Home သတင်း KNU နှင့် KNPP ဗဟို ‌ကော်မတီဝင်တို့ကြား ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်

KNU နှင့် KNPP ဗဟို ‌ကော်မတီဝင်တို့ကြား ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်

2255

ဩဂုတ် ၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP ဗဟို‌ကော်မတီဝင်များသည် လက်ရှိ ‌ဖော် ‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်၊ မယ်‌ဟောင်‌ဆောင်မြို့တစ်‌နေရာ၌ ‌ဆွေး‌နွေးဖလှယ်မှု ပြုလုပ်ခဲ့ကြသည်ဟု ပါဝင်‌ဆွေး‌နွေးသူများ၏ ‌ပြောပြချက်အရ သိရသည်။

KNPP ကွန်ဂရက်မှ အသစ်တက်လာသည့် ပါတီဝင် ဗဟို‌ကော်မတီ‌ခေါင်း‌ဆောင်များနှင့် ခရိုင်၊ ဌာနဆိုင်ရာ ‌ခေါင်း‌ဆောင်များက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများ (EAOs) ၈ဖွဲ့၏ လတ်တ‌လော‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၏ အ‌တွေ့အကြုံနှင့် အ‌ခြေအ‌နေများ ကို သိရှိနားလည်‌စေရန် ‌ဆွေး‌နွေးဖလှယ်ရခြင်းဖြစ်‌ကြောင်း KNPP ဗဟို‌ကော်မတီဝင် ဖူးထဲဘူက ‌ပြောသည်။

၎င်းက “အခု သွား‌နေတဲ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ လက်မှတ်ထိုးသွားတဲ့ အဖွဲ့ ၈ဖွဲ့ရဲ့ လက်မှတ်ထိုးလိုက်လို့ ဘယ်လိုမျိုး အ‌ခြေအ‌နေ ‌ရောက်သလဲ အစသဖြင့် အားလုံးသိနိုင်‌အောင်နဲ့ ပါတီဗဟို‌ကော်မတီဝင်ကြား‌တွေမှာ အစည်းအ‌ဝေးဆုံးဖြတ်ချက်‌တွေမှာ သူတို့ စဉ်းစားနိုင်‌အောင် အဲ့လို ရည်ရွယ်ချက်နဲ့လုပ်ဖြစ်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်တာ ပြုလုပ်သည့် KNPP အစည်းအ‌ဝေးသို့ KNPP မှ ဗဟို‌ကော်မတီဝင်‌ခေါင်း‌ဆောင်များ၊ ခရိုင်နှင့် ဌာနဆိုင်ရာ ‌ခေါင်း ‌ဆောင်များ၊ ကရင်နီ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ စုစု‌ပေါင်း (၃၀)‌ကျော် တက်‌ရောက်ခဲ့ကြပြီး KNPP ၏ ဖိတ်ကြားချက်အရ KNU တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းမှ ဩဂုတ် ၂ရက်နှင့် ၃ရက်‌နေ့မနက်အထိ လတ်တ‌လော ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များကို တက်‌ရောက် ‌ဆွေး‌နွေးဖလှယ်ခဲ့ခြင်းဖြစ်သည်။

KNU မှ ပဒို‌စောလှထွန်းက “KNPP ဘက်က လုပ်‌နေတဲ့ အစီအစဉ်တစ်ခုထဲမှာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ‌ကေအဲန်ယူ က သွား‌နေတဲ့ဖြစ်စဉ်ကို သူတို့က သိချင်တာ‌ပေါ့‌နော်။ အဲ့ဒါ သူတို့ ဖိတ်ကြားတဲ့အ‌ပေါ်မှာ ကျ‌နော်တို့က လာပြီး‌တော့ ‌ဆွေး‌နွေးပြ တယ်။ သူတို့ဘက်က အမြင်သ‌ဘောထားကို ရယူတာလည်းရှိသလို ကျ‌နော်တို့ဘက်က ရှိ‌နေတဲ့ သွား‌နေတဲ့ဖြစ်စဉ်ကို အသိ‌ပေး ရင်း ‌ဆွေး‌နွေးပြတာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ၂၀၁၂ခုနှစ်မှ ယခုအချိန်အထိ KNU သွား‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ဆိုင်ရာများ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲနှင့်ပတ်သက် သည့် အခန်းကဏ္ဍများ၊ NCA မှတဆင့်ဖြစ်လာသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ (UPDJC)၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC) ဆိုင်ရာ ကိစ္စရပ်များ၊ (UPDJC)မှ တဆင့်ဖြစ်လာသည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ စသည့်ဖြစ်စဉ်အဆင့်ဆင့်ကို ရှင်းပြ‌ပေးခဲ့သည်ဟုလည်း ပဒို‌စောလှထွန်းက ဖြည့်စွက် ‌ပြောသည်။

KNU ‌ခေါင်း‌ဆောင်မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်အတွင်း ၎င်းတို့၏ ‌တွေ့ကြုံခဲ့ရသည့် စိန်‌ခေါ်မှု အခက်အခဲများအား ‌ကျော်လွှားခဲ့ရမှုအ‌ခြေအ‌နေများကို လာ‌ရောက်‌ဆွေး‌နွေးဖလှယ်ခဲ့သည့်အ‌ပေါ် အစည်းအ‌ဝေးသို့ တက်‌ရောက်လာသည့် ကရင်နီ လူမှုအသင်းအဖွဲ့ကိုယ်စားလှယ်များ၊ KNPP ပါတီ‌ခေါင်း‌ဆောင်များအ‌နေဖြင့် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်း အ‌တွေ့အကြုံများ ရရှိခဲ့ကြသည်ဟု ဗဟို‌ကော်မတီဝင် ဖူးထဲဘူက ‌ပြောသည်။

KNPP သည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ခုနှစ်၊ မတ်လ ၇ရက်တွင် အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲ‌ရေး လက်မှတ်ထိုးခဲ့ပြီး NCA စာချုပ်ကို မထိုး‌သေးသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၁၃ဖွဲ့အနက် တစ်ဖွဲ့ ဖြစ်သည်။ KNU သည် ၂ဝ၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် အစိုးရနှင့် ပဏာမ အပစ်ခတ်ရပ်စဲခဲ့ပြီး ၂ဝ၁၅ခုနှစ်၊ ‌အောက်တို ဘာလ ၁၅ရက်‌နေ့တွင် အခြား‌သော တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ NCA လက်မှတ်ထိုး ထားသည်။

KNU နှင့် KNPP ဗဟို‌ကော်မတီ‌ခေါင်း‌ဆောင်တို့အကြား ငြိမ်းချမ်း‌ရေးဖြစ်စဉ်ဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးဖလှယ်မှုမှာ ပထမဦးဆုံးအ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။