Home ကဗျာ ကရင့်‌ခေါင်း‌ဆောင် ပြည်ချစ်‌တော်

ကရင့်‌ခေါင်း‌ဆောင် ပြည်ချစ်‌တော်

2074

‌ဒေါင်းလကင်္ာ

ဇူလိုင်လ‌နေ့ ၅ရက်မှာ
ပဒိုမန်းရဲ့ ‌မွေး‌နေ့ပါ
ဖခင်ဖြစ်သူ မန်းဘ‌သော်
ဂါ့နမ့်တင်က မိခင်‌နော်
ညီကိုထဲမှ နှစ်‌ယောက်သာ
ပဒိုမန်းက အ‌ထွေးပါ။
‌တော်လှန်‌ရေး၏ အမည်မှာ
မန်းရှာလားဖန်း ‌ခေါ်ကြရာ
အမည်ရင်းမှ ‌ခေါ်ကြ‌တော့
မန်း‌ရွှေချစ်လို့ ထင်ရှား‌ကြော့။
ပန်းတ‌နော်မှာ ပညာသင်
ပဒိုမန်း၏ ကြိုးပမ်းစဉ်
‌အောင်မြင်ခဲ့ရာ သမိုင်းစာ
‌ခေါင်း‌ဆောင်ကြီး၏ အကြိုက်ပါ။
‌ကေအဲန်ယူမှ (၃)နယ်‌မြေ
တာဝန်‌ပေးခြင်း စရံ‌လေ
အဖွဲ ့များမှ တိုင်းရင်းသား
‌ခေါင်း‌ဆောင်ထဲမှ သူပါသွား။
‌ဆွေး‌နွေးပွဲတိုင်း တက်ကြွကာ
‌လေးစားဖွယ်ရာ ‌ခေါင်း‌ဆောင်ပါ
‌သွေးမခွဲခြား တန်းတူူတည်း
ဆက်ဆံ‌ရေးက ‌ကောင်း‌နေမြဲ။
‌စောဘိုမြ၏ ကိုယ်‌ရေးရာ
ထမ်း‌ဆောင်သူမှာ ပဒိုမန်း
‌ကျောင်းသားများက ‌တော်လှန်‌ရေး
ပဒိုမန်းက ‌ဆောင်ရွက်‌ပေး
ဒီမိုက‌ရေစီ အားထုတ်ရာ
စုစည်း‌ရေးမှာ သူမြဲပါ။
အမြဲနစ်နာ ဦး‌ဆောင်ကာ
ပြည်သူ ့အတွက် ‌သွေး‌တွေပါ
‌နေရာမ‌ရွေး အမြဲစိမ်း
‌ရောက်‌နေရာကို အ‌ကောင်း‌တွေး။
ကရင့်‌ခေါင်း‌ဆောင် အချစ်‌တော်
ဗိုလ်ချုပ်ထဲမှ တစ်ဦး‌နော်
ပြည်‌ရေးအတွက် ကြိုးပမ်းသူ
ပီတိစိတ်နှင့် ကြည်ဖြူဆင်။
‌ရောက်‌နေရာတိုင်း ‌ပျော်‌အောင်‌နေ
လူသိသူသိ အများ‌ပေ
စာ‌ပေဝိဇ္ဇာ လူ‌တော်မှာ
တစ်ဦးထဲက ပုဂ္ဂိုလ်ပါ။
‌လျှောက်‌လေနယ်‌မြေ ‌ရောက်ဖူး‌ပေ
တစ်ဦးထဲမှ အဆုံး‌ပြေ
ဒီမိုက‌ရေစီ အင်အားပကာ
အမြဲပါဝင် ပဒိုပါ
အကျိုး‌ပေး‌သော လူတိုင်းအတွက်
‌မေတ္တာ‌ရောင်သန်း ဝင့်ဝါငဲ့။
‌ဖေ‌ဖော်ဝါရီ ၁၄ မှာ
ပဒိုမန်းဟာ ‌ပျောက်ဆုံးကာ
ဝမ်းနည်း‌ကောင်းကင် ‌နေညွန်ရင်
လိုဏ်‌ခေါင်းထဲက အသံပင်
ငိုကြယိုကြ မဆဲဘဲ
ရင်တွင်းထဲက ဒဏ်‌လေပဲ။
အခြားတစ်ပါး တိုင်း‌တွေမှာ
ကျသည့်‌နေ့မှာ ဂုဏ်ရှိကာ
သို့‌သော်လည်းဘဲ ဒို့ရင်ထဲ
ကျဆုံးရတဲ့ ‌နေ့ဖြစ်ဆဲ။