဘူး။ NCA လက်မှတ်‌ကြောင့် ငါတို့ကရင်တစ်မျိုးသားလုံး ပျက်စီးသွား တာကိုလည်း မလိုလားဘူး။
ပြည်‌ထောင်စုသ‌ဘောတူစာချုပ်ကို ချုပ်ဆိုလိုတဲ့ ဆန္ဒတစ်ခုတည်းက‌နေ၍ အခြား ဘာမှ‌ပြောစရာမရှိဘူး။ အဲ‌တော့ ဒီကြားထဲမှာ KNU တို့ ငြိမ်းချမ်း‌ရေး ယာယီရပ်ဆိုင်းထားတာဟာ ငြိမ်းချမ်း‌ရေးကို ဦး‌ဆောင်တဲ့ ပုဂ္ဂိုလ်‌တွေရဲ့ သ‌ဘောထား မစစ် မမှန်လို့၊ တနည်းအားဖြင့် ငြိမ်းချမ်း‌ရေးကို ဦး‌ဆောင်တဲ့ ပုဂ္ဂိုလ်‌တွေရဲ့ သ‌ဘောထား‌တွေက တစ်နည်းအားဖြင့် တိုင်းရင်းသားအ ချင်းချင်း မတည့်‌အောင် ပျက်ပြီး‌တော့ အကျိုးတရားအားလုံး ပျက်စီး‌အောင် လုပ်‌ဆောင်‌နေတဲ့ စိတ်ဓာတ်‌လေး‌တွေ‌ပေါ်လာလို့ KNU တစ်ခုလုံး ငြိမ်းချမ်း‌ရေးကို ယာယီအားဖြင့် ရပ်ဆိုင်းထားတယ်လို့ ဆရာ‌တော်အ‌နေနဲ့ မြင်ပါတယ်။
ကျန်းမာပါ‌စေ။