Home ဆောင်းပါး မဖြစ်နိုင်တဲ့ အိပ်မက်‌တွေ မမက်ကြနဲ့ ‌နှောင့်‌နှေးမှု‌တွေ အမြန်ဆုံး ဖယ်ရှားပစ်

မဖြစ်နိုင်တဲ့ အိပ်မက်‌တွေ မမက်ကြနဲ့ ‌နှောင့်‌နှေးမှု‌တွေ အမြန်ဆုံး ဖယ်ရှားပစ်

2556

(‌မောင်‌ကျော်စွာ)
(၂၀၁၈ ခုနှစ်၊ မတ်လ ၁၀)

တရားဥပ‌ဒေစိုးမိုး‌ရေးအတွက် တရားမျှတမှုဆိုင်ရာ ‌ပေါင်းစပ်ညှိနှိုင်း‌ရေး ညီလာခံ ‌နေပြည်‌တော်မှာ မတ် ၇ရက်‌နေ့က ကျင်းပခဲ့ပါတယ်။ ဒီညီလာခံမှာ နိုင်ငံ‌တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်တက်‌ရောက်ပြီး မိန့်ခွန်း‌ပြောပါတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့သ‌ဘောထားနဲ့ ‌ပြောစကား‌တွေဟာ အင်မတန် စိတ်လှုပ်ရှားဖွယ်‌ကောင်းပါတယ်။ ဒီလိုသ‌ဘောထား ‌တွေ၊ ‌ပြောစကား‌တွေဟာ လက်‌တွေ့တရားစီရင်‌ရေး ယန္တရားဆင့်ဆင့်မှာ အ‌ကောင်အထည်ဖြစ်‌မြောက်လာပါ‌စေလို့လည်း ‌မျှော် လင့်ဆု‌တောင်း‌နေပါတယ်။

စိတ်လှုပ်ရှားမိတဲ့၊ တကယ်တမ်း အ‌ကောင်အထည်ဖြစ်လာ‌စေချင်တဲ့ သ‌ဘောထားနဲ့ စကားတချို့ကို စာဖတ်သူများလည်း စိတ် လှုပ်ရှားနိုင်‌အောင် ‌ကောက်နုတ် ‌ဝေငှ‌ဖော်ပြပါရ‌စေ။

– “တကယ်အ‌ရေးကြီးတာ တရားတဲ့ဥပ‌ဒေ‌တွေဖြစ်ရမယ်။ မတရားတဲ့ဥပ‌ဒေ‌တွေ စိုးမိုးတယ်ဆိုတာ ဘယ်သူ့ကိုမှ အကျိုးမပြုပါ ဘူး။”

– “ကျွန်မတို့နိုင်ငံကို အကျိုးပြုဖို့ ကျွန်မတို့ပြည်သူပြည်သား‌တွေ တည်ငြိမ်မှု၊ လုံခြုံမှုရဖို့ဆိုရင် တရားတဲ့ဥပ‌ဒေ‌တွေဖြစ်ဖို့ အင်မတန် မှ အ‌ရေးကြီးပါတယ်။”

– “ဥပ‌ဒေတစ်ခုက တရားတယ်၊ မတရားတယ်ဆိုတာ ‌နောက်ဆုံး ဘယ်သူဆုံးဖြတ်မလဲဆိုတာ ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာပဲ။ ပြည်သူလူထုရဲ့ ဘဝအ‌ပေါ်မှာ နိစ္စဓူဝ‌တွေအ‌ပေါ်မှာ ဘယ်လိုသက်‌ရောက်မှုရှိသလဲ တကယ်ပဲ တည်ငြိမ်မှု၊ လုံခြုံမှု အားလုံးအ တွက် တန်းတူရည်တူ အခွင့်အ‌ရေး‌ပေးတဲ့ဥပ‌ဒေ‌တွေ ဟုတ်သလား၊ မဟုတ်သလားဆိုတာ ‌နောက်ဆုံး ပြည်သူက ဆုံးဖြတ်ရမှာ ပြည်သူရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူ‌တွေက အ‌ကောင်အထည်‌ဖော်ရမလဲဆို‌တော့ ပထမဦးဆုံး လွှတ်‌တော်က အ‌ကောင်အထည် ‌ဖော်ရမှာ‌ပေါ့”တဲ့။

ဘယ်‌လောက် နားဝင်ပီယံရှိတဲ့ စကား‌တွေဖြစ်ပါသလဲ။ ဘယ်အချက်ကိုများ ကန့်ကွက်ငြင်းပယ်စရာရှိပါသလဲ။ ပြည်သူ့အကျိုး စီးပွားကို ‌ရှေ့ရှုပြီး‌ပြောထားတာ‌တွေ မဟုတ်လား။ ဒီ‌ကောက်နုတ်ချက်‌တွေမှာ ကန့်ကွက်ငြင်းပယ်စရာ အချက်လည်း ဘာမှ မမြင်မိပါဘူး။

ဒါ‌ပေမယ့် တစ်ခု‌တော့ ရှိပါတယ်။ ဒီသ‌ဘောထား‌တွေ ဒီ‌ပြောစကား‌တွေအတိုင်း လက်‌တွေ့မှ ပီပီပြင်ပြင် ဖြစ်မလာ‌သေးဘူးဆိုတဲ့ အချက်ကို‌တော့ (ဘယ်လိုပဲ အားနာ၊ အားနာ) ‌ပြောစရာရှိတာ‌တော့ ‌ပြောရမှာပါ။ ‌မေးခွန်းထုတ်စရာရှိတာ‌တွေကိုလည်း ‌မေးခွန်းထုတ်ရမှာပါပဲ။ ‌ကြောက်ခမန်းလိလိ တိုးများလာ‌နေတဲ့ သက်ငယ်မုဒိမ်းမှု‌တွေ၊ အကြမ်းဖက်အနိုင်ကျင့်မှု‌တွေ၊ လုယက် သတ်ဖြတ်မှု‌တွေ၊ မူးယစ်‌ဆေးဝါးသယ်‌ဆောင်‌ရောင်းဝယ်မှု‌တွေ၊ သကင်္န်းခြုံထားသူက ဆဲ‌ရေးတိုင်းထွာ ခြိမ်း‌ခြောက်ပုတ်ခတ် ‌စော်ကား‌နေတာ‌တွေဟာ တရားဥပ‌ဒေရဲ့ နားရွက်ကို တံ‌တွေး အကြိမ်ကြိမ်ဆွတ်‌နေတာ‌တွေပဲ ဖြစ်ပါတယ်။

‌ဒေါ်‌အောင်ဆန်းစုကြည်‌ပြောသွားတဲ့ စကားထဲမှာပါတဲ့ “ဥပ‌ဒေ” ဆိုပြီး ခြုံငုံထားတဲ့ စကားလုံးထဲမှာ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနဲ့ အခြားတည်ဆဲဥပ‌ဒေအားလုံး” ပါဝင်‌နေတယ်ဆိုတာ အားလုံးက နားလည်သ‌ဘော‌ပေါက်ကြပြီးသားဖြစ်ပါတယ်။

ဒါဆိုရင် ဒီက‌နေ့ တရားဝင်တည်ရှိ‌နေတဲ့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ အခြားတည်ဆဲဥပ‌ဒေအားလုံး”ဟာ တရားတဲ့ဥပ‌ဒေ‌တွေ ဟုတ် မှဟုတ်ရဲ့လား။ တိုင်းရင်းသားပြည်သူအားလုံးအတွက် တည်ငြိမ်မှု၊ လုံခြုံမှုနဲ့ တန်းတူရည်တူ အခွင့်အ‌ရေး‌ပေးထားတဲ့ ဥပ‌ဒေ ‌တွေ ဟုတ်ပါသလား။
“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ” အပါအဝင် အခြားတည်ဆဲ ဥပ‌ဒေအ‌တော်များများဟာ မတရားတဲ့ ဥပ‌ဒေ‌တွေ ဖြစ်ပါတယ်။ ပင်မပင်စည်ဥပ‌ဒေကြီးဖြစ်တဲ့ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)” ကာချုပ်နဲ့ စစ်တပ်ကို တဖက်သတ် အထူးအခွင့်အ‌ရေး‌တွေ ‌ပေး ထားတဲ့ ဥပ‌ဒေဖြစ်‌နေပါတယ်။ ပြည်သူအများစုက ဆန္ဒမဲ‌ပေး‌ရွေးချယ်ထားတဲ့ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် (၇၅%) က ပြည်သူ့ဆန္ဒနဲ့အညီ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)” ဘယ်လိုပဲ ပြင်ဆင်လိုသည်ဖြစ်‌စေ “ကာချုပ်”က ‌စေလွှတ်ထားတဲ့ စစ်ဗိုလ်တစ်‌ယောက်က ပါဝင်‌ထောက်ခံမဲမ‌ပေးရင် ဘယ်လိုမှ ပြင်ဆင်လို့မရတဲ့ ဥပ‌ဒေကြီးဖြစ်‌နေပါတယ်။ ပြင်ဆင်ရန် အခက်အ ခဲဆုံး ဥပ‌ဒေကြီးဖြစ်‌အောင် တမင်ပြုလုပ်ထားပါတယ်။ ဒီ‌နေရာမှာ “အခက်အခဲဆုံး”၊“ပြင်မရဘူး”လို့ဆိုတဲ့ ‌ဝေါဟာရ‌တွေဟာ သူတို့စိတ်ကြိုက်ပြဋ္ဌာန်းစီရင်ထားတဲ့ နည်းလမ်းက ချုပ်ကိုင်ထားတဲ့အချက်ကို ‌ပြောတာသာဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ‌လော့ဂျစ်၊ ပြည်သူ‌တွေရဲ့ အဘိဓာန်မှာ “အခက်အခဲဆုံး”တို့၊ “ပြင်မရဘူး”တို့ဆိုတဲ့ ‌ဝေါဟာရ‌တွေအတွက် စာမျက်နှာ မရှိပါဘူး။ မိုး‌အောက်‌မြေပြင်မှာ ပြည်သူလူထုက မစွမ်း‌ဆောင်နိုင်တာ ဘာမှမရှိပါဘူး။ တခြား‌ဝေး‌ဝေးမကြည့်ပါနဲ့ ဗိုလ်‌နေဝင်း စစ်အုပ်စုက စိတ်ကြိုက်‌ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၁၉၇၄)ကို “၁၉၈၈ လူထုဒီမိုက‌ရေစီ အ‌ရေး ‌တော်ပုံကြီး”က နင်း‌ချေပစ်ခဲ့တယ် မဟုတ်ပါလား။ ‌မြောင်းထဲကန်ချခဲ့တယ် မဟုတ်ပါလား။

ဘယ်‌လောက် က‌မောက်ကမနိုင်သလဲ၊ ဘယ်လိုမတရားသလဲ၊ ဘယ်‌လောက် ‌ရှေ့‌နောက်မညီညွတ်သလဲဆိုတဲ့ အချက်အလက် တစ်ခုကို ‌ထောက်ပြပါရ‌စေ။ ဥပ‌ဒေဆိုတာ ‌ရှေ့‌နောက်ညီညွတ်ရမယ် မဟုတ်လား။

“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)” ပုဒ်မ(၄)မှာ ပြဋ္ဌာန်းထားတာကို ဖတ်ကြည့်ပါ။
ပုဒ်မ ၄ – “နိုင်ငံ‌တော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်” ဟူ၍ ဖြစ်ပါတယ်။
ဒါ‌ပေမယ့် ဒီလို နိုင်ငံသားပြည်သူများက ‌ရွေးချယ်ထားတဲ့ (၇၅%) ရှိ‌သော ကိုယ်စားလှယ်‌တွေဟာ ဒီဥပ‌ဒေကို ပြင်ဆင်နိုင်ခြင်း လုံးဝ မရှိပါဘူး။

‌မော်‌တော်ကားက‌တော့ မင်းတို့ပိုက်ဆံ‌တွေနဲ့ ဝယ်ထားတာမို့ မင်းတို့ပိုင်တာပဲ။ ဒါ‌ပေမယ့် ဒီကား‌သော့ကို‌တော့ ငါကိုင်ထားမယ်၊ မင်းတို့သွားချင်တဲ့ ခရီးရှိရင်‌ပြော၊ ငါသ‌ဘောတူတဲ့ခရီးဆိုရင် သွားရမယ်လို့‌ပြောတဲ့ သ‌ဘောပဲဖြစ်တယ်။ အဲဒီဥပမာမှာ ‌ဖော်ပြ ထားတဲ့ ကား‌သော့ကိုင်ထားသူရဲ့ “သ‌ဘောထားအနှစ်သာရနဲ့ ကား‌သော့”ကို စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ “ကာချုပ်”က ချုပ် ကိုင်ထားတာ ဖြစ်ပါတယ်။ “ကာချုပ်” သ‌ဘောမတူဘဲ၊ ခွင့်မပြုဘဲ၊ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)”ထဲက ပုဒ်မ၊ စကားလုံး၊ ‌ဝေါဟာရဆိုတာ‌တွေ‌တော့ ‌ဝေလာ‌ဝေး “လုံးကြီးတင်နဲ့ ‌အောက်ကမြစ်”‌တောင် ပြင်ဆင်လို့ လုံးဝ မရပါဘူး။

ဒါ့အပြင် “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)” အခန်း (၁၁)၊ အ‌ရေး‌ပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ အခန်းမှာရှိတဲ့ ပုဒ်မ‌တွေဟာ “ကာချုပ်”ကို ထင်ရာလုပ်နိုင်ခွင့် ‌ပေးအပ်ထားတဲ့ ဥပ‌ဒေပြဋ္ဌာန်းချက်‌တွေ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတာကို တရား ဝင် ခွင့်ပြုထားတဲ့၊ တရားဝင်အပ်နှင်းထားတဲ့ ပုဒ်မ‌တွေဖြစ်ပါတယ်။ “အ‌ခြေခံဥပ‌ဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိ‌စေကာမူ”ဆိုတဲ့ စကားရပ်ဟာ၊ ‌ခြေဆင်းဟာ “ကာချုပ်” ကို ထင်ရာလုပ်ခွင့်‌ပေးထားတဲ့ တချက်လွှတ်အာဏာပဲ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)” ဒီလို ‌ရှေ့‌နောက်မညီတဲ့ဥပ‌ဒေ ဖြစ်ပါတယ်။ ဒီ ဥပ‌ဒေကို စီရင်‌ရေးဆွဲ‌ပေးတဲ့ “ဥပ‌ဒေပညာရှင်” ဟာ စစ်အုပ်စုကို အလုပ်အ‌ကျွေးပြုတဲ့ ပညာရှင်၊ စစ်အုပ်စုရဲ့ ‌ဗောင်း‌တော်ညိတ်စိတ်‌တော်သိ ပညာရှင်‌တွေပဲ ဖြစ်ပါတယ်။ ဒီ‌ခေတ်ဟာ စစ်အုပ်စုရဲ့‌ခေါင်းကိုင်ဖခင်ကြီး ဗိုလ်‌နေဝင်းက လက်ကတုံး‌တောင်‌ဝှေးပြုခဲ့တဲ့ “‌ဒေါက်တာ‌မောင်‌မောင်”လို စစ်အုပ်စု အသုံး‌တော်ခံဥပ‌ဒေ သမား‌တွေ အင်မတန်‌ပေါ်များတဲ့ ‌ခေတ်ဖြစ်ပါတယ်။ သူတို့သင်ယူခဲ့တဲ့ ဥပ‌ဒေပညာဟာ စစ်ဖိနပ်‌အောက်မှာ အသုံး‌တော်ခံဖို့ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)”လို ပင်စည်ပင်မဥပ‌ဒေကြီးက မတရားတဲ့၊ မမျှတတဲ့၊ ‌ရှေ့‌နောက်မညီတဲ့၊ ကာချုပ်ကို အာဏာ ‌တွေ အလွန်အကျွံ‌ပေးအပ်ထားမှ‌တော့ ဒီဥပ‌ဒေကြီးက‌နေ ဘယ်လိုတည်ငြိမ်မှု၊ လုံခြုံမှု၊ လွတ်လပ်မှု၊ တရားမျှတမှု‌တွေကို ‌ဖော် ‌ဆောင်‌ပေးနိုင်မှာလဲ။ ကြက်ဆူပင်နဲ့တူတဲ့ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)”က‌နေ ဘယ်လိုလုပ်ပြီး လှပ‌မွှေးမြတဲ့ နှင်းဆီနီနီ တရားမျှတမှု‌တွေ ဖူးပွင့်လာနိုင်မှာလဲ။

“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)”က‌နေ ဘယ်လိုလုပ်ပြီး “စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု” ‌ပေါ်ထွက်လာနိုင်ပါ့မ လဲ။ “မဖြစ်နိုင်တဲ့ အိပ်မက်‌တွေမက်တယ်ဆိုတာ အချိန်ကုန်ရုံပဲရှိမှာ‌ပေါ့”။

ပင်စည်ပင်မဥပ‌ဒေကြီးကိုယ်၌က တရားမမျှတမှ‌တော့ ကိုင်းဖျားကိုင်းနား‌တွေဖြစ်တဲ့ အခြားတည်ဆဲဥပ‌ဒေဆိုတာ‌တွေကလည်း ဘယ်လိုတရားမျှတမှုကို ‌ဆောင်ကြဉ်းလာနိုင်ပါ့မလဲ။ ဒီ‌တော့ မမျှတတဲ့၊ မတရားတဲ့၊ ဒီမိုက‌ရေစီစံချိန်စံညွန်း‌တွေနဲ့ မကိုက်ညီတဲ့၊ “ကာချုပ်”ကို မတန်မရာ အခွင့်အာဏာ‌တွေ ‌ပေးအပ်ထားတဲ့ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)”ကို အလျင်အမြန် ဖျက်သိမ်းပြီး တရားမျှတပြီး တန်းတူအခွင့်အ‌ရေး‌တွေပါရှိတဲ့ ဒီမိုက‌ရေစီစံနှုန်း‌တွေပြည့်ဝတဲ့၊ ‌ရှေ့‌နောက်ဆီ‌လျော်ညီညွတ်တဲ့၊ ပြည်သူလူထုရဲ့ ဘဝအ‌ပေါ်မှာ နိစ္စဓူဝ‌တွေအ‌ပေါ်မှာ အမှန်တကယ်အကျိုးရှိ‌စေမယ့် လွတ်လပ်မှုနဲ့လုံခြုံမှုကို ဟာမိုနီရှိရှိ‌ပေးအပ်နိုင်မယ့် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေသစ်ကို မြန်နိုင်သမျှ မြန်မြန် ‌ရေးဆွဲကြဖို့ လိုအပ်ပါတယ်။ ‌နှောင့်‌နှေးကြံ့ကြာ‌နေလို့ ဘယ်လိုမှမဖြစ်ပါဘူး။

– “တရားမျှတမှု‌ဖော်‌ဆောင်ရန် ‌နှောင့်‌နှေးခြင်းသည် တရားမျှတမှုကို ငြင်းဆိုခြင်းဖြစ်သည် (Justice Delayed is Justice Denied) ဟူသည့် ဆို`ရိုးစကားကို အ‌လေးထားရပါမယ်”လို့
တရားဥပ‌ဒေစိုးမိုး‌ရေးအတွက် တရားမျှတမှုဆိုင်ရာ ‌ပေါင်းစပ်ညှိနှိုင်း‌ရေး ညီလာခံမိန့်ခွန်းမှာ နိုင်ငံ‌တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က အ‌လေးအနက် သတိ‌ပေး ညွန်ပြသွားတယ် မဟုတ်ပါလား။

ညွန်း
– ‌ကြေးမုံသတင်းစာ (၈-၃-၂၀၁၈)