Home သတင်း ‌တောင်‌ပေါ်‌ဒေသခံလူထုများ ငြိမ်းချမ်း‌ရေးဖြစ်စဉ်သိရှိရန် သံ‌တောင်တွင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲပြုလုပ်

‌တောင်‌ပေါ်‌ဒေသခံလူထုများ ငြိမ်းချမ်း‌ရေးဖြစ်စဉ်သိရှိရန် သံ‌တောင်တွင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲပြုလုပ်

2099

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၏ ‌ဝေးလံသည့်‌တောင်‌ပေါ်‌ဒေသရှိ ‌ဒေသခံလူထုများအတွက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ခြေအ‌နေနှင့် လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ အ‌ခြေအ‌နေများကို သိရှိ‌စေရန်ရည်ရွယ်ပြီး ကရင်ပြည်နယ် သံ‌တောင်မြို့နယ် ကနစိုး ပင်‌ကျေးရွာတွင် ‌ဖေ‌ဖော်ဝါရီလ ၂ဝ မှ ၂၁ရက်အထိ ၂ရက်တာ ငြိမ်းချမ်း‌ရေးလူထု‌ဆွေး‌နွေးပွဲ တစ်ရပ် ကျင်းပခဲ့ကြသည်။

ကရင်လက်နက်ကိုင်အဖွဲ့များမှ အပစ်ရပ်စာချုပ် NCA လက်မှတ်‌ရေးထိုးသည်မှာ ၂ နှစ်‌ကျော်ရှိပြီဖြစ်‌သော်လည်း အချို့‌ဒေ သများတွင် NCA နှင့်ပတ်သက်၍ လုံးဝမသိ‌သေးသည့် ‌ဒေသခံလူထုများရှိ‌နေ‌သေးသည့်အတွက် ၎င်းအ‌ခြေအ‌နေများကို သိရှိ‌စေရန် စစ်‌တောင်းသံစဉ် လူမှုကူကွန်ရက်အဖွဲ့က ယခုလို ပြုလုပ်‌ပေးခြင်းဖြစ်သည်ဟု ယင်းအဖွဲ့မှ ‌နော်တဘိသာက ‌ပြောသည်။

၎င်းက “တကယ့်‌တော‌တောင်မှာ‌နေတဲ့ ကျမတို့လူထု‌တွေဆိုရင် ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး ဘာမှမသိတဲ့လူ‌တွေလည်း အ များကြီးရှိ‌သေးတယ်။ သူတို့လည်း သိဖို့လိုအပ်တယ်။ သူတို့‌တွေကို ရှင်းပြခြင်းအားဖြင့် သူတို့စိုးရိမ်မှု‌တွေ နည်းလာမယ်။ တကယ်လို့နှစ်ဖက်တပ်ကလာပြီး ချိုး‌ဖောက်မှု‌တွေလုပ်ရင် NCA ကို
‌ထောက်ပြပြီး သူတို့လည်း‌ပြောရဲလာမယ်။ အနည်းဆုံး ‌တော့ သူတို့ဘဝလုံခြုံမှု သူတို့ အခွင့်အ‌ရေး‌တွေ သိလာမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဆွေး‌နွေးပွဲတွင် လက်ရှိ ငြိမ်းချမ်း‌ရေးအ‌ခြေအ‌နေများရှင်းလင်းခဲ့ကြပြီး NCA စာချုပ်တွင် အရပ်သားများအား အကာအကွယ်‌ပေး‌ရေးနှင့်သက်ဆိုင်သည့် အချက်များကို လူထုများသိရှိနားလည်ရန် ရှင်းပြခြင်းအပြင် လူထုများလက်ရှိ ကြုံ‌တွေ့‌နေရသည့်အ‌ခြေအ‌နေများကို ပြန်လည် ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

နှစ်ရက်တာပြုလုပ်သည့် ထို‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ် သံ‌တောင်မြို့နယ်၊ ကနစိုးပင်‌ကျေးရွာ အနီးနားရှိ ‌ဒေသခံအပါအဝင် ‌တောင်‌ပေါ်တွင်‌နေထိုင်သည့် ‌ဒေသခံလူထုများ၊ ပဲခူးတိုင်း‌ကျောက်ကြီးမြို့နယ်ရှိ ‌ဒေသခံလူထုအချို့နှင့် ထန်းတစ်ပင်မြို့နယ်ရှိ ‌ဒေသခံလူထုများအပါအဝင် စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

စစ်‌တောင်းသံစဉ်အဖွဲ့သည် ပဲခူးတိုင်း‌ဒေသကြီးရှိ ‌ကျောက်ကြီး၊ မုန်း၊ ‌ရွှေကျင်၊ ထန်းတစ်ပင်မြို့နယ်နှင့် ကရင်ပြည် သံ‌တောင်ကြီးမြို့နယ်ရှိ လူထုများပါဝင်ပြီး ဖွဲ့စည်းထားသည့် လူမှုအဖွဲ့ဖြစ်ကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်၍ အသိပညာ‌ပေးလုပ်ငန်းများ၊ သင်တန်းများပြုလုပ်‌ပေး‌နေသည့် လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။