Home သတင်း ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲကျင်းပနိုင်ရန် အ‌မေရိကန် ကရင်ယဉ်‌ကျေးမှုအသင်း၏ ညှိနှိုင်း‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲကျင်းပနိုင်ရန် အ‌မေရိကန် ကရင်ယဉ်‌ကျေးမှုအသင်း၏ ညှိနှိုင်း‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

2667

‌အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ ကျင်းပနိုင်ရန် အ‌မေရိကန်ပြည်‌ထောင်စု ကရင်ယဉ်‌ကျေးမှုအသင်း- Karen Culture Organization in USA (KCOUSA)၏ ညှိနှိုင်း‌ဆွေး‌နွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ နှင့် ၂၄ ရက်‌နေ့တွင် (Utah) ယူးထာပြည်နယ်၊ (Salt Lake) ‌ဆော့လိတ်မြို့‌တော်၌ ပြုလုပ်မည်ဖြစ်‌ကြောင်း KCOUSA ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောချစ်ရင်ထူးမှ ‌ကေအိုင်စီသို့ ‌ပြောသည်။

̏ ‌နောက်နှစ် ၂၀၁၈ ခုနှစ်ကျရင် ဘယ်ပြည်နယ်မှာ ချည်ဖြူဖွဲ့နဲ့ ဒုံးပြိုင်ပွဲပြုလုပ်မလဲဆိုတာ ‌သေချာတိကျ‌အောင် သတ်မှတ်ဖို့၊ ကရင်လူမျိုးရှိတဲ့ ပြည်နယ်တိုင်း ကရင်ယဉ်‌ကျေးမှုအသင်း (KCO) ‌တွေ ရှိလာနိုင်ဖို့၊ ယဉ်‌ကျေးမှု လုပ်တဲ့ ‌နေရာမှာ ပြည်နယ်‌တွေရဲ့ အခက်အခဲ‌တွေ ‌ပြေလည်‌အောင် ဘယ်လိုဝိုင်းလုပ်ရမလဲ။ ဒီ‌ဆွေး‌နွေးပွဲမှာ အကြံ‌ပေး၊ ဉာဏ်‌ပေး သတ်မှတ်ကြမှာပါ။˝ဟု ၎င်းက ‌အောက်တိုဘာ ၁၇ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

အ‌မေရိကန်တွင် ရှိ‌နေကြ‌သော ကရင်ဘာသာ‌ရေး အဖွဲ့အစည်းများ၊ အမျိုးသား‌ရေး ‌ဆောင်ရွက်‌နေကြသူများ၊ ကရင် လူမျိုးများ အထူးသဖြင့် ကရင်လူငယ်များလည်း မိမိတို့ မည်သို့လုပ်ကိုင်‌နေကြသည်ကို သိရှိနိုင်‌စေရန် အားလုံးကို ပါဝင်တက်‌ရောက်လာ‌စေချင်သည်ဟု ‌စောချစ်ရင်ထူးက ဆက်‌ပြောသည်။

အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ကရင်ရိုးရာ ချည်ဖြူဖွဲ့နှင့် ဒုံးအကပြိုင်ပွဲအား ၂၀၁၅ ခုနှစ်မှ စတင်ကာ မီနီဆိုးတား ပြည်နယ်တွင် လည်း‌ကောင်း၊ ၂၀၁၆ ခုနှစ်တွင် တက္ကဆက်ပြည်နယ်နှင့် ယခုနှစ်၂၀၁၇ ၌ နီဘရာစကာပြည်နယ် တို့တွင်လည်း‌ကောင်း ကျင်းပခဲ့ကြပြီး ဖြစ်သည်။

ကရင်စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်၍ ပြည်နယ်အသီးသီးရှိ ကရင်ယဉ်‌ကျေးမှုအဖွဲ့ (KCO) ‌ပေါင်း ၁၂ ဖွဲ့မှ စု‌ပေါင်းကာ Karen Culture Organization in USA (KCOUSA) ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အ‌မေရိကန်နိုင်ငံ ‌ရောက်ရှိ‌နေထိုင်‌နေ‌သော ကရင်လူဦး‌ရေမှာ ၆‌သောင်း ၄‌ထောင်‌ကျော်ရှိပြီး အများစုမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှဖြစ်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ တတိယနိုင်ငံ သွား‌ရောက်ခိုလှုံ‌နေထိုင်‌ရေး အစီအစဉ်ဖြင့် ၂ဝဝ၅ခုနှစ်က စတင် ‌ရောက်ရှိ‌နေသူများဖြစ်ကြသည်။