Home သတင်း KYO (ကိုရီးယား)မှ ၁၂ ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ကျင်းပ

KYO (ကိုရီးယား)မှ ၁၂ ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ကျင်းပ

2462

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌တောင်ကိုရီးယားနိုင်ငံအ‌ခြေစိုက် ကရင်လူငယ်အစည်းအရုံး-KYO မှဦး‌ဆောင်ပြီး ၁၂ ကြိမ်‌မြောက် ကရင်အမျိုးသားနှစ် သစ်ကူးပွဲ‌တော်ကို ဒီဇင်ဘာလ ၁၇ ရက်‌နေ့က ‌တောင်ကိုရီးယားနိုင်ငံ ဖူချွန်းမြို့ မြန်မာ အသင်းရုံး ခန်းမ‌ဆောင်၊ နိုင်ငံခြားသားအလုပ်သမားစင်တာတွင် ကျင်းပခဲ့ကြသည်ဟု သိရသည်။

ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်‌နေ့၊ ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ်တွင် ကျ‌ရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲ‌တော်ကို
‌တောင်ကိုရီးယား‌ရောက်ရှိ‌နေကြသည့် ကရင်လူမျိုးများမှ တစ်ရက် ‌စောကာကျင်းပခဲ့ကြခြင်း ဖြစ်သည်။

‌တောင်ကိုရီးယားနိုင်ငံတွင် ‌ရောက်ရှိ‌နေကြသည့် ကရင်လူမျိုးများအ‌နေဖြင့် တနဂင်္‌နွေ‌နေ့သာ အလုပ် ပိတ်ရက်ဖြစ်သည့်အတွက် အမျိုးသားနှစ်သစ်ကူးကို ယခုလို‌စောလျင်စွာကျင်းပရခြင်းဖြစ်‌ကြောင်း ကရင် လူငယ် အစည်းအရုံး -KYO (ကိုရီးယား) အတွင်း‌ရေးမှူး ‌စောထွန်းထွန်း၏ ‌ပြောပြချက်အရ သိရသည်။

ထို‌နေ့ ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်သို့ ရဟန်းသံဃာ‌တော်များ၊ ကိုရီး ယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် သူရဦးသက်ဦး‌မောင်နှင့်အဖွဲ့၊ မြန်မာအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကိုရီး ယားတွင် အ‌ခြေချ‌နေထိုင်သည့် ကရင်မိသားစုများ၊ ကရင်လူငယ်များနှင့် အခြားတိုင်းရင်းသား ‌မောင်နှမများအပါအဝင် လူဦး‌ရေ ၂၅ဝ ခန့်တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်အား အ‌လေးပြုခြင်း၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)နှင့် ကရင်လူငယ်အစည်းအရုံး -KYO (ဗဟို)တို့မှ ‌ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာများ ဖတ်ကြားခြင်း၊ KNU ‌ခေါင်း‌ဆောင် များဖြစ်သည့် ပဒို‌စောသမိန်ထွန်းနှင့် ပဒို‌စောလှထွန်းတို့မှ KYO (ကိုရီးယား)ထံ‌ပေးပို့‌သော အမှာစကား ‌ပြောကြားခြင်းများ ကို ဗီဒီယိုဖိုင်ဖြင့်ပြသခြင်း၊ ကရင်ဒုံးအကများဖြင့် ဧည့်ခံ‌ဖျော်‌ဖြေခြင်း များပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

‌တောင်ကိုရီးယားနိုင်ငံအ‌ခြေစိုက် ကရင်လူငယ်အစည်းအရုံးအ‌နေဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။