Home သတင်း ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ကျပ်သိန်း ၅,၀၀ဝ ‌ပေးသွင်းသွားမည်ဟု UHM ဆို

‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ကျပ်သိန်း ၅,၀၀ဝ ‌ပေးသွင်းသွားမည်ဟု UHM ဆို

2273

ဇူလိုင် ၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ဖားအံမြို့တွင် နိုင်ငံတကာအဆင့်မီ ‌ဈေးဝယ်စင်တာ-Shopping Center တည်‌ဆောက်ရန် ပြည်နယ် အစိုးရနှင့် စာချုပ်ချုပ်သည့်အချိန်တွင် ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ကျပ်သိန်း ၅,၀၀ဝ ‌ပေးသွင်းသွားမည် ဟု UHM ကုမ္ပဏီ Managing Director ဦးထွန်း‌အောင်‌ရွှေက ယ‌နေ့(ဇူလိုင် ၃ ရက်)တွင် ‌ပြောသည်။

ဦးထွန်း‌အောင်‌ရွှေက “တင်ဒါ စည်းမျဉ်းစည်းကမ်းအရ အဆိုပြုပုံစံကို ဘယ်လိုလုပ်ပါမယ်။ အစိုးရကို ဘယ်လိုအ‌ပေးအယူလုပ်ပါမယ်။ အခြား ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ဘာလုပ်‌ပေးပါမယ်ဆိုတဲ့ တင်ဒါထဲ မှာ ပါတဲ့အချက်‌တွေကို အဆိုပြုခဲ့တာ‌ပေါ့။ ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းကို ‌ပေးသွင်းမယ်လို့ အဆိုပြုတဲ့ အတွက် သိန်း ၅,၀၀ဝ ‌ပေးသွင်းသွားမယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

UHM ကုမ္ပဏီ အ‌နေဖြင့် ယခုလအတွင်း ပြည်နယ်အစိုးရနှင့် စာချုပ်ချုပ်ဆိုရန်ရှိ‌နေပြီး ဇူလိုင် ၁ ရက် ‌နေ့မှ စတင်ကာ စီမံကိန်းအကြိုလုပ်ငန်းများအဖြစ် ‌မြေညှိ ‌မြေရှင်းခြင်း၊ ခြံခတ်ခြင်း ပြုလုပ်ပြီး‌နောက် တည်‌ဆောက်‌ရေးလုပ်ငန်းများအား ဩဂုတ်လတွင် စတင်လုပ်‌ဆောင်မည်ဟုလည်း ဦးထွန်း‌အောင်‌ရွှေ က ဆက်‌ပြောသည်။

Shopping Center အတွက် လွန်ခဲ့‌သော မတ်လက စတင်တင်ဒါ‌ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၁ဝ ခု‌ကျော် ‌လျှောက်ထားခဲ့ရာ ထိုအထဲမှ ချစ်လင်းမြိုင်အစုအဖွဲ့၊ ဂမုန်းပွင့်၊ UHM စ‌သော ကုမ္ပဏီများကို ‌မေလ ၃၁ ရက်‌နေ့တွင် ပဏာမ‌ရွေးချယ်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က အဆိုပါ ကုမ္ပဏီ ၃ ခုမှ တင်ဒါ‌အောင်မြင်သွားသည့် UHM Development Co.Ltd ကုမ္ပဏီ၏ အမည်ကို ဇွန် ၂၁ ရက်‌နေ့တွင် ‌ကြေညာခဲ့ပြီး Shopping Center ကို ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ စု‌ပေါင်း‌မြေဧရိယာ ၃ ဒသမ ၃၃၄ ဧကရှိ‌သော ကားဝင်း‌ဟောင်း တွင် တည်‌ဆောက်သွားမည်ဖြစ်သည်။

“ဇွဲကပင်ပလာဇာ” ဟု နာမည်‌ပေးရန်လျာထားသည့် ‌ဈေးဝယ်စင်တာထဲတွင် ‌ဈေးဆိုင်ခန်းများအပြင် က‌လေးကစားကွင်းများ၊ ရုပ်ရှင်ရုံ၊ စား‌သောက်ဆိုင်၊ စည်း‌ဝေးခန်းမ၊ ရုံးခန်းများ စုံစုံလင်လင် ပါရှိသွား မည်ဖြစ်ပြီး ‌ငွေကျပ် (၁၁) ဘီလီယံ အကုန်ကျခံ တည်‌ဆောက်သွားမည်ဟု UHM ကုမ္ပဏီထံမှ သိရ သည်။
ယခုတည်‌ဆောက်မည့် Shopping Mall မှာ ကရင်ပြည်နယ်အတွင်း ပထမဆုံး‌သော ‌ဈေးဝယ်စင်တာ Shopping Mall တစ်ခုဖြစ်လာမည်ဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် ၎င်းမှရရှိလာ‌သော အကျိုးအမြတ် ‌ငွေပမာဏများကို ပြည်နယ်ဖွံ့ဖြိုး‌ရေးအတွက် ပြန်လည်လုပ်‌ဆောင်သွားမည် ဖြစ် ‌ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ‌ပြောသည်။

UMH ကုမ္ပဏီသည် ဖားအံမြို့ရှိ ‌ရွှေဖားစည်အိမ်ရာစီမံကိန်းများ၊ ကမ်းနားလမ်းတည်‌ဆောက်‌ရေး လုပ် ငန်းများအပြင် ‌မော်လမြိုင်မြို့ရှိ Ocean ‌ဈေးဝယ်စင်တာများ၊ အိမ်ရာစီမံကိန်းနှင့် အခြား အထင်ကရ စီမံကိန်းများကိုလည်း တာဝန်ယူ‌ဆောက်လုပ်‌နေ‌သောကုမ္ပဏီဖြစ်သည်။