Home သတင်း (၆)ကြိမ်‌မြောက် မြန်မာအစိမ်း‌ရောင်ကွန်ယက် ‌တွေ့ဆုံပွဲကျင်းပ

(၆)ကြိမ်‌မြောက် မြန်မာအစိမ်း‌ရောင်ကွန်ယက် ‌တွေ့ဆုံပွဲကျင်းပ

2002

ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံနှင့် ကမ္ဘာ့စွမ်းအင် အကူးအ‌ပြောင်း(Global Energy Transition and Myanmar )‌ခေါင်းစဉ်ဖြင့် မြန်မာအစိမ်း‌ရောင် ကွန်ယက်၏ (၆)ကြိမ်‌မြောက်‌တွေ့ဆုံပွဲကို ယ‌နေ့ ဒီဇင်ဘာ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ကျင်းပလျှက်ရှိသည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် အစိမ်း‌ရောင်ကွန်ယက်အဖွဲ့ဝင်များ၊ ‌ဒေသခံများ၊ ပညာရှင်များ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူအချို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ‌ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ဆိုင်ရာအ‌ခြေအ‌နေများကို အသိပညာဆိုင်ရာ မျှ‌ဝေ‌ဆွေး‌နွေးခြင်းဖြစ် သည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့မှ ‌စောသာဘိုးက “ကျ‌နော်တို့ကရင်ပြည်နယ်ထဲမှာ ‌ရေကာတာ‌တွေ၊ ‌ကျောက်မီး‌သွေးစီမံ ကိန်း‌တွေ အများကြီးရှိတယ်‌ပေါ့‌လေ။ အဲ့ဒီအ‌ပေါ်မှာ အစိမ်း‌ရောင်ကွန်ယက်က‌နေ စွမ်းအင်ကဏ္ဍ‌တွေကို ဘယ်လိုမျိုးလုပ်‌ဆောင် သင့်သလဲဆိုတာကို အစိမ်း‌ရောင်ကဏ္ဍမှာ ပါဝင်တဲ့ ပညာရှင်‌တွေက ‌ပြောပြခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံပွဲ ဒီဇင်ဘာ ၁၄ရက်နှင့် ၁၅ရက်‌နေ့တွင် ကမ္ဘာ့စွမ်းအင်နှင့် မြန်မာမိတ်ဆက်ခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်၏ ဆိုးကျိုးများ၊ ‌ကျောက်မီး‌သွေးဆိုင်ရာ ဥပ‌ဒေ(မူကြမ်း)၊ စွမ်းအင်နှင့် ‌ရေကာတာဆိုင်ရာ၊ ကမ္ဘာ့စွမ်းအင်လမ်းစဉ်နှင့် စွမ်းအင်ဆိုင်ရာနှင့်ဆက်စပ် ပြီး ‌ဒေသတွင်း အ‌ခြေအ‌နေများအ‌ပေါ်ပညာရှင်များမှ ‌ဆွေး‌နွေးပြခြင်းနှင့် အရပ်ဖက်၊ ‌ဒေသခံများ၏ တင်ပြခြင်း အစီအစဉ်များ ပါဝင်ပြီး ဒီဇင်ဘာလ ၁၆ရက်‌နေ့တွင် ‌ကျောက်မီး‌သွေး၊ ‌ကျောက်မိုင်းထုတ်လုပ်ခြင်းနှင့် ‌ရေလုပ်သားများ၏ ‌ဒေသတွင်းအ‌ခြေအ ‌နေများကို ကွင်းဆင်း ‌လေ့လာသွားကြမည်ဖြစ်သည်။

၎င်း‌တွေ့ဆုံပွဲသို့ ပညာရှင်များ၊ မြန်မာအစိမ်း‌ရောင်ကွန်ရက်၏ မိတ်ဖက်အဖွဲ့အစည်းများ၊ တိုင်းနှင့်ပြည်နယ် အသီးသီးမှ အစိမ်း ‌ရောင် အရပ်ဖက် အဖွဲ့အစည်းများ၊ ‌ဒေသခံများ၊ အစိုးရအဖွဲ့ဝင်များ၊ မီဒီယာများ စသည့် ကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၀ဝ ‌ကျော် တက်‌ရောက်ကြပြီး အခြားဖိတ်ကြားထားသည့် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူအချို့နှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး ကိုယ်စားလှယ်များ တက်‌ရောက်လာခြင်းမရှိ‌ကြောင်း သိရသည်။