Home ထိပ်တန်းသတင်း ပထမဦးဆုံးအကြိမ် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ ဂုဏ်ပြုကျင်းပ

ပထမဦးဆုံးအကြိမ် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ ဂုဏ်ပြုကျင်းပ

2931

စက်တင်ဘာ ၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန လက်‌အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်သည့် ကရင် အမျိုးသားရဲတပ်ဖွဲ့(KNPF)‌နေ့ကို ဗဟိုအဆင့်အဖြစ် ပထမဦးဆုံးအကြိမ် ဂုဏ်ပြုသည့်အ‌နေဖြင့် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ နယ် ‌ဘော့ဒိုင်း‌နေရာတွင် ယ‌နေ့(စက်တင်ဘာ ၉ရက်‌နေ့)၌ အခမ်းအနားတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

KNPF ကို ဖွဲ့စည်းထားခဲ့‌သော်လည်း ‌နေ့ရက် အတည်ပြု သတ်မှတ်ခြင်းမရှိခဲ့သည့်အတွက် ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပခဲ့သည့် ‌ကေအဲန်ယူ၏ (၁၆)ကြိမ်‌မြောက်ကွန်ဂရက်မှ သတ်မှတ်အတည်ပြုလာပြီး‌နောက် ကရင်တစ်မျိုးသားလုံး သိရှိ‌စေရန် KNPF ‌နေ့ ကို ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကာ ဂုဏ်ပြုအခမ်းအနား ကျင်းပရခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ဗဟို ပြည်ထဲ‌ရေးနှင့် သာသ နာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက ‌ပြောကြားခဲ့သည်။

“ဒီ‌နေ့ဟာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ ဖြစ်ပါတယ်။ ကရင်အမျိုးသားထုတစ်ရပ်လုံးအတွက် ကမ္ဘာ မှာ ဂုဏ်ယူဝင့်ကြွားနိုင်ပြီး သမိုင်းတွင်တဲ့ ‌နေ့တစ်‌နေ့ ဖြစ်ပါတယ်”ဟု အခမ်းအနားတွင် တက်‌ရောက်လာသူများအား ပဒို‌စော အားတိုးက ‌ပြောကြားခဲ့သည်။

KNPF ကို ပြီးခဲ့သည့် ၁၉၉၁ခုနှစ်၊ ‌ကေအဲန်ယူ (၁၀)ကြိမ်‌မြောက် ကွန်ဂရက်၌ ဖွဲ့စည်းပြီး‌နောက် ယခင်က ကရင်အမျိုးသားကာ ကွယ်‌ရေးတပ်ဖွဲ့(KNDO)မှ တာဝန်ယူ ‌ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို တာဝန်ယူကာ တရားဥပ‌ဒေစိုးမိုး‌ရေး၊ နယ်‌မြေ‌အေး ချမ်းသာယာ‌ရေး၊ ပြည်သူလူထုဘဝ လုံခြုံ‌ရေး၊ မူးယစ်‌ဆေးဝါးပ‌ပျောက်‌ရေး စသည့် လုပ်ငန်းတာဝန်များကိုလည်း လွှဲ‌ပြောင်းတာ ဝန်ယူခဲ့သည်ဟု ၎င်းက ဆက်‌ပြောသည်။

‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောသမိန်ထွန်းကလည်း ‌ကေအဲန်ယူသည် တရားဝင် အဖွဲ့အ စည်းဖြစ်သည့်အ‌လျောက် KNPF သည် ၎င်းတို့ကွန်ဂရက်မှ ဆုံးဖြတ်ချက်အတိုင်း စနစ်တကျ ဖြစ်‌ပေါ်လာခြင်းဖြစ်‌ကြောင်းနှင့် လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် စိတ်သ‌ဘောထား မှန်ကန်စွာ သွား‌နေခြင်းဖြစ်‌ကြောင်း တက်‌ရောက် လာသူများအား အခမ်းအနားတွင် ရှင်းလင်း‌ပြောကြားခဲ့သည်။

ယင်းဂုဏ်ပြုခြင်း အခမ်းအနားတွင် ‌ကေအဲန်ယူဘက်မှ ဗဟို အပါအဝင် ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ‌ကေအဲန်ယူ တပ်ဘက်၊ အရပ်ဖက်‌ခေါင်း‌ဆောင်များ၊ ‌ကော့ကရိတ်မြို့နယ် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ ဘာသာ ‌ရေး‌ခေါင်း‌ဆောင်များ၊ ‌ဒေသခံများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များ စုစု‌ပေါင်း ၁၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်သည့် ‌ဒေသခံတစ်ဦးဖြစ်သူ မန်းမြ‌အေးက “ဒီ‌နေ့ မြင်‌တွေ့ရတဲ့ မြင်ကွင်းဟာ ပြည်သူတစ်‌ယောက် အ‌နေနဲ့ ဝမ်းသာပီတိ ဖြစ်မိတယ်။ အခု ဖြစ်‌ပေါ်လာတဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ဟာ ကျ‌နော်တို့ ပြည်သူလူထု တရားဥပ‌ဒေစိုးမိုး နိုင်‌ရေးအတွက်၊ ‌အေးချမ်းသာယာ‌ရေးအတွက် အ‌ထောက်အကူပြုလိမ့်မယ်လို့လည်း ကျ‌နော်တို့ ထင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အခမ်းအနားတွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင်များ ချီတက်ခြင်း၊ ရာထူးတိုးမြှင့်ခံရသူ ရဲတပ်ဖွဲ့ဝင် အရာရှိများအား ဂုဏ် ပြုခြင်းအပြင် ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကလည်း ဂုဏ်ပြုသဝဏ်လွှာ ‌ပေးပို့ခဲ့သည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် စက်တင်ဘာလ ၉ရက်‌နေ့ကို စနစ်တကျ သတ်မှတ်အတည်ပြုနိုင်ရန် ယခု ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် (၁၆)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်တွင် ပဒို‌စောအားတိုးက အဆိုတင်ပြခဲ့ရာ တက်‌ရောက်လာ သည့် ကွန်ဂရက်ကိုယ်စားလှယ်များက သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ထို‌နေ့ကို ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့အဖြစ် တညီတညွှတ် တည်း သတ်မှတ် အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

လာမည့်နှစ်များတွင် ကျ‌ရောက်လာမည့် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ကို သက်ဆိုင်ရာ ‌ကေအဲန်ယူ ခရိုင်(၇)ခုအတွင်း၌ ဂုဏ်ပြု အခမ်းအနားများ ဆက်လက် ကျင်းပသွားမည်ဖြစ်‌ကြောင်းလည်း ‌ကေအဲန်ယူ ဗဟို ပြည်ထဲ‌ရေးနှင့်သာသနာ‌ရေးဌာနထံမှ သိရ သည်။