Home သတင်း နည်းစနစ်ကျသည့် ‌မွေးမြူ‌ရေးလုပ်ငန်း လုပ်နိုင်ရန် ‌ဒေသခံလူထုအား KNU မှ (၁) လသင်တန်းပြုလုပ်‌ပေးမည်

နည်းစနစ်ကျသည့် ‌မွေးမြူ‌ရေးလုပ်ငန်း လုပ်နိုင်ရန် ‌ဒေသခံလူထုအား KNU မှ (၁) လသင်တန်းပြုလုပ်‌ပေးမည်

3056

စက်တင်ဘာ ၉ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ခရိုင် ၇ ခုရှိ ၎င်းတို့၏ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ‌ဒေသခံ လူထုများ အတွက် နည်းစနစ်ကျသည့် ‌မွေးမြူ‌ရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် လာမည့် ‌အောက်တိုဘာလ ဒုတိယ အပတ်တွင် (၁) လကြာသင်တန်း‌ပေးမည်ဟု KNU ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန ဗဟိုတာဝန်ခံ ပဒို‌စောမြ‌မောင်က ‌ပြောသည်။

အဆိုပါ သင်တန်းကို KNU ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်မည်ဖြစ်ပြီး KNU ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ‌ကျေးရွာကိုယ်စားလှယ်များအား ပညာ‌ပေးအစီအစဉ်ပါဝင်သည့် သင်တန်းများ စတင်‌ပေးမည် ဖြစ်သည်ဟု စက်တင်ဘာ ၄ ရက်မှ ၅ ရက်‌နေ့အထိ ကျင်းပသည့် KNU ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန ဗဟိုအစည်းအ‌ဝေးတွင် ဆုံးဖြတ်ချက်ချလိုက် ခြင်းဖြစ်သည်။

KNU ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန တာဝန်ခံ ပဒို‌စောမြ‌မောင်က “လူထုဘက်ကလည်း ‌မွေးမြူ‌ရေးနဲ့ အသက် ‌မွေးဝမ်း ‌ကျောင်း ပြုလည်း သူတို့မှာ နည်းပညာ‌တွေမရှိ‌တော့ မိရိုးဖလာပုံစံလိုဘဲ လုပ်တဲ့အချိန်မှာ တိုးတက်မှုသိပ်မရှိဘူး ။ အဆင် မ‌ပြေ တာများတယ်။ အဲဒါ‌ကြောင့် လူထု‌တွေ နည်းစနစ်ကျစွာ ‌မွေးမြူ‌ရေးလုပ်ငန်းနဲ့ အသက်‌မွေးဝမ်း‌ကျောင်း ပြုနိုင်ဖို့ ကျ ‌နော်တို့ ပညာ‌ပေးလုပ်ငန်းကို အရင်စမှရမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ဌာနအစည်းအ‌ဝေးတွင် ခရိုင်၇ ခုရှိ တာဝန်ရှိသူ ၃၃ ဦး တက်‌ရောက်ပြီး ‌မွေးမြူ‌ရေးနှင့် ‌ရေ လုပ်ငန်းဌာန တိုးတက်ရန်အတွက် ဌာနဆိုင်ရာလုပ်ငန်းစဉ်၊ ‌ပေါ်လစီနှင့် စည်းမျဉ်းစည်းကမ်းများကို ချပြ‌ဆွေး‌နွေးသည့် အပြင် ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်းများကို အရင်ဦးစား‌ပေး လုပ်‌ဆောင်သွားရန် စသည်တို့ကို အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့ကြသည်။

ထို့အပြင် ‌ဒေသခံလူထုအတွက် အ‌ရေးပါမှုတစ်ခုဖြစ်သည့် အဆိုပါ စိုက်ပျိုး‌မွေမြူ‌ရေးလုပ်ငန်းများကို ပြည်သူများ အကြား ပိုမိုသိရှိ စိတ်ဝင်စားလာ‌စေရန်ရည်ရွယ်ကာ ‌အောက်တိုဘာလတွင်ပြုလုပ်ရန်ရှိသည့် သင်တန်းတွင် စနစ်တ ကျ‌မွေးမြူနိုင် ‌ရေးအတွက် လိုအပ်သည့် နည်းပညာများ၊ ‌ရောဂါကာကွယ် ကုသ‌ရေး ဆိုင်ရာ နည်းလမ်းများကို အဓိက ဦးစား‌ပေးကာ သင်ကြားပြသ‌ပေးသွားမည် ဖြစ်‌ကြောင်း သိရသည်။

‌မွေးမြူ‌ရေးနှင့် ‌ရေးလုပ်ငန်းဌာနအ‌နေဖြင့် လက်ရှိ ခရိုင်တိုင်းတွင် ကြက်၊ ဝက်၊ ငါး၊ ဆိတ်၊ နွားစသည့် ‌မွေးမြူ‌ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်‌ဆောင်‌နေ‌သော်လည်း နည်းပညာ၊ ‌ငွေ‌ကြေးဆိုင်ရာ အ‌ထောက်အပံ့များတွင် အားနည်းချက်များ ရှိ‌နေသည့်အတွက် ထိထိ‌ရောက် ‌ရောက်လုပ်‌ဆောင်နိုင်မှုမရှိ‌သေး‌ကြောင်းလည်း သက်ဆိုင်ရာခရိုင်‌မွေးမြူ‌ရေးဌာန တာ ဝန်ရှိသူများ က‌ပြောဆိုသည်။

ဖားအံခရိုင် ‌မွေးမြူ‌ရေးနှင့်‌ရေလုပ်ငန်းဌာန၏ ဌာနမှူးပဒို‌စောအယ်ထီး‌ကော်က “ အခုခရိုင်တိုင်းမှာ လုပ်‌ဆောင်တယ်။ သင် တန်း‌တွေ ဘာ‌တွေ ထိထိ‌ရောက်‌ရောက်မရှိ‌သေး‌တော့ အားနည်း‌သေးတယ်။ ဘယ်လို ‌မွေးမြူရမလဲ၊ ‌ရောဂါဘယ်လို ကာကွယ် ကုသမလဲ အဲဒါ‌တွေအပြင် နည်းပညာအကူအညီ‌တွေ၊ ‌ငွေ‌ကြေးဆိုင်ရာ အ‌ထောက်အပံ့‌တွေ လိုအပ်တယ်။ ပြီး‌တော့ လက်ရှိမှာ လူထု‌တွေကိုယ်တိုင် ‌မွေးမြူ‌ရေးလုပ်ငန်း‌တွေမှာ စိတ်ဝင်စားမှုအားနည်း ‌နေ‌သေးတာ‌တွေ့ရတယ်” ဟု‌ပြောသည်။

KNU ကရင်အမျိုးသားအစည်းအရုံးတွင် လက်‌အောက်ခံဌာန ၁၄ခု ရှိသည့်အနက် ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်း ဌာနမှာ တစ် ခုအပါအဝင်ဖြစ်ပြီး ယခင်မငြိမ်းချမ်းသည့်ကာလများက လုပ်ငန်းများလုပ်‌ဆောင်ရာတွင် အခက်အခဲ ရှိခဲ့သည့်အတွက် ယခု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေသည့် ကာလမှသာ ပြန်လည်အ‌ကောင်အထည် ‌ဆောင်ရွက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု သိရသည်။