Home သတင်း ‌ရေကြီးခြင်း‌ကြောင့် ကြာအင်းဆိပ်ကြီးတွင် ဒူးရင်းသီး‌ဈေးကျ

‌ရေကြီးခြင်း‌ကြောင့် ကြာအင်းဆိပ်ကြီးတွင် ဒူးရင်းသီး‌ဈေးကျ

2727

ဩဂုတ် ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇူလိုင်လကုန်ပိုင်းက ‌ရေကြီးမှုဖြစ်ပွားပြီး သွားလာ‌ရေး ခက်ခဲ သည့်အတွက် ဒူးရင်းသီး ‌ဈေးကျဆင်းသွားသည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် မိတန်‌ကျေးရွာသား ‌စောဖာတိက “ ရွာမှာ‌ေ‌ရေမြုပ်‌တော့ လမ်းမ‌ပေါ်‌ရေ‌ကျော် သွား တယ်။ မြို့ကို ပို့မယ့် ဒူးရင်းသီး‌တွေ အိမ်တိုင်းမှာ ဒီအတိုင်းထားရတယ်။ အခုုမှ ‌ရေပြန်ကျသွားလို့ သူထုတ် ‌ရောင်း ကိုယ်ထုတ်‌ရောင်းနဲ့ ‌ဈေးကျသွားတယ်” ဟုဩဂုတ် ၂ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က ဒူးရင်းသီး အကြီးတစ်လုံးလျှင် ကျပ် ၅,၀၀ဝ ထိ‌ဈေးရခဲ့‌သော်လည်း လက်ရှိအချိန်တွင် ကျပ် ၁,၅၀ဝ ထိ‌ဈေးကျသွားပြီး ဒူးရင်းသီး‌ကြွေချိန် ကုန်ဆုံးခါနီးဖြစ်သည့်အတွက် ခြံပိုင်ရှင်များအ‌နေဖြင့် ရသည့်‌ဈေးဖြင့် ထုတ်‌ရောင်း‌နေသလို အချို့ဒူးရင်းသီးများကို ယိုပြန်ထိုးမှုများရှိသည်ဟု ၎င်းက ဆက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးတွင် ဒူးရင်းသီးအ‌ရောင်းအဝယ်‌အေး‌နေပြီး ဒူးရင်းသီး အကြီးတစ်လုံးလျှင် ကျပ် ၁,၅၀ဝ နှုန်းဖြင့် ‌ရောင်းချ‌သော်လည်း အချို့ရက်များတွင် ဝယ်မည့်သူမရှိ‌ကြောင်း ဒူးရင်းသီးဝယ်‌ရောင်းပြုလုပ် သူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ မိတန်၊ မိနန်းအပ်နှင့် အခြား‌ကျေးရွာများတွင် သဘာဝပင် ဒူရင်းသီး အ‌မြောက်အများ စိုက်ပျိုးကြပြီး မုဒုံ၊ ‌မော်လမြိုင်၊ ရန်ကုန်အထိ တင်ပို့‌ရောင်းချလျှက်ရှိသည်ဟု ‌ဒေသခံ အဝယ် ဒိုင်များထံမှ သိရသည်။