Home သတင်း ‌ကေအဲန်ယူ ၏ (၈) ကြိမ်‌မြောက် မျိုးဆက်သစ်‌ခေါင်း‌ဆောင်မှုသင်တန်း စတင်ဖွင့်လှစ်

‌ကေအဲန်ယူ ၏ (၈) ကြိမ်‌မြောက် မျိုးဆက်သစ်‌ခေါင်း‌ဆောင်မှုသင်တန်း စတင်ဖွင့်လှစ်

2033

ဇူလိုင် ၁ဝရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

KNU -ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှ ဦး‌ဆောင်ဖွင့်လှစ်သည့် (၈)ကြိမ်‌မြောက် မျိုးဆက်သစ်‌ခေါင်း ‌ဆောင် မှု သင်တန်း‌ကျောင်း(NGLP)ကို ‌ကေအဲန်ယူနယ်‌မြေ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ‌သေ‌ဘောထာ‌နေရာ၌ ယမန် ‌နေ့ (ဇူလိုင် ၉ရက်) နံနက်(၉)နာရီတွင် စတင်ဖွင့်လှစ်လိုက်သည်။

ယခုနှစ် ဖွင့်လှစ်သည့် သင်တန်းတွင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ခရိုင်နှင့် တပ်မဟာ ၇ ခုရှိ လူငယ်များ၊ ‌ကေ အဲန်ယူဗဟို လက်‌အောက်ခံ ဌာနဆိုင်ရာရှိ လူငယ်များမှ သင်တန်းသူ၊ သင်တန်းသား (၃၅)ဦး တက်‌ရောက် ကြမည်ဖြစ်သည်။

ယခုနှစ်ဖွင့်လှစ်လိုက်သည့် သင်တန်း‌ကျောင်းနှင့်ပတ်သက်ပြီး ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စော လှထွန်းက “လူမျိုးတစ်မျိုးပဲဖြစ်ဖြစ် သူ့လူမျိုးကို အနာဂတ်မှာ ဦး‌ဆောင်နိုင်မဲ့ အမျိုးသား‌ခေါင်း ‌ဆောင်‌တွေ ‌ပေါ်လာဖို့ အတွက် လုပ်‌ပေးရမှာဖြစ်တယ်။ ‌နောက်ပြီး ကိုယ့်နိုင်ငံကို ဦး‌ဆောင်နိုင်မဲ့ အနာဂတ်‌ခေါင်း‌ဆောင် ‌တွေကို ‌ပေါ်ထွန်းလာဖို့ နဲ့‌ကောင်းမွန်တဲ့ ‌ခေါင်း‌ဆောင်‌တွေ‌ပေါ်ထွန်းလာဖို့အတွက်ဖြစ်တယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ သင်တန်း‌ကျောင်းတွင် ကရင်‌တော်လှန်‌ရေးသမိုင်း၊ မြန်မာနှင့်ကမ္ဘာ့သမိုင်း၊ ‌ခေါင်း‌ဆောင်မှုနှင့်စီမံခန့်ခွဲမှု၊ ‌ကေအဲန်ယူမူဝါဒနှင့် လမ်းစဉ်လုပ်ငန်းစဉ်များ၊ နိုင်ငံ‌ရေးသိပ္ပံ၊ ဥပ‌ဒေ‌ရေးရာနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ၊ အ‌ခြေခံစစ် သင်တန်းနှင့် အ‌ထွေ‌ထွေဗဟုသုတများကို တစ်နှစ်ခွဲကြာ စာ‌တွေ့၊ လက်‌တွေ့သင်ကြား‌ပေးမည်ဟု သိရသည်။

မျိုးဆက်သစ် ‌ခေါင်း‌ဆောင်မှုသင်တန်း‌ကျောင်းကို ကွယ်လွန်သူ ယခင် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းမှ ကြီးမှူးကာ ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း‌ကျောင်းကို စာသင် နှစ် (၄) ကြိမ်‌မြောက်မှ စတင်၍ (၂)နှစ်တစ်ကြိမ် ဖွင့်လှစ်လာခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်‌ကြောင်း သိရ သည်။