Home သတင်း လူထုကို အလုပ်အ‌ကျွေးပြုရန် ‌ကျောင်းသားလူငယ်များအား KNLA ဒုစစ်ဦးစီးချုပ် တိုက်တွန်း

လူထုကို အလုပ်အ‌ကျွေးပြုရန် ‌ကျောင်းသားလူငယ်များအား KNLA ဒုစစ်ဦးစီးချုပ် တိုက်တွန်း

2054

မတ်လ ၃၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌ကေအိုင်စီ

‌ကျောင်းသား ကရင်လူငယ်များအ‌နေဖြင့် မိမိတတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိလူ မျိုးကို ပြန်လည် အလုပ်အ‌ကျွေးပြုရန် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဒုတိယစစ်ဦး စီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက တိုက်တွန်း‌ပြောဆိုလိုက်သည်။

ယမန်‌နေ့ (မတ် ၃ဝရက်)က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ပြုလုပ်ကျင်းပသည့် LMTC (Kaw Thoo Lei College of Leadership and Management) အထက်တန်းလွန်‌ကျောင်း၏ ၉ ကြိမ် ‌မြောက် ‌ကျောင်းဆင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ရဲ့ အားအင်က လူငယ်‌တွေဆီမှာပဲရှိပါတယ်။ စာသင်‌ကျောင်းမှာပဲ ရှိပါတယ်။ အဲဒါ‌ကြောင့် အခု ‌ကျောင်းပြီးသွားတဲ့ ‌ကျောင်းသားလူငယ်‌တွေအ‌နေနဲ့ အမျိုးသား‌ရေး တာဝန်ပဲ ဖြစ်ဖြစ်၊ လူမှုအသိုင်းအဝိုင်းအတွက်ပဲဖြစ်ဖြစ် အမျိုးသားလိုလားချက်ကို ဖြည့်ဆည်း‌ပေးပါလို့ တိုက်တွန်းချင် ပါတယ်။”ဟု ‌ပြောဆိုသည်။

၎င်းအပြင် ကရင်လူငယ်‌မောင်မယ်များအ‌နေဖြင့် လူထုကို အလုပ်အ‌ကျွေးပြုရာတွင် ရင်ဆိုင်ကြုံ‌တွေ့ရမည့် စိန်‌ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်‌ကြောင်း နှင့် မိမိကိုယ်မိမိယုံကြည်မှု တည်‌ဆောက်ပြီး မိမိတို့ ‌မျှော်မှန်းချက်ပန်းတိုင်‌ရောက်ရန် စိန်‌ခေါ်မှုဟူသမျှကို တွန်းလှန်ရမည်ဖြစ်‌ကြောင်း လည်း ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ဖြည့်စွက်‌ပြောဆိုသည်။

ယမန်‌နေ့က ပြုလုပ်သည့် ၉ ကြိ်မ်‌မြောက် LMTC ‌ကျောင်းဆင်းပွဲတွင် KNLA ဒုတိယ စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စောနယ်ဒါးဘိုမြ၊ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စော‌သောသီဘွဲ၊ ကရင်ပညာ‌ရေးဌာန(KED) ဌာနမှူး ပဒို‌စောလါး‌စေးနှင့် ဒုက္ခသည်စခန်းရှိ ပညာ‌ရေးလှုပ်ရှားသူများ၊ ‌ကျောင်းဆရာ/မများ၊ ‌ကျောင်းသူ/သားများ နှင့် မိသားစုဝင်များ အပါအဝင် ၁ဝဝဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

‌ကျောင်းဆင်းပွဲအခမ်းအနား ပထမပိုင်းတွင် ဘုရားဝတ်ပြုခြင်းအစီအစဉ်၊ ဒုတိယပိုင်းတွင် တက်‌ရောက် လာသည့် ‌ခေါင်း‌ဆောင်အသီးသီးမှ အား‌ပေးစကား‌ပြောကြားခြင်း၊ ‌ကျောင်းတာဝန်ရှိသူ၊ ‌ကျောင်းသား ကိုယ်စားလှယ်များမှ ‌ကျေးဇူးတင်စကား‌ပြောကြားခြင်းနှင့် ဒုတိယနှစ်နှင့် ‌နောက်ဆုံးနှစ် တက်‌ရောက်‌အောင်မြင်သွားသည့် ‌ကျောင်းသူ/ ‌ကျောင်းသား (၉၁) ဦးအား ‌အောင်လက်မှတ်များ ‌ပေးအပ်ခဲ့ချီးမြှင့်ခဲ့ကြသည်။

‌နောက်ဆုံးနှစ် ‌ကျောင်းသား ‌စော‌သေ‌ဂေမူက“ကျ‌နော့်ရဲ့ အကြီးမားဆုံး အိပ်မက်က ကိုယ့်လူမှုအသိုင်း အဝိုင်းကို ပြန်လည်အကျိုးပြုမယ်။ တစ်နှစ်၊ နှစ်နှစ်‌လောက်‌တော့ ဆက်လက် ပညာသင်ယူအုံးမယ်။ ပညာ သင်ယူ‌နေတဲ့အချိန်မှာပဲ ကျ‌နော်တတ်တဲ့ အတတ်ပညာနဲ့ လူမှုအသိုင်းအဝိုင်းကို အကူအညီ‌ပေးသွားမယ်။ ဆက်လက် ပညာသင်ယူတယ်ဆိုတာလည်း အမျိုးသားကို ရာသက်ပန် အလုပ်အ‌ကျွေးပြုနိုင်ဖို့အတွက်ပါ။ ” ဟု ‌ပြောသည်။

LMTC ‌ကျောင်းကို နယ်စပ်‌ဒေသနှင့် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်မဟင်နှင့် ဘမ့်ဒုံယမ်းစသည့် ဒုက္ခသည်စခန်းများအတွင်း အထက်တန်းပညာ ‌အောင်မြင်သွားသည့် ‌ကျောင်းသူ/ ‌ကျောင်းသားများအား အဆင့်မြင့်ပညာ‌ရေးကို ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်ပြီး ကရင် ပညာ‌ရေး ဌာန(KED) ခွင့်ပြုချက်အရ ၂ဝဝ၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌ကျောင်းတွင် အဂင်္လိပ်ဘာသာ အထူးပြု Art နှင့် သချင်္ာဘာသာ အထူးပြု Science ဟူ၍ အဓိက ကျသည့် ဘာသာရပ်နှစ်ခုခွဲကာ ၄ နှစ်အထိ သင်ကြားပို့ချ‌ပေးပြီး ပထမနှစ်တွင် ၇ ဘာသာ၊ ဒုတိယနှစ် ၉ ဘာသာ၊ တတိယနှစ် ၈ ဘာသာနှင့် ‌နောက်ဆုံးနှစ်တွင် ၆ ဘာသာဖြင့် သင်ကြားပို့ချ‌ပေးခဲ့သည်။ ၂ဝဝ၆ ခုနှစ်မှ စတင်ကာ ယခုနှစ် ၉ ကြိမ်‌မြောက်အထိ ‌ကျောင်းသူ/‌ကျောင်းသား ၈၀၀‌ကျော် တက်‌ရောက်‌အောင်မြင်ခဲ့ပြီးဟု ‌ကျောင်းတာဝန်ရှိသူများက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၇ခုတွင် အထက်တန်း လွန်‌ကျောင်း ၉‌ကျောင်းရှိပြီး ၎င်း‌ကျောင်းများမှ ‌ကျောင်းသူ/ ‌ကျောင်းသားဦး‌ရေ ၁,ဝဝဝ ခန့် နှစ်စဉ် တက်‌ရောက်‌အောင်မြင်လျက်ရှိသည်ဟု နယ်စပ်ဒုက္ခ သည်စခန်းပညာ‌ရေးကို လုပ်‌ဆောင်‌နေသည့် Karen Refugee Committee Education Entity (KRCEE)၏ ၂ဝ၁၇-၁၈ ပညာသင်နှစ် စာရင်းအရ သိရသည်။