Home တွေ့ဆုံမေးမြန်းခန်း ပဒိုမန်းရှာလားဖန်းအတွက် အစ်ကိုဖြစ်သူ၏ မှတ်မှတ်ရရ တမ်းတစကား

ပဒိုမန်းရှာလားဖန်းအတွက် အစ်ကိုဖြစ်သူ၏ မှတ်မှတ်ရရ တမ်းတစကား

2761

၂၀၁၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့သည် နိုင်ငံတကာ ချစ်သူများ‌နေ့ ဖြစ်သကဲ့သို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံး‌သော ဆယ်နှစ်ပြည့်‌နေ့လည်း ဖြစ်‌ပေသည်။
ထို‌နေ့ရက်တွင် ပဒိုမန်းရှာလားဖန်းအတွက် ‌အောက်‌မေ့ဖွယ် အမှတ်တရ စကားအဖြစ် အစ်ကိုဖြစ်သူ အငြိမ်းစား‌ကျောင်းဆရာ မန်းတင်‌ရွှေက ညီငယ်အတွက် ‌ပြောဆိုခဲ့သည့်စကားကို ‌ကေအိုင်စီ-ကရင်သတင်းဌာနက ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော် မြို့နယ်ရှိ ‌တော‌ကျောင်း‌ကျေးရွာသို့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက် သွား‌ရောက်ခဲ့စဉ်က ကြိုတင် ‌တွေ့ဆုံ‌မေးမြန်းလာခဲ့သည် ကို ‌ဖော်ပြလိုက်ပါသည်။

မန်းတင်‌ရွှေ (‌တော‌ကျောင်း‌ကျေးရွာ၊ မန်းရှာလားဖန်းရုပ်ထု‌ရှေ့)


သူ့သက်တမ်း နှစ်‌ပေါင်း ၃၀‌ကျော် ‌တော်လှန်‌ရေးသက်တမ်းတစ်‌လျှောက်မှာ တဲ ဝါးအိမ်ကလွဲလို့ ဘာတစ်ခုမှ သူကိုယ် ပိုင် ပိုင်ဆိုင်တဲ့ပစ္စည်းဟာ သူ့ကိုယ်ကျိုးအတွက် တစ်ခုမှ မလုပ်ခဲ့တဲ့အတွက် အင်မတန် ဂုဏ်ယူတယ်။ ‌နောက်တစ်ခုက လူမျိုးစု အားလုံးရဲ့ ခင်မင်‌လေးစားမှုရ‌အောင် သူ ကြိုးပမ်းလာခဲ့တဲ့သူတစ်‌ယောက် ဖြစ်တဲ့အတွက် သူဟာ ကရင်အတွက်သာမက လူမျိုး စုအားလုံးအတွက်ပါ စစ်အာဏာရှင် လက်‌အောက်ကလွတ်‌အောင် ကြိုးစားတဲ့သူမို့လို့ သိပ်ကို ‌လေးစားမိတယ်။ ‌နောက်တစ်ခုက သူဟာ ပစ္စည်းမဲ့လူတန်းစားအားလုံးအတွက် အ‌တော်‌လေး စာနာ‌ထောက်ထားပြီး‌တော့ လုပ်တဲ့သူတစ်‌ယောက် ဖြစ်တာမို့လို့ ဘုရားရဲ့အလိုကျ အင်မတန် သူ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယူဆပါတယ်။
တကယ်လို့သာ ငြိမ်းချမ်း‌ရေးကာလမှာ ဖထီးမန်းရှာ ရှိခဲ့မယ်ဆိုလို့ရှိရင် ‌ဒေါ်‌အောင်ဆန်းစုကြည် သိပ်အခက်အခဲ အ‌တွေ့ရဆုံးဖြစ်တဲ့ လူမျိုးစုအားလုံး လက်မှတ်ထိုးဖို့ဆိုရာမှာ မန်းရှာရဲ့ သူ့စည်းရုံး‌ရေးအားနဲ့ဆိုရင် ‌တော်‌တော်‌လေးကို လွယ် လွယ်ကူကူနဲ့ လက်မှတ်ထိုးကြလိမ့်မယ်လို့ ယူဆပါတယ်။
(ပဒိုမန်းရှာသည် ငယ်စဉ်က ၎င်းတို့မိသားစု‌နေအိမ်နဲ့ မလှမ်းမကမ်းမှ ‌စေတီအနားရှိ သိမ်တွင် များ‌သောအားဖြင့် သွားအိပ်ကာ စာဖတ်‌လေ့ရှိသည်ဟု အစ်ကိုဖြစ်သူက ပြန်လည် ‌ပြောပြရင်း “သူသာရှိရင် သိပ်‌ကောင်းမှာပဲ”ဟု တမ်းတမ်းတတ ‌ပြောဆိုခဲ့ သည်။)