Home သတင်း KYO ‌ကော့မူးရာလူငယ် ‌ရွေး‌ကောက်ပွဲ ကျင်းပပြီးစီး

KYO ‌ကော့မူးရာလူငယ် ‌ရွေး‌ကောက်ပွဲ ကျင်းပပြီးစီး

2683

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

‌ကော့မူးရာအထူး‌ဒေသ၏ ကရင်လူငယ်အစည်းအရုံး (KYO-Karen Youth Organization) ‌ရွေး‌ကောက်ပွဲကို ‌ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၊ နဘူးမြို့နယ် (‌ကော့ကရိတ်‌မြောက်ဘက်ခြမ်းနှင့် မြဝတီ‌မြောက်ဘက်ခြမ်း)၊ စက်တင်ဘာလ ၁၇ရက်‌နေ့ တွင် မြဝတီမြို့၊ ‌ချောင်းဆုံဘုန်းကြီး‌ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။

‌ရွေး‌ကောက်ပွဲတွင် ဗဟိုအလုပ်အမှု‌ဆောင် အဖွဲ့ဝင်များအဖြစ် ဥက္ကဌ ‌စော‌နေဦး၊ ဒုဥက္ကဌ ‌စောမြပတိုင်၊ အတွင်း‌ရေးမှူး ‌စော‌ဖော့ ထိုင်ခလိန်း၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောခလိန်းရှူးနှင့် ဘဏ္ဍာ‌ရေးမှူး နန်းမ‌နောင်တို့ကို တက်‌ရောက်လာကြသည့် ‌ဒေသအသီးသီး မှ ကိုယ်စားလှယ်များက ဒီမိုက‌ရေစီစံနှုန်းအတိုင်း လျှို့ဝှက်မဲစနစ်ဖြင့် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့သည်ဟု အတွင်း‌ရေးမှူးအဖြစ် ‌ရွေး‌ကောက်ခံရသူ ‌စော‌ဖော့ထိုင်ခလိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ပြန်လည်‌ရွေး‌ကောက်ပွဲလုပ်တဲ့ခါ ပြည်သူလူထု‌တွေအတွက် အမျိုးသား‌ရေး အပါအဝင် ရပ်‌ရေး၊ရွာ‌ရေး ဖွံ့ဖြိုး ဖို့ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေး‌တွေပါ အဓိက ဦး‌ဆောင်ဝိုင်းဝန်း လုပ်ကိုင်‌ပေးသွားဖို့ စီစဉ်ထားတယ်။ လူငယ် ‌တွေ မူးယစ်‌ဆေးဝါး မသုံးစွဲမိ‌အောင်လည်း ပညာ‌ပေး ကာကွယ်သွားမယ်”ဟု စက်တင်ဘာလ ၁၈ရက်(ယ‌နေ့)တွင် ‌ပြောသည်။

ထို‌ရွေး‌ကောက်ပွဲသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း၊ ပြည်ထဲ‌ရေးနှင့် သာသ နာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးနှင့် အဖွဲ့ဝင်များ၊ ‌ကော့မူးရာ(KYO)၏ နာယကကြီး မန်းဗလစိန်၊ ဗဟို KYO၊ နဘူးမြို့နယ် ရှိ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် နယ်စပ်‌ဒေသရှိ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၀ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

‌ကော့မူးရာအထူး‌ဒေသကို ၁၉၆၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ‌ကော့မူးရာအထူး‌ဒေသ၏ ကရင်လူငယ်အစည်းအရုံး(KYO) ကိုမူ ၁၉၇၁ခုနှစ်၊ ‌အောက်တိုဘာလ ၁ဝရက်‌နေ့တွင် ဖွဲ့စည်းခဲ့ကာ ‌ရွေး‌ကောက်ပွဲကိုမူ ၂နှစ်တစ်ကြိမ် ကျင်းပလျက်ရှိ‌ကြောင်း သိရသည်။