Home သတင်း ယခုနှစ် ကရင်ပြည်နယ်တွင် ကရင်စာ သင်ကြားသူ ၇ ‌သောင်း‌ကျော်ရှိ‌နေ

ယခုနှစ် ကရင်ပြည်နယ်တွင် ကရင်စာ သင်ကြားသူ ၇ ‌သောင်း‌ကျော်ရှိ‌နေ

1832

ဇူလိုင် ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ယခုနှစ် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်၏ ဇွန်လ စာရင်းအရ ကရင်ပြည်နယ်ရှိ အစိုးရ၏ အ‌ခြေခံပညာ စာသင် ‌ကျောင်းများတွင် ကရင်စာသင်ကြားသည့် ‌ကျောင်းသားဦး‌ရေမှာ ၇၂,၁၅၉ ဦးရှိ‌ကြောင်း ပြည် နယ် ပညာ‌ရေးမှူးရုံး၏ စာရင်းအရ သိရသည်။

ယမန်နှစ် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်၏ ‌ဖေ‌ဖော်ဝါရီလချုပ် စာရင်းအရ ကရင်စာသင်ကြားသည့် ‌ကျောင်းသူ ‌ကျောင်းသား‌ပေါင်း ၇၂,၈၅၅ ဦးရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ နိုဝင်ဘာလ လချုပ် စာရင်းအရ ၆၃,၂၃၅ဦး ရှိခဲ့‌ကြောင်း ပညာ‌ရေးမှူးရုံး၏ စာရင်းများတွင် ‌တွေ့ရသည်။

၂၀၁၄-၁၅ ပညာသင်နှစ်မှ ၂၀၁၈-၁၉ အထိ ပြည်နယ်အတွင်း သင်ကြားခဲ့‌သော ကရင်စာ‌ပေများမှာ ပိုး၊ စ‌ကော၊ တ‌လေညာ၊ ဂယ်ဘား၊ ‌လေကွယ်‌ကော်၊ ဘွဲ စသည်တို့ဖြစ်ပြီး အခြားတိုင်းရင်းသား လူမျိုး များဖြစ်သည့် မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကရင်နီ(ကယန်း၊ က‌ယော) တို့လည်း ၎င်းတို့၏ သက်ဆိုင်ရာ စာ‌ပေ များကို သင်ကြား‌နေကြခြင်း ဖြစ်သည်။

ယခုနှစ် ၂၀၁၈-၁၉ ပညာသင်နှစ်၊ ပြည်နယ်ပညာ‌ရေးမှူး၏ ဇွန်လချုပ် စာရင်းများအရ ကရင်ပြည်နယ် အတွင်း တိုင်းရင်းသားစာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း‌ပေါင်း ၁,၃၁၉ ‌ကျောင်း၊ ဆရာ/မဦး‌ရေ ၂,၃၇၇ ဦးနှင့် စာ‌ပေသင်ကြားသူ ‌ကျောင်းသား/သူ စုစု‌ပေါင်း ၈၇,၃၇၇ ဦးရှိသည်ဟု သိရသည်။

ယမန်နှစ် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် တိုင်းရင်းသားလူမျိုးများအ‌ရေးဆိုင်ရာ ‌ကော်မတီ၏ စာရင်း များအရ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားစာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း‌ပေါင်း ၁,၃၅၉ ‌ကျောင်း၊ ဆရာ/မ ဦး ‌ရေ ၂,၅၃၄ဦး၊ ‌နေ့စားလ‌ပေးဆရာ/မ ၅၄ဝဦး နှင့် စာ‌ပေသင်ကြားသူ ‌ကျောင်းသား/သူ စုစု‌ပေါင်း ၈၇,၅၅၂ ဦး ရှိခဲ့သည်ဟု သိရသည်။