Home သတင်း ကရင်များ မိမိတို့၏ သမိုင်းကိုသိ‌အောင် လုပ်ကြပါဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီ တိုက်တွန်း

ကရင်များ မိမိတို့၏ သမိုင်းကိုသိ‌အောင် လုပ်ကြပါဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီ တိုက်တွန်း

3123
ဧရာဝတီ ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီ ( ပုံ-‌ကေအိုင်စီ)

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား
ကရင်လူမျိုးများ မိမိတို့၏သမိုင်းကိုသိ‌အောင် လုပ်ကြပါဟု ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီက ‌မြောင်းမြမြို့နယ်၊ မ‌ဒေါ့‌ချောင်းရွာတွင် ပထမဆုံး ကျင်းပသည့် အနှစ်(၇၀)ပြည့် ကရင်အမျိုး သား‌နေ့အခမ်းအနားတွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။

‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်(ယ‌နေ့)တွင် ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့ မိန့်ခွန်း၌ မန်း‌ဂျော်နီက̏ သမိုင်း မသိရင် လူမျိုး မသိနိုင်ဘူး။ ဒါ့‌ကြောင့်ကရင်လူမျိုး‌တွေ သမိုင်း သိကိုသိရမယ်။ ကျ‌နော် ဧရာဝတီဝန်ကြီး ချုပ်ဖြစ်တုန်းက ဒီလိုပွဲမျိုး သွားလို့မရဘူး။ အခု ဧရာဝတီ တစ်တိုင်းလုံးကို လွတ်လပ်စွာသွားမယ်။ ကရင်တိုး တက်‌ရေးအတွက် လွတ်လပ်စွာ ‌ဆွေး‌နွေးမယ်↔ဟု ‌ပြောဆိုသည်။
ထို့အပြင် သမိုင်းတွင် ကရင်လူမျိုးများ စီမံခန့်ခွဲမှု အားနည်းခဲ့ခြင်း‌ကြောင့် အုပ်ချုပ်‌ရေးအားနည်းခြင်း ဖြစ်‌ပေါ်ခဲ့ရပြီး ယခု အချိန်တွင် စီမံခန့်ခွဲမှု အား‌ကောင်းလာ‌စေရန် လူသားအရင်းအမြစ် များများ‌မွေးထုတ်‌ပေး ရမည်ဖြစ်‌ကြောင်း လည်း ဝန်ကြီးချုပ်‌ဟောင်းမန်း‌ဂျော်နီက တိုက်တွန်း‌ပြောဆိုသွားသည်။

‌မြောင်းမြမြို့နယ်၊ ကရင်စာ‌ပေ နှင့်ယဉ်‌ကျေးမှု‌ကော်မတီ၏ ဦး‌ဆောင်မှုဖြင့် မြို့နယ်အဆင့် ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် ကရင်အမျိုးသား‌နေ့အခမ်းအနားသို့ တာဝန်ရှိလူကြီးများ အပါအဝင် ‌မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ စသည့်မြို့နယ်များမှ ‌ဒေသခံ လူထု‌ပေါင်း ၃,၅၀ဝ ‌ကျော်မှ ပါဝင်ပူး‌ပေါင်းခဲ့သည်။

ကရင်အမျိုးသာ‌နေ့အခမ်းအနားအား ဦး‌ဆောင်ကျင်းပသူ ‌မြောင်းမြစာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း ‌ရေးမှူး မန်းထွန်းလင်းက̏ ကရင်လူမျိုး‌တွေရဲ့ အမိုင်းအမှန်ကို ကရင်လူကြီး‌ရော၊ လူငယ်‌ရောကို ပြန်လည် သိ‌စေဖို့၊ အမှတ်ရ‌စေဖို့ ‌ဖော်ထုတ်တဲ့အ‌နေနဲ့ပါ။ လူငယ်‌တွေအ‌နေနဲ့လည်း မအ‌အောင် သမိုင်းကို ပြန် လည်‌လေ့လာနိုင်ဖို့ ရည်ရွယ် ပါတယ်↔ဟု‌ပြောသည်။
အခမ်းအနားတွင် စစ်‌ကြောင်း (၅) ‌ကြောင်းဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအပြင် ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီ၊ KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟို‌ကော်မတီဝင် ပဒို‌စောပိုပိုထူး‌အောင် အပါအဝင် တာဝန်ရှိ သူများမှ မိန့်ခွန်းများ၊ ကရင်အမျိုးသား‌နေ့ဖြစ်‌ပေါ်လာပုံ သမိုင်းများ ‌ဟော‌ပြောခဲ့ကြသည်။

ကရင်အမျိုးသား‌နေ့ကို ယခင်က ကရင်ပြည်နယ်အတွင်းရှိ KNU ထိန်းချုပ်ရာ ‌တော်လှန်‌ရေးနယ်‌မြေများနှင့် ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက်တွင်သာ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ဦးသိန်းစိန် ဦး‌ဆောင်သည့် အစိုးရ လက် ထက် KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း အခြားပြင်ပ‌နေရာများတွင် ကျင်းပလာနိုင်ခဲ့ကြသည်။
ထိုသို့ကျင်းပရာတွင် ကရင်ပြည်နယ်အပြင် ကရင်လူမျိုးများအများစု ပျံ့နှံ့‌နေထိုင်ရာ ‌ဒေသများဖြစ်သည့် ရန်ကုန် တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီးများအတွင်း ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစတင်ကာ ကရင်အမျိုးသား‌နေ့ကို ပုံစံမျိုးစုံဖြင့် ကျင်းပမှုများရှိလာခဲ့ ကြခြင်းဖြစ်သည်။

ယခု ကရင်အမျိုးသား‌နေ့ကျင်းပသည့် မ‌ဒေါ့‌ချောင်းရွာမှ နန့်မီမီက “ ကျမတို့ဘက် ဒီလိုသိပ်မရှိဘူး။ ရွာမှာဆို အခုပထမဆုံးအကြိမ်လည်းဖြစ်တယ်။ ရန်ကုန်က‌နေရွာကိုပြန်လာပြီး ဒီပွဲကိုတက်တာပါ။ ဒီလိုပွဲ‌တွေလုပ်‌ပေး နိုင်ရင် စာ‌ပေယဉ်‌ကျေးမှုသမိုင်း‌တွေ ပြန်လည်မြှင့်မားလာလိမ့်မယ်။ ‌နောက်နှစ်‌တွေမှာလည်း ကျမတို့ ဧရာဝတီတိုင်း ဘက်မှာ ဒီလိုများများကျင်းပနိုင်ဖို့ကိုလည်း ‌မျှော်လင့်ပါတယ်” ဟု‌ပြောသည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကရင်လူထု ၄သိန်း‌ကျော်က “ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ” စသည့် ‌တောင်းဆိုချက်ပိုစတာများ ကိုင်‌ဆောင်ကာ ကရင်ပြည်‌ပေး‌ရေး ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည်။
ထို‌နေ့ကို အစွဲပြုပြီး ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ရန် ၁၉၅၃ခုနှစ်၊ ဖာပွန်မြို့၌ ကျင်းပခဲ့‌သော ‌ကော်သူး ‌လေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ‌ထောက်ခံ အတည်ပြုခဲ့ကြသည်။