Home သတင်း မွန်၊ ကရင်ရှိ လူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လုပ်‌ဆောင်ရန်ရှိဟု ကန်သံအမတ်‌ပြော

မွန်၊ ကရင်ရှိ လူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လုပ်‌ဆောင်ရန်ရှိဟု ကန်သံအမတ်‌ပြော

2381

‌အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

မြန်မာပြည် အ‌ရှေ့‌တောင်ပိုင်း မွန်နှင့် ကရင်ရှိ ‌ဒေသခံလူထုအတွက် အကျိုးပြုမည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆက်လက်တိုးချဲ့လုပ်‌ဆောင်သွားရန်ရှိ‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်သံအမတ်ကြီး Mr. Scot Marciel ‌ပြောဆိုသည်။

အ‌မေရိကန်သံအမတ်အ‌နေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ခဲ့သည့် မွန်၊ ကရင်ပြည်နယ် ခရီးစဉ်အပြီး ယ‌နေ့ ‌အောက်တို ဘာလ ၁၉ ရက်‌နေ့ ဖားအံမြို့ရှိ Pact in Myanmar ရုံးတွင်ပြုလုပ်သည့် ၎င်း၏ခရီးစဉ်ရှင်းလင်းပွဲတွင် ယခုလို‌ပြောဆိုလိုက် ခြင်းဖြစ်သည်။

၎င်းက ” ကျ‌နော်တို့ အဓိကကူညီ‌ပေး‌ရေးအဖွဲ့ထဲမှာ ကျန်းမာ‌ရေး အဖွဲ့အစည်းအများကြီးပါတယ်။ အဲဒီအပြင်ပညာ‌ရေး၊ အလုပ်အကိုင်အခွင့်အလှမ်းရရှိ‌ရေး ၊ အသက်‌မွေးဝမ်းမှုလုပ်ငန်း‌တွေ ‌ပေါ်‌ပေါက်လာ‌ရေး လုပ်ငန်းကိုလည်း ‌နောက်ထပ်လုပ်ငန်း‌တွေ ဆက်တိုးချဲ့လုပ်သွားဖို့ ရှိပါတယ်” ဟု‌ပြောသည်။

ထိုသို့ဆက်လက် တိုးချဲ့မည့် လူထုအကျိုးပြုလုပ်ငန်းများထဲတွင် ပညာ‌ရေး၊ အလုပ်အကိုင်အခွင့်အလှမ်းရရှိ‌ရေး ၊ အ သက်‌မွေးဝမ်း‌ကျောင်းပြုလုပ်ငန်းများ ‌ပေါ်‌ပေါက်လာ‌ရေးတို့ ပါဝင်သည့်အပြင် ကရင်ပြည်နယ်အတွင်းသဘာဝ‌ဘေး အန္တရာယ် အတွက် ကြိုတင်ပြင်ဆင်ရမည့် စွမ်းရည်မှုမျိုးကိုလည်း သင်ကြား‌ပေးမည့် အစီအစဉ်များပါဝင်မည်ဖြစ်‌ကြောင်း သံအမတ်ကြီးက ခရီးစဉ်ရှင်းလင်းပွဲတွင် ထည့်သွင်း‌ပြောဆိုသည်။

ထို့အပြင် အ‌မေရိကန်သံအမတ်ခရီးစဉ်အတွင်း မွန်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ KNU-ကရင် အမျိုးသားအ စည်းအရုံး၊ မွန်ပြည်သစ်ပါတီ(NMSP)တို့အပြင် ‌ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများ နှင့်‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့ရာ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အ‌မေရိကန်အ‌နေဖြင့် ဆက်လက်ပံ့ပိုးနိုင်မည့် အပိုင်းများ ကိုလည်း သက်ဆိုင်ရာအဖွဲ့များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့‌ကြောင်း လည်းသိရသည်။

အကူညီ‌ပေး‌ရေး အစီအစဉ်နှင့်ပတ်သက်၍ ထိ‌ရောက်သည့် အကျိုးရလဒ်များရရှိရန် နှင့်‌ဒေသခံလူထုများ၏ လက်ရှိဖြစ်‌ပေါ်‌နေသည့် အ‌နေအထားများကို သိရှိရန် မွန်နှင့်ကရင်ပြည်နယ်များသို့ သံအမတ်အ‌နေဖြင့် သွား‌ရောက်‌လေ့လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ကုန်ပိုင်းတွင် ကရင်ပြည်နယ်သို့ တစ်ကြိမ် လာ‌ရောက်‌လေ့လာမှုများပြုလုပ်ခဲ့‌သေးသည်။