“ကျနော်တို့ ကရင်အမျိုးသားနေ့ ပြုလုပ်ခြင်းဟာ ကရင်အမျိုးသားတွေ စည်းလုံးညီညွတ်ဖို့ အတွက် လုပ်ဆောင်ရတာဖြစ် တယ်။”
ယခုနှစ် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီနေ့ ၁၁ရက်နေ့တွင် ၇ဝ နှစ်မြောက် ကရင်အမျိုးသားနေ့ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၁ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ကရင်အမျိုးသား ၄၅၄,၁၀ဝဦးတို့သည် ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ် ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ စသည့် တောင်းဆိုချက်များကို ကိုင် ဆောင်ကာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့မှုကို အခြေခံကာ ကရင်အမျိုး သားနေ့အဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။
တန်းတူရေးနှင့် ကိုယ်ပိုင်အခွင့်အရေးကို အခြေခံသည့် ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ ကရင်လူမျိုးတို့၏ နိုင်ငံရေးကြိုး ပမ်းအားထုတ်မှု၊ လတ်တလော ပြောင်းလဲလာသည့် ကရင်အမျိုးသားတော်လှန်ရေး အခင်းအကျင်းနှင့် အရွေ့များကို ဝါရင့် ကရင့်တော်လှန်ရေးခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သည့် ပဒိုစောသမိန်ထွန်း၏ ပြောကြားချက်ကို နှစ် ၇ဝပြည့် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် ကေအိုင်စီ-ကရင်သတင်းဌာနမှ တင်ပြလိုက်ပါတယ်။
ကရင်တို့၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်း (သို့ ) ခေါင်းထောင်လာခြင်း
ကျနော်တို့ကရင်တွေက သမိုင်းကို စိတ်မဝင်စားဘူး။ ဘာဘဲဖြစ်ဖြစ် ပြီးပြီးသားက ပြီးတာဘဲ။ သင်ခန်းစာလည်းပြန်မယူ ဘူး။ ကိုယ်မှန်တဲ့ ဟာကိုလည်း ဆက်လက်မလုပ်ဆောင်ဘူး။ ကိုယ်မှားခဲ့တာတွေကို လည်း မပြင်ဘူး။ တောက်လျှောက် ဘဲဒါက ကျနော်ဖြတ်သန်းမှုအရ တွေ့ရတာက ။ ဒါကြောင့်မို့ ကျနော်တို့ဟာ အခုဟာ နှစ်ပေါင်း (၇၀)ရှိပြီ။ကျနော်တို့အမျိုး သားနေ့က။ လူကြီးတွေတောင် တချို့မှတ်မိပါ့မလားမသိဘူး။ လူငယ်တွေကတော့ မပါသေးဘူး။ ဒါကြောင့်မို့ ကျနော်နည်းနည်းပြောချင်တာ။
အဲတော့ ကျနော်တို့ ကရင်သမိုင်းကို ပြန်ကြည့်ရင် ဘယ်ကနေ စခွဲလဲဆိုတော့ ၁၉၈၁ အဂင်္လိပ်ကိုလိုနီ ဝင်ရောက်လာပြီး နောက်ပိုင်း တတိယစစ်ပွဲမတိုင်ခင်ပေါ့လေ။ အဲဒီမှာ ကျနော်တို့ ဒေါကလူ ဆိုတဲ့ ကရင်အစည်းအရုံးဖွဲ့လိုက်တယ်။ အဲဒီ တုန်းက နာမည်ကြီးတဲ့ ဒေါက်တာတီသံပြာပေါ့နော်။ အဲဒီကနေစပြီးတော့ ဒီကနေ့အထိကျတော့ သမိုင်းသစ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ကရင်တွေရဲ့ မျက်စိပွင့်လာတာ၊ ပညာတတ်လာတာက အဲဒီအချိန်မှာ စလာတယ်။ ဒါကို ကျနော်အကြမ်း ဖျင်းဘဲ ပြောချင်တယ်။ အဲဒီခေတ်မတိုင်မီဟိုဘက်ကတော့ ဒါကနှောင်းခေတ် ရှေးခေတ်ပေါ့နော်။ အဲဒီအပိုင်းတွေကတော့ တိကျတဲ့သမိုင်းလည်း ရှိသလို မတိကျတဲ့ သမိုင်းလည်း ရှိတယ်။ ဒဏ္ဍာရီပုံပြင်လိုပေါ့နော်။
ဒီ ၁၈၈၁ နောက်ပိုင်းမှာတော့ ဒါကတော့ ဒဏ္ဍာရီပုံပြင်မဟုတ်တော့ဘူး။ တိကျတဲ့အဖြစ် အပျက်တွေပေါ့နော်။ ဒါကြောင့်မို့ အဲဒါတွေ ကျနော်တို့လုပ်လာတော့ ကရင်တွေဟာ ကိုလိုနီခေတ်မှာ ပညာတတ်တွေ အများကြီးပေါ်လာတယ်။ အရာရှိတွေ၊ စစ်သားတွေ၊ သူနာပြုဆရာမတွေ ၊ အဲလိုတွေ ပေါ်လာတော့ ကရင်တွေရဲ့ဘဝဟာ လုံးလုံးပြောင်းလဲသွားတယ်။ အရင်တုန်းကဆိုရင်တော့ ကျနော်တို့ ကရင်တွေကို ကရင်ရိုင်းဘဲ ခေါ်ကြတာကိုး။ အဲဒီကစပြီး ကရင်ရိုင်းလို့ မခေါ်ရဲကြတော့ဘူး။ အဲဒီတော့ ကရင်တွေက အဲဒီတုန်းကနေ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ နောက်တော့ ကျနော်တို့ သမိုင်းကတော့ ပြောချင်တယ်။
ပြောရမယ်ဆိုရင် ကျနော်တို့ကရင်အမျိုးသားတွေ မျိုးချစ်စိတ်ဓာတ်ပိုပြီး မြင့်သွားတာက ၁၉၄၁ နဲ့ ၄၅ ဒုတိယကမ္ဘာစစ် မြန်မာပြည်ကို ဂျပန်တွေ ဝင်ရောက်လာတဲ့အချိန်မှာ အဲဒီ BIA တွေပေါ့နော်။ BIA တွေက ကျနော်တို့ ကရင်ကျေးရွာတွေကို လိုက်ဖျက်စီး၊ သတ်ဖြတ် ၊ မီးရှို့တာ လုပ်ကြတာကိုးဗျ။ အစကတော့ ခရစ်ယာန်တွေကိုဘဲ မီးရှို့မယ်။ သတ်မယ်။ ဗုဒ္ဓဘာသာတွေနဲ့ မဆိုင်ဘူး ပြောပေမယ့် နောက်ဆုံးကျတော့ ခရစ်ယာန်ကော ၊ ဗုဒ္ဓဘာသာကော အကုန်လုံး ခံကြရတယ်။ ဒါက မြစ်ဝကျွန်းပေါ်မှာ။ အဲဒီတော့ ကရင်တွေ တိုင်းပြည်ရလိုမှု မျိုးချစ်စိတ်ဓာတ် ရင့်သန်လာတာက အဲဒီ ဂျပန်ခေတ်မှာဘဲ။ ဖာပွန်နယ်မှာလည်း ဒီအတိုင်းဘဲ။ ဗိုလ်ညာဏတို့ ၊ ဗိုလ်ထွန်းလှတို့ ၊ အဲလိုဘဲ ကရင်ခေါင်းဆောင်တွေကို သတ်ဖြတ်ပြီး ကရင်အမျိုးသမီးတွေကို မုဒိန်းကျင့်သွားတာ။ ဒါသမိုင်းအဖြစ်မှန်တွေဘဲ ကျနော်တို့ လုပ်ကြံတာ တစ်ခုမှ မပါဘူး။ ဗိုလ်ညာဏကတော့ အဲဒီမှာ ကျနော်တို့ဆီက ပြောက်ကျားတွေ ပစ်လို့ ကျဆုံးသွားတယ်။ ဗိုလ်ထွန်းလှကတော့ လွတ်သွားတယ်။ မြစ်ဝကျွန်းပေါ်မှာကျတော့လည်း ဒီတိုင်းဘဲ။ ဗိုလ်ကျော်ဇောတို့ပေါ့နော်။ ဒါပေမယ့် နောက်ပိုင်း ဗိုလ်ကျော်ဇောက ကရင်တွေကို တောင်းပန်ခဲ့တယ်။ ဒါသူ့အမှားဆိုတာပေါ့နော်။
ဒါပေမယ့် အဲဒီတုန်းကတော့ တကယ်ဘဲ လုပ်တာ၊ ဖြစ်ကြတာ။ တံတားဦးဆိုတဲ့ ရွာမှာ ဆိုလို့ရှိရင် ငါတို့ BIA လာတာ ထွက်ကြို ၊ ကြိုလည်း ကြိုကော အကုန်လုံးသတ်ပစ်တာ။ ကုန်တာဘဲ တံတားဦးက၊ ကန်နစွန်းကုန်း ၊ သာယာကုန်း ၊ မြောင်းမြ ၊ ရေတွင်း ၊ ရေကန် နားရောက်တယ်။ အဲဒီကနေ ပြန့်သွားတယ်။ ဘိုကလေးတို့အထိ ရောက်သွားတယ်။ ဒေးဒရဲတို့ အကုန်လုံး ပျံ့ကျသွားတယ်။ အဲဒီမှာ ကျနော်တို့ ကရင်အမျိုးသားတွေဟာ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်မခွဲခြားဘူး။ ပိုးကရင် ၊ စကောကရင် မခွဲခြားဘူး။ အကုန်လုံး စုပေါင်းပြီးတော့မှ ညီညွတ်မှုဆောင်ရွက်ခဲ့တာ အဲဒီအချိန်မှာ ။
အရှေ့ဘက်မှာလည်း ဒီအတိုင်းဘဲ၊ ဖာပွန်နယ်မှာ ကရင်တွေက နိုးကြားမှုတွေ ရှိပြီး လုပ်လာတယ်။ လုပ်ကြတာကတော့ ပြောရမယ်ဆိုရင် သူတို့အငြိုးအတေးက ကရင်တွေဟာ အဂင်္လိပ်ရဲ့ ကျွန်သားပေါက်တွေ ၊ အဂင်္လိပ်ခိုင်းတာ အကုန်လုပ်၊ အဂင်္လိပ်ခေတ်ကျမှ လူဖြစ်လာတယ်။ ဒီဟာက အဂင်္လိပ်နယ်ချဲ့တွေ ဗမာပြည်ပြန်မရောက်အောင်ဆိုပြီး ဒီလူတွေအကုန် ရှင်းပစ်မှဆိုပြီး အဲဒီခေတ်အဲဒီအခါ ရှိခဲ့တယ်။ ဒီခေတ်လူငယ်တွေကျတော့ ဒါတွေကို ဘာမှ မသိကြတော့ဘူး။ လူငယ်တွေလည်း ဘာမှမသိတော့ဘူး။ ကရင်လူငယ်တွေလည်း ဘာမှ မသိတော့ဘူး။ ဒါကြောင့်မို့ ဒါကို ကျနော်က ပြောပြတာ ဖြစ်ပါတယ်။ အဲဒီမှာ ရင့်သန်လာရင်း ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာ ကရင်တွေက ကရင်ပြည်ရရှိရေးအတွက် ဘိလပ်တို့၊ ဘာတို့သွားပြီး တောင်းဆိုခဲ့တာ ရှိတယ်။ ဒါပေမယ့် မရတော့ဘူး။ မရတာက အကြောင်းရှိတယ်ဗျ။ ဗမာပြည်က ပြောရမယ်ဆိုရင် အဂင်္လိပ်-ဗမာ ပထမ စစ်ပွဲပေါ့နော်။ ၁၈၂၄-၂၅ ခုနှစ် အဲဒီအချိန်တုန်းက စစ်ပွဲကျတော့ မြန်မာဘုရင်ကို နိုင်ပြီးတော့မှ ရန်တပို စာချုပ်ချုပ်တဲ့အချိန်မှာ ရခိုင်ကမ်းမြောင်ဒေသနဲ့ တနသင်္ာရီဒေသကို သိမ်းပိုက်လိုက်တာ။ အဲဒါပထမ။
၁၈၅၄-၅၅ ကျတော့ သူက အောက်ဗမာပြည်ကို သိမ်းပိုက်လိုက်တယ်။ အဲဒါဒုတိယ။ တတိယ ၁၈၈၅ ကျမှ အဲဒါက အထက်ဗမာပြည်ကို သိမ်းပိုက်တာ ။ အများက ပြောကြတော့ Divide and Rule ဘဲလေ။ ခွဲခြားအုပ်ချုပ်တယ်လေ။ ဒါပေမယ့် သူ့ရဲ့ ဥပဒေအရကတော့ သူ့အပိုင်းနဲ့အပိုင်းနဲ့ သူက အုပ်ချုပ်တာကိုး။ ဒေသတစ်ခုရဲ့ ထူးခြားချက်က ဒေသန္တရရဲ့ သူ့ရဲ့ထုံးစံနဲ့ သူ့ရဲ့ ဗြိတိသျှ ဥပဒေနဲ့ ပေါင်းပြီး အုပ်ချုပ်တာ။ သူက ဒီပုံစံသွားတာကိုး။ အဲတော့ သွားလိုက်တော့ ဗမာဘုရင်နဲ့ တိုက်ပြီး ချုပ်ဆိုလို့ရတဲ့ စာချုပ်တွေ အရ ဆိုရင် ရခိုင်ရယ်။ မွန်ရယ် ၊ ကရင်ရယ် ၊ ဗမာရယ်က ပြည်မကြီးထဲမှာ ပါသွားတယ်ဗျ။ နောက်ထပ် သူဆက်တိုက်တဲ့အခါကျတော့ ရှမ်း သူတိုက်တယ်။ ရှမ်းကို သပ်သပ်၊ ကချင်ကို တိုက်တယ်။ ကချင်ကို သပ်သပ် ၊ ချင်းကို တိုက်တယ်။ ချင်းကို သပ်သပ် ။ တောင်တန်းဒေသတွေမှာ အဲလိုခွဲတာပေါ့။
ကရင်နီကတော့ ကင်းဝန်မင်းကြီးလက်ထက်ကတည်းက ကရင်နီစော်ဘွားရယ်၊ အဂင်္လိပ်စစ်ဗိုလ်ရယ် ၊ ကင်းဝန်မင်းကြီး ရယ် ဒါက ဗြိတိသျှကိုလိုနီရဲ့ မဟာမိတ်နိုင်ငံ ၊ သူက ဗမာပြည်ထဲ မဆိုင်တော့ဘူး။ ကိုလိုနီရဲ့ မဟာမိတ်နိုင်ငံ၊ အဲလိုရှိတဲ့ အခါကျတော့ အဲဒါတွေက တိုင်းပြည်က ဗမာပြည်က ၁၉၄၈ ခုနှစ် ၊ ဇန္နဝါရီလ (၄)ရက်နေ့ ဒုတိယကမ္ဘာစစ်ပြီးနဲ့ လွတ်လပ် ရေးမတိုင်ခင်ကာလမှာ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဗမာနိုင်ငံရေးကလည်း ရှုပ်ထွေးတယ်။ ကရင်နိုင်ငံရေးကလည်း ရှုပ်ထွေးတယ်။ ကရင်အဖွဲ့အစည်းတွေကလည်း အဲဒီအချိန်တုန်းကဆိုရင် ဒေါကလူဆိုတဲ့ KNA၊ ဗုဒ္ဓဘာသာအများစု ပါဝင် တဲ့ BKNA ၊ နောက် KYO ၊ KCO ဒါတွေက ရှိနေတော့ အဲဒီအယူအဆတွေနဲ့ ကျနော်တို့ လုပ်တော့ ဘာမှမရတော့ဘူး။ ဘိလပ်က သွားပြီး ပြန်လာတယ်။ နောက်ဗိုလ်ချုပ်အောင်ဆန်းတို့ ထပ်သွားတယ်၊ ဘိလပ်ကို ။ သွားပြီးမှ အဲဒီမှာ စာချုပ် ။ သူတို့ကလည်း သုံးယောက်သွားတာကိုး။ ဂဠုန်ဦးစောရယ်၊ သခင်ဗစိန်ရယ် ၊ ဗိုလ်ချုပ်အောင်ဆန်းရယ်သွားတော့ သူတို့က (၃)ယောက်က (၃)မျိုးလေ။ ဂဠုန်ဦးစောကျတော့ တိုင်းပြည်လွတ်လပ်ချင်တယ်။ ဒါပေမယ့် ဗြိတိသျှလက်အောက်မှာ ပြန်နေမယ်။ ဒါကဂဠုန်ဦးစောအယူအဆ။ သခင်ဗစိန်ကျတော့ အားလုံး လွတ်လပ်ရမယ်။ စီးပွားရေးကော နိုင်ငံရေးကော အကုန်လွတ်လပ်ရမယ်။ အဲဒါမှ မရရင် မယူချင်တဲ့ပုံဆိုတော့ လက်မှတ် ထိုးတော့ ဗိုလ်ချုပ်အောင်ဆန်းဘဲ။ ဗိုလ်ချုပ်အောင်ဆန်းက တကယ်ပြောရမယ်ဆိုရင် သွေးထွက်သံယိုမှု နည်းစွာနဲ့ အဓိကကျတဲ့ နိုင်ငံရေးကို သူကဦးစားပေး တယ်။ အဲတော့ သူက ဗြိတိသျှနဲ့ အပေးအယူလုပ်လိုက်တဲ့ သဘောဖြစ်သွားတာပေါ့နော်။ အဲတော့ ဗြိတိသျှရဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေကို သူက အသိအမှတ်ပြုတယ်။ ဒါပေမယ့် နိုင်ငံရေးအရတော့ ကိုယ်က ရတယ်။ အဲဒီနှစ်ခုနဲ့ လုပ်လိုက်တော့ အဲဒါကလည်း အရှုပ်အထွေးတွေပေါ့ကွာ ။
ကရင်အမျိုးသားနေ့ ဖြစ်တည်လာပုံ
နောက်ဆုံးတော့ ဗမာ နိုင်ငံရေးထဲမှာ ရွှေရည်စိမ် လွတ်လပ်ရေးတို့ ၊ ဘာတို့ စုံနေတာဘဲ။ အဲတော့ ကရင်ကလည်း အဲဒီဟာက ဗိုလ်ချုပ်အောင်ဆန်းသွားပြီး ပြန်လာတော့ မေးကြည့်တာပေါ့။ ဟား….ကရင်အတွက် ဘာမှမပါလာဘူး။ ဟား… ဒီအတိုင်းဆို မဖြစ်ဘူး။ တို့ကရင်တွေ စုစည်းရမယ် ဆိုပြီးမှ ၁၉၄၇ ထဲမှာ ကျနော်တို့ ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကေအဲန်ယူအစည်းအရုံးကြီးကို ဖွဲ့စည်းလိုက်တာ။ အဲဒီအဖွဲ့(၄)ဖွဲ့ကို ပေါင်းပြီးမှ ဖွဲ့စည်းလိုက်တာ။ ဖွဲ့စည်းပြီးမှာ ကရင်လွတ်လပ်ရေး အတွက် ၊ ကရင်အမျိုးသားအတွက်ကို တစ်စိုက်မတ်မတ် တောင်းဆိုလာတယ်။ တောင်းဆိုမှုတွေက လည်း အဲဒီအချိန်အခါ ဖဆပလ ယာယီအစိုးရလုပ်လာတယ်။ အဲဒီအချိန်မှာလည်း ကရင်တွေကလည်း ပါခဲ့တာဘဲ။ စောဘဦးကြီး တို့လည်း ဒါကျနော် ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ဒါပေမယ့် ဗြိတိသျှကလည်း အယူအဆတစ်ခု ။ ကျနော့်တို့ ကရင်တောမှာလည်း တစ်ယောက်စီ၊ တစ်ဖွဲ့စီ စာရေးတင်တာတွေလည်း ရှိ ။ အဲဒါတွေဟာ နောက်ဆုံးတော့ တံဆိပ်တစ်ခုတည်း မဟုတ်တော့ဘူးပေါ့ဗျာ။ ဗြိတိသျှကလည်း ပြောတယ်။ မင်းတို့ကရင်တွေ နေတာကလည်း လုံးလုံးစုစုစည်းစည်းနဲ့ နေတဲ့နေရာက တောင်တန်းဒေသလေးဘဲ ရှိတယ်။ အဲဒါလေးပေးရင်လည်း မင်းတို့ကရင်တွေ ကျေနပ်မှာ မဟုတ်ဘူး။ ကရင်တွေက ဗြဲရမ်းကောကြီး နေတာ။ မြစ်ဝကျွန်းပေါ်လည်းရှိ၊ တနသင်္ာရီလည်းရှိအကုန်ရှိ၊ ရှိပေမယ့် တခြားလူမျိုးတွေနဲ့ အကုန်ရော နေတာကိုးဗျ။ ရောနေတဲ့အခါကျတော့ အဲဒါမျိုးက သေချာကွက်ပြီးမှ တိုင်းပြည်တစ်ခု ပြည်နယ်တစ်ခု ပေးဖို့ဆိုတာ အတော်အခက်အခဲ ရှိတာ ။ အဲဒါတွေနဲ့ဘဲ အငြင်းပွားကြပြီးမှ တင်ကြ၊ ပြုကြ တော်တော်လေးရှည်ပါတယ်နော်၊ အဲဒီအပိုင်းတွေက။
ဗမာပြည်သာ လွတ်လပ်ရေးရသွားတယ်။ ကရင်တွေ ဘာမှ ပြေလည်မှု မရှိဘူး။ မရှိတဲ့အခါကျတော့ အဲဒီမှာ ဖဆပလအစိုးရ တက်လာတဲ့အခါကျတော့ ဒါဗိုလ်ချုပ်အောင်ဆန်းကျသွားပြီနော်။ အဲလိုဖြစ် လာတဲ့အခါကျတော့ ဦးနုကိုတော့ ကျနော်တို့ ပြောတယ်။ ကျနော်တို့ ကရင်ပြည်ကိစ္စကို ဆက်လက်ဆောင်ရွက်ပေးဖို့ ဦးနုကလည်း ပြောတယ်။ ခင်ဗျားတို့ ကရင်တွေက ပညာတတ်အသိုင်း အဝိုင်းနဲ့ အထက်အရာရှိအသိုင်းအဝိုင်းလောက်ဘဲ ကရင်ပြည်ရချင်တာလား။ ဒါမှမဟုတ် ခင်ဗျားတို့ စာမတတ်ပေမတတ် လယ်သမားတွေအဆင့်ထိ ရချင်တာလားဆိုတာ ခင်ဗျားတို့ ဆန္ဒဖော်ထုတ်ပြစမ်း ပါ။ ကျနော်တို့ ကြည့်ချင်တယ်။ အဲဒီမှာ ကျနော်တို့က ဒေသအသီးသီးမှာ ရှိတဲ့ ကရင်ရှိတဲ့နေရာတွေ စုပြီးမှ ကျနော်တို့က ဒီဆန္ဒ ဖော်ထုတ်ဖို့ ပြတာ။ အဲဒီတုန်းက မြန်မာပြည်လူဦးရေက (၁၇)သန်းကျော် (၁၈) သန်းရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ကရင်လူဦးရေက အဲဒီခေတ်က သန်းခေါင်စာရင်းက တစ်သန်းနဲ့ (၆)သိန်းရှိတယ်။
အဲတော့ ဒီလူဦးရေနဲ့ ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့ ဆန္ဒပြတဲ့ လူဦးရေက လေးသိန်းငါး သောင်းခြောက် ထောင်နှစ်ရာကျော်ရှိတယ်။ ဒါပြီးပြည့်စုံတဲ့စရင်းမဟုတ်ဘူး။ ဆန္ဒပြတဲ့အထဲမှာ ဘယ်အထိပါလဲဆိုတော့ တောင်ကြီးတို့ ၊ ကလောတို့ ၊ ရှမ်းပြည်နယ်ထဲကပါ ပါတယ်။ အဲဒါ လွိုင်ကော်၊ မော်ချီး တောင်ငူဒေသကနေ လုပ်လိုက်ပြီးမှ မြစ်ဝကျွန်းပေါ်ဆိုတော့ ပုသိမ်တို့ ၊ မြောင်းမြတို့ ဟသင်္ာတတို့ ပေါ့ဗျာ။ ပန်းတနော်တို့ ၊ အိမ်မဲတို့ အဲဒါတွေ အကုန်ပါတယ်။ ရန်ကုန်မှာဆိုရင်လည်း ကွမ်းခြံကုန်းဒေသတွေပါတယ်။ အင်းစိန်ပါတယ်။ ရန်ကုန်မြို့ကပါတယ်။ အဖက်ဖက်အကုန်လုံးလုပ်လိုက်တော့ သူတို့တွက်တာက ဟိုးအရင်တုန်းက ဗမာရွာလို့ ထင်ထားတဲ့ရွာတွေဟာ ကရင်အမျိုးသားအလံတွေ ထောင်ကုန်တယ်။ ထောင်ကုန်တော့ အဲမှာ ဦးနုက ကြောက်သွားတယ်။ ဟား….ကရင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကရင်မှန်းသာသိရင် တို့တွေ နားရွက်တောင်မခတ်ရဲဘူးဆိုတာ အဲဒီအချိန်မှာ ပြောတဲ့စကား။ ပြောပြီး ပြောပြီးမှ အဲဒီနေ့ကို ကျနော်တို့ကတစ်မျိုးသားလုံး စုစုစည်းစည်းနဲ့ ဆန္ဒပြတောင်းဆိုတဲ့နေ့ကို ကျနော်တို့က ကရင်အမျိုးသားနေ့လို့ နောက်ပိုင်းမှာ ကျနော်တို့ အသိအမှတ်ပြုတယ်။
တရားမျှတသော တောင်းဆိုမှု
အဲဒီမှာ ထူးခြားချက်က အဲဒီတုန်းကတော့ ကြွေးကြော်တာ မဟုတ်ဘူး။ ပိုစတာကပ်တာ။ ပိုစတာ (၄)ချပ် ။ ပိုစတာ တစ်ချပ်ကတော့ ကရင်ပြည်ချက်ချင်းပေး။ ပိုစတာ နောက်တစ်ချပ်ကတော့ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ချင်းပြ။ (၃)တစ်ချပ်ကတော့ လူမျိုးရေးအဓိကရုန်းအလိုမရှိ။ (၄) တစ်ချပ်ကတော့ ပြည်တွင်းစစ်အလိုမရှိ။ အဲဒီပိုစတာကြီး (၄)ချပ်နဲ့ ကျနော်တို့ဟာ ဗမာပြည်ကရင်ရှိတဲ့ ဒေသအနှံ့အပြားမှာ အသံတိတ် ပိုစတာကို ထောင်ကိုင်ပြီးမှ ကျနော်တို့ ဆန္ဒပြခဲ့တာ။ အဲတော့ ဆန္ဒပြခဲ့တော့ ကျနော်တို့ အဲဒီတုန်းက ဆိုရင် ကြွေးကြော်သံလည်းမအော်ဘူး။ တိတ်ဆိတ်စွာ နဲ့ ငြိမ်သက်စွာ ဆန္ဒပြလို့ တချို့ ဘိလပ်က သတင်းစာကြီးတွေတောင်ရေးတယ်။ ကမ္ဘာမှာ အယဉ်ကျေးဆုံး ဆန္ဒပြပွဲဘဲ ဆိုပြီး ရေးကြတာ ရှိတယ်။ ဘေးနားက လူတွေကိုလည်း အနှောက်အယှက်မပေးဘူး။ ကြွေးကြော်သံလည်း မလုပ်ဘူး။ ပိုစတာ လေးချပ်ကို တစ်ယောက်တစ်ချပ်စီကိုင်ပြီး သွားကြတာ အနှံ့အပြား။ ဒါကြောင့်မို့ ကျနော်တို့က သိမ်သိမ်မွေ့မွေ့နဲ့ ယဉ်ကျေးစွာနဲ့ ဆန္ဒပြခဲ့တာပါ။
အဲတော့ ဒီနေရာမှာ ကရင်ပြည်ချက်ချင်းပေးဆိုတဲ့ဟာက ကျနော်တို့ လွတ်လပ်မှုကို လိုလားတာ။ အဲဒါကို သရုပ်ဖော်တာ။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြဆိုတာက လူမျိုးအလိုက် တန်းတူမှုအခွင့်အရေးကို တောင်းဆိုတာ ဖြစ်တယ်။ ဒီလို ဖော်ပြတာ ဖြစ်တယ်။ လူမျိုးရေးအဓိကရုန်းအလိုမရှိ ဆိုတာက ဒါက လူမျိုးစုံ သွေးစည်းချစ်ကြည်ရေး ဆိုတဲ့သဘောကို ပြတာ ဖြစ်တယ်။ နောက်ပြီးမှ ပြည်တွင်းစစ် အလိုမရှိဆိုတာက ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားတာဖြစ်တယ်။ အဲလိုချဲ့လိုက်ရင် ဒီ(၄)ချက်က အင်မတန်ကို မွန်မြတ်တဲ့ (၄)ချက်ဖြစ်တယ်။ တရားမျှတတဲ့ တောင်းဆိုမှုဖြစ်တယ်။ အဲဒါကို ကျနော်တို့က အသိအမှတ်ပြုတယ်။
ဒီကနေ့ဆိုရင် ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ (၁၁) ရက်ဆိုရင် ဒီကနေ့က ၂၀၁၈ ခု ၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ဆိုရင် နှစ် (၇၀) ပြည့်ပြီး။ ဒီလောက်သက်တမ်းရှိတယ်။ ကျနော်တို့ တောင်းဆိုခဲ့တာ။ လူငယ်တွေ သိရှိဖို့ပါ။ အဲဒါပါဘဲ။
အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ အဆိုအမိန့်
ကျနော်ပြောချင်တာက စောဘဦးကြီး မကျဆုံးခင်က သူပြောခဲ့တာ ရှိပါတယ်။ အဲဒီတုန်းက ကရင်တွေကလည်း ကရင်ပြည်ရရှိရေးအတွက် မော်လမြိုင်သိမ်း၊ သထုံသိမ်း ၊ ညောင်လေးပင်သိမ်း အဲလိုတွေ ရှိခဲ့တာကိုး။ အဲဒါတွေအတွက် စောဘဦးကြီး ပြောခဲ့တာ ရှိပါတယ်။ ကရင်တွေ ကရင်ပြည်ရချင်ရင် ဗမာတွေ ပေးချင်အောင် လုပ်ပါ။ ဗမာတွေကလည်း ကရင်ပြည်မပေးချင်ရင် ကရင်တွေ မတောင်းချင်အောင်လုပ်ပါ။ သူ့ပြောကြားချက်က နှစ်ဖက်နှစ်ဖက် ။ သူက တောင်းဆို ထားပါ။ အဲဒါတွေကို ကျနော်တို့ လုပ်ခဲ့ပါတယ်။ နောက်စောဘဦးကြီးက လက်နက်ကိုင်တော်လှန်ရေး ထဲ ရောက်လာ တော့ပေါ့လေ။ တော်လှန်ရေးဖြစ်ပွားလာပြီးဖာပွန်မှာ ပြောတာရှိခဲ့တယ်။ ငါတို့ကရင်တွေက ကရင်ပြည်ရရှိဖို့ ဆိုရင် အခြေခံ (၃)ခုရှိတယ်။ (၁) ကတော့ ဗမာအစိုးရက တို့ကို လိုက်လျောပြီး ပေးမယ်ဆိုလည်း ရတယ်။ (၂)က လက်နက်ကိုင်တော်လှန်ပုန်ကန်ပြီး အာဏာသိမ်း ပြီးမှလည်း ရနိုင်တယ်။ (၃)က ကမ္ဘာ့အခြေအနေ ၊ ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်က တွန်းပို့မှု ကြောင့်လည်း ရနိုင်တယ်ဆိုတဲ့အခြေခံ (၃)ရပ်ကို သူပြောခဲ့တာ ရှိတယ်။
အဲတော့ ကျနော်တို့က ဖဆပလအစိုးရဆီ တောင်းပြန်တော့လည်း မရဘူးဗျ။ လက်နက်ကိုင်တော်လှန်ရေးအနှစ် (၆၀) ကျော်ပြီလုပ်လာတာကလည်း သူကလည်း ကိုယ့်ကိုအပြီးအပိုင် မခြေမှုန်းနိုင်သလို ကိုယ်ကလည်း အာဏာသိမ်းလို့ မရဘူး။ ဒီလိုအခြေ အနေမျိုးမှာ ကျနော်တို့ ကရင်လူထုတွေ ဆုံးရှုံးနစ်နာတာတွေဟာ အားလုံးသိကြပါတယ်။ အဲတော့ ပညာရေးမှာလည်း နိမ့်ကျသွားတယ်။ စီးပွားရေးမှာလည်း နိမ့်ကျသွားတယ်။ အဲလိုမျိုးတွေ ကျနော်တို့မှာ ရှိခဲ့ပါတယ်။ ရှိလို့ ကျနော်တို့က စောဘဦးကြီးရဲ့မူတွေကို အလေးအနက်ထားတယ်။ နောက်စောဘဦးကြီး ပြောသွားသေးတာ ရှိတာက ငါတို့ ကရင်တော်လှန်ရေးဟာ ဒါပထမဦး ကရင့်တော်လှန်ရေးဖြစ်သလို နောက်ဆုံးတော်လှန်ရေးလည်း ဖြစ်ရမယ်။ ဒါသူပြောခဲ့တာတွေ ရှိတယ်။ နောက်ပြောတာက ကျနော်တို့ ကရင့်တော်လှန်ရေးက ရန်ကုန်မှာသွားပြီး လည်စင်းမပေးရင် ဘယ်တော့မှ မရှုံးဘူး။ ဒါကြောင့်မို့ သူက စောဘဦးကြီး မူလေးချက်ကို ဒီကနေ့ ဆုပ်ကိုင်ထားတာက (၁) လက်နက်ချစကား အလျဉ်းမပြောရ။ (၂) အချက်က မိမိလက်နက် မိမိလက်ထဲမှာ ရှိရမယ်။ (၃) အချက်က ကရင်ပြည်ကို ပြီးပြည့်စုံစေရမယ်။ (၄) အချက်ကတော့ မိမိရဲ့ နိုင်ငံရေးကံကြမ္မာကို မိမိသာလျှင် ဖန်တီးရမယ်။ အဲဒီအချက် (၄)ချက်ကို သူက ပြောခဲ့တယ်။ သူတို့က ဒီမူ(၄)ချက်နဲ့ ဆုပ်ကိုင်ပြီး ဒီကနေ့အကုန်လုံးကို နိုင်ငံရေး ၊ စစ်ရေးကို လှုပ်ရှားလာတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကနေ့ကာလက အနှစ် (၇၀)ကာလကို ရောက်လာပြီ။
ငြိမ်းချမ်းရေး ကြိုးပမ်းမှုသမိုင်း အဆင့်ဆင့်
ကျနော်တို့ ဖြတ်သန်းမိတဲ့ လုပ်ရပ်တွေကို ကျနော်တို့ ပြန်လည် ဆင်ခြင် သုံးသပ်ဖို့ လိုတယ်။ အဲဒါ ဆင်ခြင်သုံးသပ်မှု မရှိဘဲနဲ့ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ဘယ်တောင် ဘယ်ကမ်းရောက်မယ် ဆိုတာ ကျနော်တို့ ပြောလို့မရဘူး။ ဒါကြောင့်မို့ ကျနော်တို့က ဆင်ခြင်သုံးသပ်ပြီးမှ တွေ့ဆုံဆွေးနွေးရေးဆိုတာကို အမြဲတမ်းကျနော်တို့က မျှော်မှန်းထားတယ်။ တွေ့ဆုံဆွေ နွေးရေးနဲ့ ပတ်သက်လာရင်တော့ ကျနော် ပြောချင်တယ်။ ၁၉၄၉ ခု အင်းစိန် တိုက်ပွဲမှာ စောဘဦးကြီးနဲ့ ဝန်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးကြတယ်။ လက်နက်ချခိုင်းထားတယ်။
၁၉၆ဝ ခုနှစ် အိမ်စောင့်အစိုးရတက်တဲ့အချိန်မှာလည်း အဲဒီအချိန်မှာလည်း ကျနော်တို့ကို အခွင့်အရေး ပေးသလိုလိုနဲ့ ကျနော်တို့ကို လက်နက်ချခိုင်းတဲ့သဘောဘဲ။ နောက် ၁၉၆၃ ခုနှစ်မှာလည်း ဒါ တစ်ပြည်လုံးကို ပစ်ခတ်ရပ်စဲရေး လုပ်ပြီးတော့မှ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ပြောရမယ်ဆိုရင် နောက်ဆုံးတော့ ကျနော်တို့ကို လက်နက်ချခို်င်းတာဘဲ။ အဲတော့ ၁၉၉၆ မှာ နဝတ အစိုးရ လက်ထက်မှာ ကျနော်တို့ ပြန်တွေ့တယ်။ တွေ့တာ တွေ့တော့ လည်း သူတို့က ဒီအတိုင်းဘဲလေ။ ဥပဒေဘောင်အတွင်း ဝင်ရောက်ရေး ၊ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေး အတွက်ကို ခင်ဗျားတို့ နှုတ်ကတိပေးပါ။ နှုတ်ကတိပေးပါဆိုတော့ ပြောရမယ်ဆိုရင် ဒါဟာ လက်နက်ချခိုင်းတာဘဲ။ အဲတော့ ကျနော်တို့အယူအဆနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ကျနော်တို့ လက်မခံနိုင်ဘူး။
နောက် ၂၀၀၄ ဗိုလ်ချုပ်မြနဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့ကြတဲ့အခါကလည်း အဲဒီမှာ ဘာအကန့်အသတ်မှ မထားဘူး။ ဆွေးနွေးကြတယ်။ ပြောကြနေရင်းကဘဲ မပြီးပြတ်သေးဘူး။ ဗိုလ်ချုပ်ခင်ညွန့်ကလည်း အဖမ်းခံလိုက်ရတယ်။ အဲဒါ ကျနော် တို့ ဥက္ကဌကြီး စောဘိုမြကလည်း တစ်ခါ ဆေးရုံတက်ရပြီးမှ နောက်ဆုံးရောဂါထူလာပြီး ဆုံးသွားတယ်။ အဲဒါကြီးက ပြီး ပြတ်တဲ့ တွေ့ဆုံဆွေးနွေးရေး မဟုတ်ဘူး။
နောက်ဆုံးမှာကျတော့ ဦးသိန်းစိန်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့တက်လာတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးကိုတခါ ပြန်ပြီးဖော်ဆောင်လာတယ်။ ၂၀၁၂ မှာ ဖားအံမှာ ဆွေးနွေးကြတယ်။ ဆွေးနွေးကြတော့ ပဏာမအပစ်အခတ်ရပ်စဲရေးကို ကျနော်တို့လုပ်ခဲ့တယ်။ လုပ်ခဲ့ပြီး ဆက်လက်သွားပြီးမှ ကျနော်တို့ နေပြည်တော်မှာ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ၂၀၁၅ မှာ ကျနော်တို့ NCA ပေါ့နော်။ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်မှာ (၈)ဖွဲ့ လက်မှတ်ရေးထိုးကြတယ်။ ဒါကတော့ သိပါတယ်။ အဲဒီထဲမှာ ကေအဲန်ယူပါတယ်။ အဲဒီကစပြီး ကျနော်တို့ ကို ၁၇/၁ ဆိုတဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ကိစ္စကို ကျနော်တို့ကို ရုပ်သိမ်းလိုက်တယ်။ အဲဒီတော့ ကျနော်တို့က အခုလွတ်လွတ်လပ်လပ်ရှိပြီ။ ကျနော်တို့ကို ဘာနဲ့မှ တရားစွဲလို့ မရတော့ဘူး။
သွေးထွက်သံယိုမှု တိုက်ပွဲမှ စားပွဲခုံပေါ် တိုက်ပွဲသို့
အဲဒီတော့ ဒီဘက်အပိုင်းမှာ ကျနော်တို့က နိုင်ငံရေးကို ဒီကနေ့ စားပွဲခုံပေါ်မှာ ဆွေးနွေးဖို့ လုပ်လာတယ်။ လုပ်လာတော့ ၂၀၁၂ ဟိုဘက်အပိုင်းမှာတော့ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေး။ ၂၀၁၂ ဒီဘက်အပိုင်းမှာတော့ စားပွဲခုံ နိုင်ငံရေးဆွေးနွေးရေး အဲဒါကို ကျနော်တို့က ဆက်လက်ဆောင်ရွက်တယ်။ တော်လှန်ရေးကတော့ မပြီးဆုံးသေးပါဘူး။ မပြီးဆုံးသေးပါဘူး။ အဲတော့ မပြီးဆုံးသေးတဲ့ဟာကို ကျနော်တို့ အရင်တုန်းကတော့ လက်နက်ကိုင်တော်လှန်ရေးက အနေအထားကတစ်မျိုး၊ နိုင်ငံရေးအရ စားပွဲခုံပေါ်မှာ ဆွေးနွေးရတဲ့အခါကျတော့ အနေအထားကတစ်မျိုး။ ဒီအလှည့်အ ပြောင်းတွေကို တချို့ ကျနော်တို့ လူတွေက မရှင်းဘူး။ မရှင်းတော့ အမျိုးမျိုးပြောကြ ၊ ဝေဖန်ကြ။ တကယ်ကတော့ အတိတ်သမိုင်းတွေ လုပ်ခဲ့ပြီးခဲ့တာတွေကို ပြန်လည်သုံးသပ်ဖို့က အမြဲလိုတယ်။ သုံးသပ်ပေးရင် အောင်မြင်မှုရှိလား ၊ မအောင်မြင်လား၊ ပြီးမှ ရှေ့ဆက်သွားဖို့လိုတယ်။
အဲတော့ ကျနော်တို့ ဒါကို ဆင်ခြင် သုံးသပ်တော့ ဒီကနေ့ နိုင်ငံရေးတိုက်ပွဲနဲ့ သွားတာဖြစ်တယ်။ ဖြစ်တော့ ကျနော်တို့က ဒီဟာကို ကျနော်တို့ ဥက္ကဌကြီး မူတူးစေးဖိုးလည်း ပြောပါတယ်။ ဒီ NCA လမ်းကြောင်းကနေ ကျနော်တို့ သွားမယ်။ NCA ကိုတော့ ကျနော်တို့ မဖျက်ဘူး။ ဒါပေမယ့် NCA က တစ်ခုခုကြောင့် ဖြစ်လာရင်တော့ ကျနော်တို့ KNU ကြောင့်မဟုတ်ဘူး ဆိုတာကို သူကပြောထားတာ ရှိပါတယ်။ ဒီတိုင်းဘဲ ကျနော်တို့ သွားမှာဘဲ။ ဒါကြောင့် ဒီဟာက မပြီးသေးပါဘူး။ မပြီးသေးပါဘူး။ အဲဒါ ပြီးပြီလို့တော့ မထင်လိုက်ကြနဲ့ ။ တော်လှန်ရေးဟာ မပြီးသေးပါဘူး။ နည်းပရိယာယ်အလှည့် အပြောင်းကို နားမလည်လို့ တချို့က လက်နက်ကိုင်တော်လှန်ရေး မလုပ်တော့တာနဲ့ဘဲ သမိုင်းမှာ ကျန်ရစ်ခဲ့ပြီ။ ဘာမှမရှိ တော့ဘူး ..ကေအဲန်ယူ ဒီလိုအမြင်မျိုးတွေ ။ အဲတော့ ဒါလေ့လာမှု အားနည်းတယ်။ အဲတော့ကျနော်တို့က နိုင်ငံရေးတိုက်ပွဲနဲ့ တော်လှန်ရေးကို ဆက်သွားနေတာ။ သွေးမထွက် တဲ့စစ်ပွဲပေါ့။ အကျအဆုံးလည်းမရှိ အပျက်အစီး လည်းမရှိ ၊ အဲဒါကို ကျနော်တို့ သူနိုင် ကိုယ်နိုင်ပေါ့ဗျာ ။ Win-Win ပေါ်လစီအရ ကျနော်တို့က ဆက်လက်ပြီး ဆုံးခန်းတိုင် ဆောင်ရွက်ဖို့လိုတယ်။ အဲဒါကို ကျနော်တို့ သွားဖို့ လိုတာ။
လတ်တလောနိုင်ငံရေးအပေါ် စိုးရိမ်မှု
အဲတော့ တပြည်လုံးတောင် မရသေးပါဘူး။ ခင်ဗျားတို့လည်း သိတဲ့အတိုင်းဘဲ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေ သေးတယ်။ အဲဒီတိုက်ပွဲတွေ ဖြစ်နေတာ ကျနော်တို့လည်း စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲကြီးကို မထိန်းနိုင်မသိမ်းနို်င်ကြီးလာလို့ ကျနော်တို့ဘက်ကို ရိုက်ခတ်လာရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ကျနော်တို့ အားကြီးကြောက်တယ်။ ဖြစ်လည်း မဖြစ်စေချင်ဘူး။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှုတိုက်ပွဲနဲ့ ဘဲ ကျနော်တို့ သွားတာက အင်မတန်ကောင်းတယ်။ အဲဒါကိုတော့ ကျနော်တို့က တစ်စိုက်မတ်မတ် ဆက်လက်ချီတက်နေတယ်။ အဲဒီတော့ မြောက်ပိုင်းမှာရှိတဲ့ပစ်ခတ်မှုတွေရပ်စဲအောင်တော့ ကျနော်တို့က အတတ်နို်င်ဆုံး ကြိုးစားတယ်။ လူထုတွေကလည်း ဒါကို ကြိုးစားဖို့လိုတယ်။ ဝိုင်းဝန်းလုပ်မှဘဲ ရမှာ ။ ဒီအရှိန်အဝါက သေးတာ မဟုတ်ဘူး။
အဲဒီတော့ ဒါကို ကျနော်တို့လုပ်မှ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ထောင်သွားမယ်။ အဲတော့ ရသင့်ရထိုက်တဲ့အခွင့်အရေးထက် ပိုလည်းမယူပါဘူး။ အဲဒါကတော့ ကျနော်တို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့ အစိုးရိမ်လွန်တဲ့သူကလည်း မစိုးရိမ်ဖို့ ကျနော်ဒီမှာသိအောင် ပြောကြားချင်ပါတယ်။
အမျိုးသား၏ မူလမျှော်မှန်းချက်နှင့် လက်ရှိအခြေအနေ
အခု အခွင့်အရေးရတာက လွတ်လွတ်လပ်လပ် ကျနော်တို့ ရင်ဖွင့်ပြီး ပြောလို့ ရတယ်။ ဒီအခွင့်အရေးရှိတယ်။ အခု လူတွေစိုးရိမ်မှု ရှိတာက ဒီ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ NCA လမ်းကြောင်းဟာ ကြိုးတန်းပေါ်လမ်းလျှောက်တာ မဟုတ်ပါဘူး။ ပြောရရင်တော့ နည်းနည်းကျယ်တဲ့ လယ်ကန်သင်းပေါ် လမ်းလျှောက်တာဘဲ။ လမ်းလျှောက်တတ်ရင်တော့ မကျနိုင်ဘူး။ လမ်းလျှောက်မတတ်ရင်တော့ ကျမှာဘဲ။ အဲတော့ ကျနော်တို့က ကြိုးတန်းပေါ်လမ်းလျှောက်တာ မဟုတ်ဘူး။ ပြန့်ကျယ်တဲ့ လယ်ကန်သင်းပေါ်မှာ ကျနော်တို့ လမ်းလျှောက်တယ်။ အဲတော့ ဒါဟာ မကျနိုင်ပါဘူး။ ကိုယ်ညံ့မယ်။ ကိုယ်သတိလစ်ရင်တော့ ကျမှာဘဲ။ အဲဒါကိုတော့ ကျနော်တို့ ပြောချင်တယ်။ အဲဒီတော့ သတိမလစ်ဖို့ သတိထားဖို့ ကို ကျနော်တို့ ဆက်လက်လမ်းလျှောက်မှ ကျနော်တို့ လိုရာခရီးကို ရောက်မယ်။ အဲဒါကိုတော့ ကျနော် ပြောချင်တယ်။
အဲတော့ ဒီကရင်ပြည် ချက်ချင်းပေးဆိုတာကလည်း ကျနော်တို့က သီးခြားတန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းမှုကို တောင်းတာပါဘဲ။ ကရင်တစ်ကျပ် ၊ ဗမာတစ်ကျပ် ချက်ချင်းပြ ဆိုတာကလည်း ဒါ တန်းတူမှုအခွင့်အရေး ၊ နို်င်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေးအစရှိသဖြင့် တောင်းဆိုတာဘဲ။ အဲတော့ လူမျိုးရေး အဓိကရုန်းအလိုမရှိဆိုတာက အခုလို အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ပစ်ကြ ၊ တိုက်ကြ ၊ ခိုက်ကြတာကို ကျနော်တို့ အလိုမရှိဆိုတာကို ပြောတာ။ ပြည်တွင်း စစ်အလိုမရှိဆိုတာကလည်း ပြည်တွင်းစစ်ဖြစ်နေလို့ မတိုးတက်တာပေါ့။ ။ ပြည်တွင်းစစ်မရှိရင် ပြည်တွင်းစစ်မှာသုံးတဲ့ ကုန်ကျစရိတ်တွေကို တခြားနေရာမှာသုံးရင် အများကြီး တိုးတက်တာပေါ့။ အဲဒါကို ကျနော်တို့ ပြောတာပါ။ ဒါကြောင့်မို့ ကျနော်တို့ ကရင်လူထုတွေကော ၊ မိဘပြည်သူတွေကော အားလုံးကတော့ ငြိမ်းချမ်းရေးရအောင် ကိုယ်နဲ့ ဆိုင်ရာ ဆိုင်ရာအပိုင်းကနေ အားပေးကူညီလုပ်ဆောင်ကြပါလို့ ကျနော်အထူးပြောချင်ပါတယ်။
အမျိုးသားနေ့ စိတ်ဓာတ်
ဒီလိုပါ ကရင်အမျိုးသားနေ့ဆိုတာ ကရင် စည်းလုံးညီညွတ်ရေးဘဲ ဒါဘဲ။ အဓိကက ကရင်တွေ စည်းလုံးရင်ဘယ်ဟာမှ တိုက်ဖျက်လို့ မရဘူး။ ကရင်တွေ ပြိုကွဲရင် သူများအလွယ်တကူ တိုက်ဖျက်လို့ ရတယ်။ ဒါက သမိုင်းသက်သေရှိ တယ်လေ။ အဲတော့ ကျနော်တို့က ကရင်အမျိုးသားနေ့ကို လုပ်ဆောင်ရတာ ကရင်အမျိုးသားတွေ စည်းလုံးညီညွတ်ဖို့ အတွက် ကျနော်တို့ လုပ်ဆောင်ရတာဖြစ်တယ်။ ကရင်အမျိုးသားတွေ စည်းလုံးညီညွတ်နေရင် ဘယ်ရန်သူကမှ ကျနော်တို့ ကို တိုက်ဖျက်လို့ မရဘူး။ အဲဒါအရေးကြီးတယ်။ အဲတော့ စည်းလုံးညီညွတ်နေရင် ကျနော်တို့ရဲ့ စီးပွားရေး၊ ပညာရေး ၊ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေက တိုးတက်မှာဘဲ။ ခိုင်မာမှာဘဲ။ တရားဥပဒေစိုးမိုးရေး ဖြစ်သွားတာပေါ့ဗျာ။ အဲတော့ ကျတော့တို့ စည်းလုံးညီညွတ်မှုမရှိ ရင်တော့ တရားဥပဒေ စိုးမိုးရေးက ဘယ်လို သွားရှိမလဲ။ အဲဒါကြောင့်မို့ ကရင်အမျိုးသားရဲ့ အဓိက လက္ခဏာဟာ ကျနော်တို့ ကရင်အမျိုးသားတွေ စည်းလုံးညီညွတ်ရေးဘဲ ဖြစ်တယ်။ အဲဒါကို ကျနော်တို့ ကရင်လူကြီးတွေကော၊ ကရင်လူငယ်တွေကော ရှေ့ဆက်အနာဂတ် ခေါင်းဆောင်ဖြစ်မယ့် လူတွေကောက သိရှိဖို့ လိုတယ်။ အဲလိုမှ မဟုတ်လို့ရှိရင်တော့ ကျနော်တို့က ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ၊ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက် အဲလို ဖြစ်ကုန်မှာပေါ့။ အဲဒါဆိုရင် တစ်ပေါက်တစ်လှမ်းဖြစ်မယ်။ ပဲ့မရှိတဲ့ သဘေင်္ာကြီးကို စက်နဲ့ လွှတ်သလို ဖြစ်မှာဘဲ။ ဘာမှအဓိပ္ပါယ်မရှိဘူး။
အဲဒါကြောင့် ကျနော်တို့က အမျိုးသားနေ့ရဲ့ လက္ခဏာ အဓိကဟာ စည်းလုံးညီညွတ်မှုပါဘဲ။ ကရင်အမျိုးသားတွေ စည်းလုံးညီညွှတ်စွာ တောင်းဆိုမှုတခုလည်းဖြစ်တယ်။ တောင်းဆိုတဲ့နေရာမှာ လည်း အေးချမ်းစွာတောင်းဆိုတယ်။ အဲဒါကို ကျနော်တို့ ဖော်ပြတာ ဖြစ်တယ်။ ဒါဟာ ဒီကရင်အမျိုးသားနေ့ရယ်လို့ ၁၉၄၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ကို သူ့ရဲ့အထိမ်းအမှတ်က စုစည်းညီညွတ်ရေးဘဲ။ အဓိကကဗျာ ကျနော်တို့ ကရင်တွေက လေ့လာမှု အားနည်းတယ်။ သမိုင်းကို မသိဘူး။ အထက်က အရာရှိတစ်ယောက်က ဘယ်သူဖြစ်ဖြစ်ပေါ့ဗျာ။ တစ်ယောက်က ခိုင်းလိုက် သေအောင်လုပ်တာဘဲ။ ဒီဟာဆိုတော့ ခင်ဗျားဟာ ကိုယ့်အချင်းချင်း မကွဲဘဲ နေမလား။
သမိုင်းသခင်္န်းစာယူတတ်ရန်လို
အထူးသဖြင့် ကျနော်ကြည့်တာက ကရင်တွေက ဒေသန္တရ အမျိုးသားအမြင်တွေ များတယ်။ အခု ဖားအံဆိုရင် ဖလုံနဲ့ ဖလုံးတောင်မှ ကွဲချင်တဲ့သဘော။ ပြောတဲ့လူတွေက ရှိတယ်ကိုး။ ဟိုး.. ဘိတ်-ထားဝယ်ကျတော့လည်း ကျနော်တို့ အထက်ကကောင်တွေကို(ပွာထာခေါဖိုး) အထက်သားတွေ ဒီလိုရှိတယ်ပေါ့ ။ အဲဒါတွေက ဒေသန္တရ အမျိုးသားအမြင်တွေ ခေါ်တယ်။ အဲဒီဒေသန္တရ အမျိုးသားအမြင်တွေကို ဖျောက်ပစ်ရမယ်။ ဒေသန္တရ အမျိုးသားအမြင်တွေကို မဖျောက်ဖျက်လို့ ရှိရင် ကျနော်တို့ ကရင်ဟာ စုစည်းလို့ မရဘူး။ နောက်ပြီးမှ အတ္တတွေ ၊ အတ္တတွေ ဆိုတာက ပြောရမယ်ဆိုရင် ကွဲသွားတဲ့ အဖွဲ့တွေက သူတို့ရာထူးတွေ ကျသွားမှာကိုး။ ပြီးတော့ သူ့တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေက ထိန်းချုပ်ခံရမှာကိုး ။ သူတို့ ဘယ်ပေါင်းမလဲ။ ဒါပေမယ့် နို်င်ငံရေးအရ ပေါင်းရင် ရပါပြီ။ ကရင်အမျိုးသားဆိုတဲ့အောက်မှာစုစည်းညီညွတ်ရင် ရပါပြီး။ ကျနော်တို့က မတူကွဲပြားခြားနားမှုတွေနဲ့ စည်းလုံးညီညွတ်မှုရှိအောင် လုပ်သွားရမယ်။ ကျနော်တို့ အဂင်္လိပ်လို ပြောတာ unity and diversity ။ မတူကွဲပြားခြားနားတာတွေနဲ့ဘဲ စည်းလုံးညီညွတ်အောင် ကျနော်တို့ လုပ်သွားဖို့လိုတယ်။ လုံးလုံး စည်းလုံးညီညွတ်မှုဆိုတာကတော့ ကမ္ဘာပေါ်မှာ တော်တော်ရှားပါတယ်။ ဒါကြောင့် မို့ အဲဒီပုံစံကို ကျနော်တို့ လုပ်သွားမယ်ဆို ရပါတယ်။ နှောင့်ယှက်ဖျက်ဆီးသူတွေက အခုမှ မဟုတ်ပါဘူး။ ဟိုး ကေအဲန်ယူ စဖွဲ့စည်းကတည်းက နှောင့်ယှက်ဖျက်ဆီးသူ ရှိတာဘဲ။ ဒါပေမယ့် ဘယ်လိုဘဲ ဖျက်ဆီး၊ ဖျက်ဆီး ကေအဲန်ယူရဲ့ သမိုင်းကတောက်လျှောက် တက်လာတယ်။ ဒါကို ဖယ်ရှားလို့ မရဘူး။ ယုတ်စွအဆုံး နောက်ဆုံး ဒီကေဘီအေ ပေါ်တာက အစ ဘယ်လောက် အားလျော့သွားလဲ။ ဒါတောင်မှ ကျနော်တို့ ကေအဲန်ယူ ရပ်တည်နိုင်သေးတာဘဲ။ အဲတော့ အဲလောက်ဆိုးသွမ်းတာ တွေတော့ နောက်မဖြစ်တော့ဘူးလို့ ထင်တယ်။ ဒါသမိုင်းသခင်္န်းစာကို ကျနော်တို့ ပြန်ယူရမှာကိုး။ အဲလို သမိုင်းသင်ခန်းစာ ကို ပြန်ယူလိုက်ရင် နောက်ထပ် ဒီလိုဆိုးဝါးတဲ့ သင်ခန်းစာတွေ မရှိတော့ဘူးလို့ ထင်တယ်။
အဲတော့ဒီကနေ့ဆိုရင် ကရင်အမျိုးသားနေ့ဆို အနှစ် (၇၀) ရှိပြီ။ လက်နက်ကိုင်တော် လှန်ရေးတိုက်ပွဲကလည်း (၆၉) နှစ်ရှိပြီ။ ဒီလိုဝါရင့်တဲ့ နိုင်ငံရေးအဖွဲ့အစည်း ၊ လူ့အဖွဲ့အစည်းတစ်ခုက ထပ်ပြီးမှ အမှားကျူး လွန်ရင်တော့ အဲဒါကတော့ ကျနော်တို့ရဲ့ တာဝန်ဘဲ ဖြစ်တော့တယ်။ ဒါကြောင့်မို့ သမိုင်းသခင်္န်းစာတွေ ယူပါ။ သမိုင်းကို လေ့လာပါ။ ဒါကြောင့်မို့လည်း ဒေါက်တာ သန်းထွန်းပြောတာပေါ့။ သမိုင်းဟာမ‘အ’အောင် သင်တာ။ အဲတော့ သမိုင်းကို ဂရုမစိုက်ချင်တဲ့သူက လူ‘အ’ ပေါ့။ ဒါဘဲပြောရမယ်။ လူအဆို ဘယ်သူလိမ်လိမ် လိမ်လို့ရတယ်။ မ‘အ’အောင်သင်လို့ မ‘အ’တဲ့သူကိုတော့ လိမ်လို့မရဘူး။ အဲဒါဘဲ ကျနော်အထူးပြောချင်တာ အဲဒါဘဲ။
“တိတ်ဆိတ်ငြိမ်သက်စွာ ဆန္ဒပြတောင်းဆိုလို့ ကမ္ဘာမှာ အယဉ်ကျေးဆုံး ဆန္ဒပြပွဲဘဲ ဆိုပြီး တချို့ ဘိလပ်က သတင်းစာကြီးတွေတောင်ရေးတယ်။ ဒီတောင်းဆိုချက်က အင်မတန်ကို မွန်မြတ်တဲ့တောင်းဆိုချက်ဖြစ်တယ်။ တရားမျှတတဲ့ တောင်းဆိုမှုဖြစ်တဲ့အတွက် အဲဒါကို ကျနော်တို့က အသိအမှတ်ပြုတယ်။ ”