Home သတင်း ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ် တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောဝင်း‌ယော် ကွယ်လွန်

ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ် တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောဝင်း‌ယော် ကွယ်လွန်

2627

မတ် ၁၃ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် အတွင်း‌ရေးမှူး ပဒို ‌စောဝင်း‌ယော် အသက် ၄၆ နှစ်သည် မတ် ၁၂ ရက်‌နေ့ ၊ ည‌နေ ၇ နာရီချိန်ခန့်တွင် မွန်ပြည်နယ်၊ ‌ရေးမြို့နယ် ကလိတ္တုတ်‌ကျေးရွာရှိ ‌နေအိမ်၌ အသည်း‌ရောဂါဖြင့် ‌တော်လှန်‌ရေး တာဝန်များထမ်း‌ဆောင်‌နေရင်း ကွယ်လွန် သွားသည်ဟု လုပ်‌ဖော်ကိုင်ဖက်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူကွယ်လွန်သွားသည့် အ‌ပေါ် လုပ်‌ဖော်ကိုင်ဖက် တဦးဖြစ်သူ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်ကြီး‌စောဘိုဘိုထွန်းက “ ‌စောဘဦးကြီး ရုပ်ထုစိုက်ထူဖို့ ကန့်ကွက်ခံရ‌တော့ ‌စောဝင်း‌ယော် ဟာ အထက်တာဝန်ရှိသူ‌တွေနဲ့ ညှိနှိုင်းပြီး KNU ဗဟိုအထိ သွား‌ရောက်‌တောင်းဆိုတင်ပြခဲ့သူတစ်ဦးပါ။ နယ်‌မြေ ခံတပ်မ‌တော်‌ခေါင်း‌ဆောင်‌တွေနဲ့ ညှိနှိုင်းမှု‌တွေလုပ်တဲ့အခါ အမျိုးသား‌ရေးအတွက်ဆို အမြဲတက်ကြွပါဝင်‌နေသူ တစ်‌ယောက်ဖြစ်တယ်။ မိခင်ဌာနက အုပ်ချုပ်‌ရေးပိုင်းနဲ့ တပ်ဖက် ‌ရေးရာ‌တွေမှာ သူနဲ့‌ပေါင်းစပ်လုပ်ကိုင်ရတာ အဆင်‌ပြေတဲ့လူငယ်တစ်‌ယောက်ပါ” ဟု မတ် ၁၃ ရက်‌နေ့ ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောသည်။

ပဒို‌စောဝင်း‌ယော်သည် မွန်ပြည်နယ်၊ ‌ရေးမြို့နယ် ကလိတ္တုတ်‌ကျေးရွာ၌ ၁၉၉၄ ခုနှစ်တွင် ‌ကျောင်းဆရာ အဖြစ်တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ‌ကေအဲန်ယူ၊ တပ်မဟာ ၆ ‌တော်လှန်‌ရေး နယ်‌မြေသို့ ဝင်‌ရောက်ခဲ့ကာ ဝင်း‌ရေးမြို့နယ် KED ပညာ‌ရေးဌာနတာဝန်ခံ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဒုတာဝန်ခံ၊ ဘဏ္ဍ‌ရေးတာဝန်ခံ စသည့် ‌တော်လှန်‌ရေးတာဝန်အသီးသီးကို ထမ်း‌ဆောင်ခဲ့သည်။

ထို‌နောက် ၂ဝ၁၅ ခုနှစ်တွင် ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ် တွဲဖက်အတွင်း‌ရေးမှူးအဖြစ် ‌ရွေးချယ်ခံခဲ့ရပြီး ကွယ်လွန်ချိန်ထိ တာဝန်ထမ်း‌ဆောင်ခဲ့သည်။ သူ၏ ဈာပန အခမ်းအနားကို မတ် ၁၄ ရက် ည‌နေပိုင်းတွင် ကျင်းပ မည်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးတဦးကျန်ရစ်ခဲ့သည်။