Home သတင်း AH1N1 လူနာတစ်ဦး‌သေဆုံးမှု‌ကြောင့် မယ်လဒုက္ခသည်စခန်းသို့ NGO ဝန်ထမ်းများ သွားလာမှုကို ‌ခေတ္တတားမြစ်ထား

AH1N1 လူနာတစ်ဦး‌သေဆုံးမှု‌ကြောင့် မယ်လဒုက္ခသည်စခန်းသို့ NGO ဝန်ထမ်းများ သွားလာမှုကို ‌ခေတ္တတားမြစ်ထား

2039

စက်တင်ဘာ ၄ရက်၊ ၂ဝ၁၇ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် လူနာ (၁)ဦး A H1N1 တုပ်‌ကွေး‌ရောဂါဖြင့် ‌သေဆုံးခဲ့သည့် အတည်ပြုမှု‌ကြောင့် ‌ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန် စခန်းတွင်းသို့ NGO အဖွဲ့အစည်းဝန်ထမ်းများ ဝင်ထွက်သွား လာမှုကို ‌ခေတ္တ တားမြစ်ထား‌ကြောင်း ‌ဒေသဆိုင်ရာ အုပ်ချုပ်သူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

မယ်လစခန်းတွင် ကျန်းမာ‌ရေးဆိုင်ရာ ကူညီ‌ပေး‌နေသည့် International Rescue Committee(IRC)အဖွဲ့က ပြီးခဲ့သည့် ဩဂုတ် လ ၃၁ရက်‌နေ့တွင် မဲ‌ဆောက်‌ဆေးရုံကြီးသို့ လွှဲ‌ပြောင်းကုသ‌စေခဲ့သည့် လူနာတစ်ဦးမှာ A H1N1 တုပ်‌ကွေး‌ကြောင့် ‌သေဆုံးခဲ့ သည်ဟု ထို‌ဆေးရုံက အတည်ပြုခဲ့သည့်အ‌ပေါ် မယ်လစခန်းတာဝန်ရှိသူများနှင့် နီးစပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဌာနများ ကို အ‌ကြောင်းကြားပြီး‌နောက်ပိုင်း တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်အုပ်ချုပ်‌ရေးမှူးက ထို‌နေ့တွင်ပင် တားမြစ်စာ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ထာ့‌ဆောင်ယန်းမြို့နယ် အုပ်ချုပ်‌ရေးမှူး၏ ထုတ်ပြန်စာအရ စခန်းတွင်း၌ အကူအညီ‌ပေး‌နေသည့် အစိုးရမဟုတ်‌သော အဖွဲ့အ စည်းများမှ ဝန်ထမ်းများအ‌နေဖြင့် အဆိုပါ‌ရောဂါ ‌တွေ့ရှိချိန်မှစပြီး ၁၄ရက်အတွင်း မယ်လဒုက္ခသည်စခန်းသို့ ဝင်ထွက်သွားလာမှု မပြုရန် ‌ဖော်ပြထားသည်။

လတ်တ‌လောတွင် ‌ရောဂါကူးစက်မှုအ‌ခြေအ‌နေ ဆိုးရွားမှုမ‌တွေ့ရှိသည့်အတွက် စခန်း‌နေပြည်သူများ‌နေဖြင့် စခန်းအနီးတဝိုက် တွင် ဝင်ထွက်သွားလာမှုများ ရှိ‌နေဆဲဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်း ဥက္ကဌ ‌စော‌အောနက်က စက်တင်ဘာ ၄ရက်(ယ‌နေ့) တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စော‌အောနက်က “မြို့နယ်မှူးက စာထုတ်ထားတဲ့အခါကျ‌တော့ အဲန်ဂျီအိုအဖွဲ့‌တွေ စခန်းထဲ ဝင်မလာတာ‌တော့ ရှိပါတယ်။ ကျ‌နော်တို့ စခန်းတာဝန်ရှိသူ‌တွေဘက်က တားမြစ်စာ တစုံတရာ ထုတ်ပြန်တာ မရှိပါဘူး။ ဝင်ထွက်သွားလာတာ ရှိပါတယ်။”ဟု ‌ပြောသည်။

တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့‌မြောက်ဘက် ကီလိုမီတာ ၆ဝခန့်အကွာရှိ မယ်လဒုက္ခသည်စခန်းတွင် လက်ရှိ လူဦး‌ရေ ၄‌သောင်းခန့် ခိုလှုံလျှက်ရှိပြီး ယခုကဲ့သို့ AH1N1 တုပ်‌ကွေး‌ရောဂါနှင့်ပတ်သက်၍ အတည်ပြုမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် H1N1 တုပ်‌ကွေး လူနာ (၃)ဦး ‌တွေ့ရှိ၊ အတည်ပြုမှု‌ကြောင့် နှစ်ပတ်အတွင်း ဝင်ထွက်သွားလာမှုကို ‌ခေတ္တ ဖြတ်‌တောက်ခဲ့‌သေးသည်။