Home သတင်း လုပ်အားခအတွက် ခြိမ်း‌ခြောက်ခံရသူ ‌ရွှေ့‌ပြောင်းအလုပ်သမား ၄ဦး အလုပ်ရှင်ထံမှ နစ်နာ‌ကြေးပြန်လည်‌တောင်းခံ

လုပ်အားခအတွက် ခြိမ်း‌ခြောက်ခံရသူ ‌ရွှေ့‌ပြောင်းအလုပ်သမား ၄ဦး အလုပ်ရှင်ထံမှ နစ်နာ‌ကြေးပြန်လည်‌တောင်းခံ

1755

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်မြို့၊ ဘန့်ဝမ်းသခီးယန်း‌ကျေးရွာ မယ်‌တော်‌ဆေးခန်းအနီးရှိ သခွားစိုက်ပျိုးခြံမှ လုပ်အားခအတွက် ခြိမ်း‌ခြောက်ခံရသူ မြန်မာအလုပ်သမား ၄ဦးသည် အလုပ်ရှင်ထံမှ လုပ်အားခရရှိရန် ‌အောက်တိုဘာလ ၁၉ရက်‌နေ့တွင် ထိုင်းအ လုပ်သမားကာကွယ်‌ရေးရုံး၌ သွား‌ရောက်‌တောင်းခံခဲ့သည်ဟု အလုပ်သမားတစ်ဦးဖြစ်သူ ကိုကဆစ်က ‌ကေအိုင်စီသို့‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး၊ ကြို့ပင်‌ကောက်မြို့နယ်မှ မဲ‌ဆောက်မြို့သို့ လာ‌ရောက်အလုပ်လုပ်သူ ၎င်းအလုပ်သမား ၄ဦးဖြစ်သည့် ကိုက ဆစ်၊ ‌ဒေါ်‌ဌေးဝင်း၊ ကိုသန့်ဇင်ဖြိုး၊ မခိုင်ခိုင်မွန်တို့သည် အလုပ်ရှင်ထံ လုပ်အားခ ၂လစာ ပြန်လည်ရရှိရန်အတွက် မြန်မာပြည် သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA) အကူအညီဖြင့် ယခုလို လာ‌ရောက်‌တောင်းခဲ့ခြင်းဖြစ်သည်။

အလုပ်ထဲတွင် လုပ်အားခ‌တောင်းခံစဉ်က အ‌ခြေအ‌နေကို ကိုကဆစ်က “သူ‌ဌေးဆီမှာ လုပ်အားခ ပိုက်ဆံ‌လေး သွား‌တောင်း ‌တော့ မရှိ‌သေးဘူးလို့ပဲ ဘူးခံ‌နေတယ်‌ပေါ့။ ဒါ‌ကြောင့် စိတ်ညစ်ပြီး (၁၇)ရက် မနက်ပိုင်း အလုပ်မဆင်းဘဲ နား‌နေတဲ့အချိန် သူ‌ဌေး သားက တုတ်နဲ့လာတယ်။ တဲ‌တွေကို ဝုန်းဝုန်းနဲ့ ရိုက်တယ်။ ‌နောက် ခါးက ‌သေနတ်ထုတ်လည်းပြီး‌ရော ‘ကဆစ် ဆင်းခဲ့ ဆင်းခဲ့’ လို့ ‌ပြောတယ်။ သူ့ကို‌ကြောက်ပြီး မဆင်းရဲဘူး။ အ‌ဒေါ်ကို ‌တွေ့ရာနဲ့ ‌ကောက်‌ပေါက်ပစ်လိုက်တာ။ နဖူးကိုမှန်ပြီး ဒဏ်ရာရသွား တယ်။ အခု ကျ‌နော်တို့ ပိုက်ဆံရချင်လို့ လာတိုင်တာ”ဟု ‌ပြောသည်။

အလုပ်ရှင်သူ‌ဌေးဆီမှ မိမိတို့မိသားစုဝင် ၄ဦး၏ လုပ်အားခ စုစု‌ပေါင်း ဘတ်တစ်‌သောင်း‌ကျော် ပြန်လည်ရရှိပါက သူ‌ဌေးထံတွင် ဆက်‌နေမည်မဟုတ်ဘဲ အသက်အန္တရာယ်စိုးရိမ်၍ ရွာကိုသာပြန်မည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ‌နေထိုင်စား‌သောက်ရန် မရှိ သဖြင့် အခက်အခဲနှင့်ကြုံ‌နေရသည်ဟု ကိုကဆစ်က ဆက်‌ပြောသည်။

၎င်း‌ရွှေ့‌ပြောင်းအလုပ်သမားများသည် သခွားစိုက်ပျိုးခြံထဲတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်ဘက်က ‌နေရာထိုင်ခင်းနှင့် ‌နေ့စဉ် စားသုံးစရိတ်အချို့ကို ‌ထောက်ပံ့‌ပေးမှုများရှိသည်ဟုလည်း ၎င်းအ‌ခြေအ‌နေနှင့်ပတ်သက်ပြီး JACBA ဥက္ကဌ ဦးမိုးကြိုးက ယခုလို ‌ပြောသည်။

̏ အလုပ်ခိုင်းပြီးရင် လုပ်အားခ ပြန်‌ပေးရမယ်ဆိုပြီး ထိုင်းဥပ‌ဒေမှာ ပါရှိတယ်။ ဒီဖြစ်ရပ်မှာ ခြိမ်း‌ခြောက်မှု‌တွေ ပါတယ်။ ထိုင်းရာဇ ဝတ်မှု ဥပ‌ဒေအရဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရ‌အောင်လုပ်တာက ‌လျော်‌ကြေး‌တွေ ‌ပေးရတယ်။ အလုပ်ရှင်ဘက်က လည်း အ‌ကျွေး(စားစရိတ်)စရိတ်‌တွေ၊ ဘာ‌တွေပြန်တွက်ပြီး ပြန်‌ပေးမယ်‌ပေါ့။˝ဟု ၎င်းက ‌ပြောသည်။

အလုပ်သမားများသည် ရဲစခန်းတွင် တရားစွဲဆိုမည်ကို စိတ်ဝင်စားမှုမရှိဘဲ လုပ်အားခရလျှင် ‌ကျေနပ်ပြီဖြစ်‌ကြောင်း ‌ပြောဆိုခဲ့ သလို အလုပ်ရှင်ဘက်မှလည်း လုပ်အားခကို ‌နောက်လထဲတွင် တွက်ချက်ကာ ‌ပေးသွားမည်ဖြစ်‌ကြောင်း ဦးမိုးကြိုးက အလုပ် ရှင်၏ ‌ပြောဆိုမှုကို ပြန်လည်ရှင်းပြသည်။

တာ့ခ်ခရိုင်ရှိ မြို့နယ် ၃ခုဖြစ်‌သော မဲ‌ဆောက်၊ ဖုတ်ဖရနှင့် မဲ့လမမြို့နယ်များတွင် စိုက်ပျိုး‌ရေး၊ ‌ဆောက်လုပ်‌ရေး၊ အိမ်တွင်းမှုလုပ် ငန်းခွင်နှင့် တရားဝင် စက်ရုံ၊ အလုပ်ရုံအချို့တွင် အလုပ်လုပ်ကိုင်‌နေ‌သော မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများသည် ထိုင်းဥပ‌ဒေ အတိုင်း သတ်မှတ်ထားသည့် လုပ်အားခ အပြည့်အဝ မရရှိသည့်အပြင် အလုပ်ရှင်အချို့မှာ အလုပ်ခိုင်း‌စေပြီး လုပ်အားခ မ‌ပေး သည့် ပြဿနာများမှာ ဆက်လက်ဖြစ်‌ပေါ်‌နေဆဲဖြစ်သည်ဟု (JACBA) အဖွဲ့က ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁ဝရက်‌နေ့ကလည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့အ‌နောက်ဘက် ‌သောင်ရင်းမြစ်ကမ်းနား ‌ဒေသ၊ ‌ဟွေ့မု‌ကျေးရွာရှိ ဂျဂွါစတီးစက်ရုံ(ကျားသစ်တံဆိပ်)တွင် အလုပ်ထုတ်ခံရသည့် လုပ်သက်ရင့်အလုပ်သမားနှစ်ဦးမှာ ၎င်း တို့၏နစ်နာ‌ကြေးကို အလုပ်ရှင်ထံမှ အပြည့်အဝ ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။