ဇန်နဝါရီ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ စဖန်းရှောင်း
ကျောက်သယ်ကားများသွားလာမှုကြောင့် တင်းမာမှုဖြစ်ပေါ်နေသည့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လွန်းညကျေးရွာအနီး တောင်ခြေအထိ ဒေသခံများကိုယ်ထူကိုယ်ထဖောက်လုပ် ထားသည့်လမ်းအား လယ်ယာသုံး လမ်းအဖြစ်ပြန် လည်အသုံး ပြုလုပ်နိုင်ရေးအတွက် ပြုပြင်ပေးစေလိုကြောင်း ဖားအံမြို့နယ်အုပ် ချုပ်ရေးမှူးထံ ယမန်နေ့က တင်ပြထားသည်ဟု ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က အဆိုပါလမ်းအား ဒေသခံများက ပိတ်ပင်တားဆီးထားလိုက်ပြီးနောက် ဖြစ် ပေါ်လာ သည့် နောက်ဆက်တွဲကိစ္စရပ်များကြောင့် ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်နေ့)က ဖားအံမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဒေသခံများနှင့်သွားရောက် တွေ့ဆုံခဲ့ရာတွင် ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
̏ အုပ်ချုပ်ရေးမှူးကတော့ တစ်ပတ်အတွင်း လာရှင်းပေးမယ်လို့တော ့ပြောတယ်။ အဓိကကတော့လယ်သမားတွေ လယ်ထဲ ဆင်းလို့ရအောင်လမ်းကို ဖောက်ပေးပါ။ ရေကြီးရေလျှံမှုတွေမဖြစ်အောင်ရေနှုတ်မြောင်း တွေလုပ်ပေးပါ။ အဲဒီအပြင် ရွာထဲ ရေပြန်မဝင်နိုင်တဲ့အခြေအနေဖြစ်အောင် လုပ်ပေးစေချင်တယ်̋ ဟု လွန်းညကျေးရွာဒေသခံ လယ်သမားတစ်ဦးဖြစ်သူ စောငြိမ်းဖြူက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ဒေသခံများစုပေါင်းပြီး ကိုယ်ထူကိုယ်ထဖြင့် ဖောက်လုပ်ခဲ့သည့်လမ်းမှာ ယခု ကျောက်သယ် ကားများသွားလာမှု၊ လယ်ယာသုံးလမ်း အဖြစ်အသုံးပြုရန် ခက်ခဲလာမှုအပြင် မိုးရာသီတွင်ရေလျှံမှု ဖြစ်ပေါ်ကာ စပါး ခင်းများ ပျက်စီးမှု၊ ရေများကျေးရွာအတွင်း ပြန်လည်ဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ အခြေအနေများကြောင့် ဒေသခံများမှ လမ်းလယ်တွင် ကွန်ကရစ်တိုင်များစိုက်ထူကာ လမ်းအသုံးပြုမှု အား ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ယမန်နေ့တွေ့ဆုံမှုတွင် လမ်းကိစ္စအပါအဝင် ဒေသခံများဘက်မှ လွန်းညတောင် အနီးတဝိုက် ကျောက်ထုတ်လုပ်မှုများအား ကန့်ကွက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပြောဆိုမှုများလည်းရှိခဲ့သည်ဟု သိရသည်။
ဖားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက̏ ကျောက်ထုတ်လုပ်တာနဲ့ပတ်သက်ပြီး ကန့်ကွက် တာ ထောက်ခံတာကတော့ သူတို့တစ်ဦးချင်းဆန္ဒပါပဲ။ တခြားနည်းနဲ့ထုတ်ဖော်လို့ရတာပဲလေ။ ဒီလိုအများပိုင်လမ်းမှာ လုပ်တာက ဥပဒေနဲ့မညီတဲ့အတွက် ဆက်လုပ်ရင် ဥပဒေအရ ရင်ဆိုင်ရမှာပဲပေါ့။ အဲဒါကို ကျနော်တို့ရှင်းပြတယ်။ သူတို့တင်ပြထားတဲ့လမ်းကိစ္စကိုတော့ သက်ဆိုင်ရာ ဌာနတွေဖြစ်တဲ့ ရေအရင်းမြစ်တို့ မြေစာရင်းတို့နဲ့သွားပြီး တစ်ပတ် အတွင်း စိစစ်ပေးရမှာပေါ့̋ ဟုပြောဆိုသည်။
ဖားအံမြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များဘက်မှ လမ်းပိတ်ထားမှုများအား မပြုလုပ်ရန်နှင့် ဆက်လက်ပြု လုပ်ပါက အရေးယူခံရနိုင်ကြောင်း ပြောဆိုမှုများရှိခဲ့သည့်အတွက် တင်းမာမှု ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အခြေအနေ စောင့်ကြည့်နေသည့် အနေအထားတွင်ရှိနေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
ထို့အပြင် ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ကာ ဒေသခံများစိုက်ထူထားသည့် ကွန်ကရစ်တိုင်များ ပထမတစ်ကြိမ် ဖယ်ရှားခံ လိုက်ရပြီး မကြာမီက ထပ်မံစိုက်ထူထားသည့် ကွန်ကရစ်တိုင် ၂ဝ ကျော်မှာလည်း ယမန်နေ့ညတွင် ထပ်မံ ဖယ် ရှားခံ လိုက်ရကြောင်းဒေသခံများ၏ ပြောပြချက်အရ သိရသည်။