Home သတင်း ကျပ်သိန်း (၁ဝဝ) ‌ကျော်တန်ဖိုးရှိ မူးယစ်‌ဆေးဝါးများကို ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ မီးရှို့ဖျက်ဆီး

ကျပ်သိန်း (၁ဝဝ) ‌ကျော်တန်ဖိုးရှိ မူးယစ်‌ဆေးဝါးများကို ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ မီးရှို့ဖျက်ဆီး

3102
Photo-KNU/KNLA-PC

ဇွန်လ ၂၆ ရက်‌နေ့ ၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA–PC)သည် ယ‌နေ့ (ဇွန်လ၂၆ရက်) ကျ‌ရောက်သည့် ကမ္ဘာ့မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး‌နေ့ အထိမ်းအမှတ်အဖြစ် စုစု‌ပေါင်းကာလတန်ဖိုး ၁၀,၇၈၄,၈၄၃ ကျပ် (သိန်း ၁ဝဝ ‌ကျော်) တန်ဖိုးရှိ မူး ယစ်‌ဆေးဝါးများအား ၎င်းတို့ဗဟိုဌာနချုပ်ရုံးတွင် မီးရှို့ဖျက်ဆီးခဲ့‌ကြောင်း တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်ကြီး ‌စော‌ကျော်ညွန့် က‌ပြောသည်။

“ ဒီ ၂၀၁၈ ခုနှစ်အတွင်းမှာ သိမ်းဆည်းရမိတဲ့ WY လို့‌ခေါ်တဲ့ စိတ်ကြွမူးယစ်‌ဆေးဝါး (၅,၃၇၀)ပြား နဲ့ အ‌လေးချိန်(၁) ကျပ်သား‌လောက်ရှိတဲ့ ICE လို့‌ခေါ်တဲ့မူးယစ်‌ဆေးရယ် ၊ ‌ဆေးတံလိုလို ‌ပြောင်းလိုလို ပုံစံနဲ့ မူးယစ်‌ဆေးဆက်စပ်ပစ္စည်း ‌တွေကို မီးရှို့ဖျက်ဆီးတာ ဖြစ်တယ် ” ဟု ဗိုလ်ကြီး‌စော‌ကျော်ညွန့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မူးယစ်‌ဆေးဝါးများအား ဖျက်ဆီးရခြင်းမှာ အနာဂတ်လူငယ်များအ‌နေဖြင့် မူးယစ်‌ဆေးဝါးတွင် သံသရာလည်‌နေပြီး အမျိုးသား‌ရေးလုပ်ငန်းဖြစ်‌စေ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းဖြစ်‌စေ၊ မိမိတိုင်းပြည်အတွက် ကြီးမား‌သော အ‌နှောင့်အယှက် ဖြစ်‌စေနိုင်သည့်အတွက် ‌ဒေသလုံခြုံ‌ရေး နှင့် လူ‌နေမှုဘဝ ဖွံ့ဖြိုးတိုးတက်‌ရေးများကို ‌မျှော်မှန်းပြီး ယခုကဲ့သို့ ‌ဆောင်ရွက် ရခြင်းဖြစ်သည်ဟုလည်း ဗိုလ်ကြီး‌စော‌ကျော်ညွန့်က ဆက်‌ပြောသည်။

၎င်းအပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA) တွင် ပါရှိသည့် ကြားကာလတွင် ‌ဆောင်ရွက်ရမည့်အချက်များဖြစ်သည့် အရပ်သားများအား ‌စောင့်‌ရှောက်ခြင်း ၊ ‌ဒေသဖွံ့ဖြိုးခြင်းများအပြင် အချက်နံ ပါတ် ၆တွင် မူးယစ်‌ဆေးဝါး တားဆီး‌ရေး ကိစ္စများကို သက်ဆိုင်ရာ နိုင်ငံ‌တော်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းပြီး မူးယစ် ‌ဆေးနှိမ်နင်းခြင်းလုပ်ငန်းများကို ‌ဆောင်ရွက်ရန် အချက်များလည်း ပါဝင်သည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့် ၂၀၁၇ ခုနှစ်ကတည်းက တရားမဝင် ‌လောင်းကစားခြင်းများ နှင့် မူးယစ် ‌ဆေးဝါးများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ၎င်းတို့မူဝါဒတွင် ထည့်သွင်းထားပြီး အ‌ကောင်အထည် ‌ဖော်လုပ်‌ဆောင်‌နေ‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောဆိုသည်။

ထိုသို့လုပ်‌ဆောင်ရာတွင် မူးယစ်‌ဆေးဝါး တားဆီး‌ရေးလုပ်ငန်းများကို ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့ပြီး စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များအပြင် မူးယစ်‌ဆေးဝါးနှိမ်နင်း‌ရေးလုပ်ငန်းကိုပါ ‌ဆောင်ရွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ယခုမီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်‌ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများမှာ တစ်နှစ်တာကာလအတွင်း သိမ်းဆည်းရမိ‌သော မူးယစ်‌ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC)၏ တတိယအကြိမ် အဖြစ် ဖမ်းမိမူးယစ်‌ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောသည်။