Home သတင်း ကရင်အမျိုးသားသမိုင်း ပြုစု‌ရေး‌ကော်မတီ Facebook စာမျက်နှာဖွင့်လှစ်၊ အကြံပြုချက်များ ဖိတ်‌ခေါ်

ကရင်အမျိုးသားသမိုင်း ပြုစု‌ရေး‌ကော်မတီ Facebook စာမျက်နှာဖွင့်လှစ်၊ အကြံပြုချက်များ ဖိတ်‌ခေါ်

2213

ဧပြီ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားသမိုင်းပြုစု‌ရေး ‌ကော်မတီ၏ အင်တာနက် Facebook စာမျက်နှာ (www.facebook.com/ KarenHistoryCommittee) ကို မတ်လကုန်ပိုင်းတွင် ဖွင့်လှစ်ထားပြီးဖြစ်သလို အဆိုပါ စာမျက်နှာမှတစ်ဆင့် ‌ကော်မတီထံသို့ ဆက်သွယ်နိုင်‌ကြောင်း ‌ကော်မတီနည်းပညာ အ‌ထောက်အကူပြုအဖွဲ့ဝင် ‌စောထီးမူးက ‌ကေ အိုင်စီသို့ ‌ပြောသည်။

၎င်းက “ ကရင်အမျိုးသားသမိုင်း ပြုစု‌ရေး‌ကော်မတီရဲ့ ‌ဖေ့ဘွတ်စာမျက်နှာဖွင့်လှစ်ထားတယ် ဆိုတာကို အသိ ‌ပေးချင်တယ်။ အဲ့စာမျက်နှာနဲ့ ‌ကော်မတီရဲ့ အီး‌မေးလ်က‌နေတစ်ဆင့် ‌ကော်မတီကို ကရင်သမိုင်းနဲ့ဆိုင်တဲ့ အ‌ထောက် အထား‌တွေ၊ စာတမ်း‌တွေ၊ ‌နောက်ဓာတ်ပုံ‌တွေ ပို့‌ပေးပြီး ပူး‌ပေါင်းပါဝင်ဖို့ အားလုံးကို ‌မေတ္တာရပ်ခံချင် တယ်။ ‌နောက်အဲစာမျက်နှာက‌နေ ‌ကော်မတီရဲ့လုပ်‌ဆောင်ချက်‌တွေ ဖွဲ့စည်းပုံ‌တွေ စတဲ့ကရင်အမျိုးသားသမိုင်း ပြုစု‌ရေး အ‌ခြေအ‌နေ‌တွေကို ထုတ်ပြန်‌ပေးသွားမယ်” ဟု ဧပြီ ၂ဝ ရက်‌နေ့တွင် ‌ပြောသည်။

ထို့အပြင် ကရင်အမျိုးသား သမိုင်းပြုစု‌ရေး ‌ကော်မတီသို့ karennationalhistorycommittee@gmail.com ဂျီ‌မေးလ်မှတစ်ဆင့်လည်း ဆက်သွယ်နိုင်ပြီး အကြံပြုချက်များ၊ သမိုင်းဆိုင်ရာ အ‌ထောက်အထားများ ‌ပေးပို့ကြရန် ဖိတ်‌ခေါ်လိုသည်ဟု ‌စောထီးမူးက ဆက်‌ပြောသည်။

ကရင်အမျိုးသားသမိုင်း ပြုစု‌ရေး‌ကော်မတီကို ကရင်အမျိုးသားများ သမိုင်း အဆင့်မီကျမ်းတစ်‌စောင် ‌ပေါ်‌ပေါက် လာ‌စေရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက စီစဉ်ချိတ်ဆက်မှုဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှ ကထိက ‌ဒေါက်တာနန်းလှိုင်က ဦး ‌ဆောင်ပြုစုသွားမည်ဖြစ်သည်။ ၎င်းအပြင် ‌ကော်မတီနာယကများအဖြစ် ကရင်ဘုန်း‌တော်ကြီးများ၊ ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များနှင့် နယ်ပယ်စုံ ကရင်‌ခေါင်း‌ဆောင်များ အသီးသီးပါဝင်‌ကြောင်း ‌ကော်မတီထံမှ သိရသည်။