Home ကဗျာ ခ‌ရေပင်‌အောက်‌နောက်တ‌ခေါက်ပြန်‌တွေ့တဲ့အထိ

ခ‌ရေပင်‌အောက်‌နောက်တ‌ခေါက်ပြန်‌တွေ့တဲ့အထိ

2692

(လကင်္ာဒီပ)

အ‌ဝေးအမြင် အနီးအမြင်များ
ကွာခြားချက် ဖြစ်စင်အ‌ကြောင်း
ရှိ‌ကောင်းရှိမယ် မိတ်‌ဆွေ
မ‌ပြေလည်တဲ့ အ‌ခြေအ‌နေမဲ့
သူတို့ရဲ့‌ရှေ့‌ရေး
ရင်‌လေး ပူပန်မှု‌တွေဖုံး
နှလုံးသား ထပ်တူပြု‌နေမယ်ဆိုရင်
အမြင်‌တွေရဲ့ဆုံချက်ဟာ
တခုသာ ရှိနိုင်မယ်မဟုတ်လား။

‌မျှော်လင့်ချက် ပန်းတိုင်အတွက်‌တောင်
မ‌ဆောင်နိုင် မ‌ရှောင်နိုင်
မ‌အောင့်နိုင် မ‌တောင့်နိုင်တဲ့စိတ်‌လေးနဲ့
ယိုးမယ်ဖွဲ့ အပြစ်‌စောတာဟာ
‌စေတနာအမှန်မဖြစ်သလို
ကိုယ်ဟာ နှစ်ဖက်ခွသမားကြီးကွလို့
‌ဖော်ပြလို့‌နေပြန်ပါတယ် မိတ်‌ဆွေ။

ဂုဏ်‌တော်ချီးမွမ်း‌နေရုံ
‌ရွှေမှုံစား အားကြီးမတဲ့လား
တအားဆု‌တောင်း‌ပေး‌နေလည်း
တကယ်ပဲ သက်‌ရောက်ဖြစ်ထွန်းမလား
‌ရွေ့လျားမှုတွက် လုပ်‌ဆောင်ဖို့ လိုတယ်မဟုတ်လား
တိုးနယားအ‌ရေခြုံသလိုနှယ်
ဖုံးကွယ်ဟန်‌ဆောင်မှု‌တွေခွာချ
ကိုယ့်ဘဝ ကိုယ့်အ‌ရေး
ကိုယ်ပင်‌ပေးဆပ်မှ ရမဲ့အမှန်တရား‌တွေပါ။

လိမ်လို့လှည့်လို့ မရတဲ့‌နောက်ဆုံး
ကျုံးသွင်းမယ် အငတ်ထားမယ်
တကယ် မူ(၆)ချက်ကိုလက္ခံမှ
ကိစ္စပြီး‌မြောက် ပွင့်နိုင်မယ့်လမ်း‌ကြောင်း‌တွေ
အ‌ခြေခံဥပ‌ဒေကြိုးကွင်း
လည်စင်းစွပ်ခံမယ့်
ကျွန်ခံမယ့်သူ‌တွေပဲ အလိုရှိ‌နေ
အန်စီ‌အေ(NCA) ဇာတ်‌မျှောကြီးဟာ
အာဏာပါဝါ သိဒ္ဓိတင်ပွဲလိုဖြစ်‌နေပြီ။

တက်ကြွပြ‌နေတာမဟုတ်ပါ
ကျုပ်တို့ဟာ…နှလုံးသား ဆတ်ဆတ်ခါ
နာကျင်ခံစား‌နေရတဲ့
ချစ်တဲ့ ‌ကျောမွဲ ပြည်သူ‌တွေအ‌ရေး
ရင်မ‌အေး ‌ရှေ့‌ရေးမ‌သေချာ
ဂုဏ်သိက္ခာ ချထားခြင်းခံရတဲ့
မညီတဲ့အပိုင်းအစများ
အ‌ပြေးလွှားလိုက်‌ကောက်တပ်ဆက်‌ပေး‌နေ
ခ‌ရေပန်း‌ကောက်သမား‌တွေလို
ပန်း‌တွေကို သီကုံး‌ပေး‌နေကြသူ‌တွေပါ။

အနီး အ‌ဝေး အ‌တွေး အမြင်
ကွာချင်ကွာမယ် စိပ်ချင်စိပ်မယ်
တကယ်ကွာဟချက်မကြီးရဘူး
အထူး သတိပြုရမယ့် ရဂုံ
ဆုံချက်ညီရမယ်မဟုတ်လား
ပြတ်သားရှင်းလင်း အမြင်‌လေးရှိပါ
ကျုပ်တို့ဟာ…သစ္စာ‌ဖောက် အ‌ခေါ်ခံရမှာစိုးလွန်းလို့မို့။

၂၂ ‌အောက်တိုဘာ ၂၀၁၇