Home သတင်း ကရင်ပြည်နယ် မြို့နယ် ‌လေးခုအတွင်း မူးယစ်‌ဆေးဆိုင်ရာကိစ္စ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များထံ တင်ပြ

ကရင်ပြည်နယ် မြို့နယ် ‌လေးခုအတွင်း မူးယစ်‌ဆေးဆိုင်ရာကိစ္စ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များထံ တင်ပြ

2269

ဇွန် ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် အ‌ခြေစိုက် ငြိမ်‌ဖောင်‌ဒေးရှင်း အဖွဲ့မှ ကြီးကြပ်၍ ပြည်နယ်အတွင်းရှိ ဖားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များတွင် ရာဘ (‌ခေါ်)စိတ်ကြွ‌ဆေးပြား သုံးစွဲမှု အ‌ခြေအ‌နေများကို သုံးလကြာ ကွင်းဆင်း‌မေးမြန်းကာ ရရှိ‌သော အချက်အလက်များကို ‌မေ ၃ဝ ရက်‌နေ့က ပြည်နယ်လွှတ်‌တော် ကိုယ်စား လှယ်များထံ တင်ပြထားသည်ဟု သတင်းရရှိသည်။

အဆိုပါ မြို့နယ် ‌လေးခုအတွင်းရှိ နယ်ခံများကို တစ်ဦးချင်းအပြင် အုပ်စုဖွဲ့ကိုပါ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ အမျိုးသားနှင့် အမျိုးသမီး စုစု‌ပေါင်း ၂၀ဝ ဦးအား လူချင်း‌တွေ့ဆုံခဲ့ပြီး‌နောက် အချက်အလက်များကို လွှတ်‌တော်အထိ ‌ရောက်ရှိနိုင်ရန် ဖားအံမြို့ ပြည်နယ်လွှတ်‌တော်ရုံးသို့ တင်ပြခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ ညှိနှိုင်း‌ရေးမှူးဖြစ်သူ ‌စောထက်‌ဝေယံ‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ကွင်းဆင်း‌လေ့လာပြီး ရရှိလာတဲ့ ဆိုးကျိုး‌ကောင်းကျိုး ‌တွေ့ရှိချက်‌တွေရယ်၊ အကြံပြုချက် ‌တွေရယ်၊ ဒါ‌တွေကို ပြန်လည်‌ကောက်နုတ်ပြီး‌တော့မှ လွှတ်‌တော်အမတ်‌တွေကို ပြန်လည်တင်ပြတာ‌ပေါ့။ ကျ‌နော်တို့ တင်ပြတဲ့ ရည်ရွယ်ချက်က ဖြစ်‌နေတဲ့ ပြဿနာ‌တွေကို လွှတ်‌တော်မှာ အဆိုတင်နိုင်မလား၊ ပြီး‌တော့ မူဝါဒပိုင်းဆိုင်မှာ‌ကော ထည့်သွင်းစဉ်းစား‌ပေးဖို့ ဖြစ်ပါတယ်”ဟု ‌စောထက်‌ဝေထံ‌ကျော်က ‌ပြောဆိုသည်။

ထိုသို့ ကွင်းဆင်း‌လေ့လာ စစ်တမ်း‌ကောက်ယူရာတွင် ‌ဒေသခံပြည်သူများအပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပညာ‌ရေးနှင့် ကျန်းမာ‌ရေးဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ‌ကျောင်းသားလူငယ်များ၊ နိုင်ငံ‌ရေးပါတီများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ စသည်တို့ကို ‌တွေ့ဆုံ‌မေးမြန်းခဲ့ပြီး မြို့ပြ‌ဒေသနှင့် ‌ဝေး‌သောအရပ်‌ဒေသများတွင် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အချက်အလက်အနည်းငယ်သာ ‌ကောက်ယူနိုင်ခဲ့ရှိခဲ့သည်ဟု သူက ဆက်‌ပြောသည်။

ကွင်းဆင်း၍ ‌တွေ့ရှိချက်အရ မူးယစ်‌ဆေးဝါးနှင့် ပတ်သက်၍ အစိုးရပိုင်း တာဝန်ရှိသူများ၊ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ပြည်သူလူုထုများ၊ စီးပွား‌ရေးသမားများနှင့် ‌ကျောင်းသားလူငယ်များ စသည်တို့သည် ဖြန့်ဖြူး‌ရောင်း ဝယ်မှုနှင့် ပါဝင်ပတ်သက်မှုများ ရှိ‌နေ‌ကြောင်းနှင့် မူးယစ်‌ဆေးဝါး သုံးစွဲမှုတွင် တက္ကသိုလ်အပြင် အထက်တန်းနှင့် အလယ်တန်း‌ကျောင်း တက်‌ရောက်‌နေ‌သော ‌ကျောင်းသား‌ကျောင်းသူများပါ သုံးစွဲမှုများ ရှိ‌နေသည်ဟု စစ်တမ်း ‌ကောက်ယူမှု စာထဲတွင် ‌ဖော်ပြထားသည်။

ထို့အပြင် စစ်တမ်း‌ကောက်ယူမှုစာ၏ အကြံပြုချက်၌ ပြည်နယ်အတွင်းရှိ မူးယစ်‌ဆေးဝါး ပြဿနာများ ‌ဖြေရှင်းရာတွင် ပြည်သူလူထု ပါဝင်ပူး‌ပေါင်းမှုသည် အလွန်အ‌ရေးပါ‌သော်လည်း ၎င်းတို့အတွက် အကာအကွယ်‌ပေးနိုင်သည့် ဥပ‌ဒေကို မူးယစ်‌ဆေးဝါး ဥပ‌ဒေနှင့် နည်းဥ‌ပေ‌ဒေထဲတွင် ထည့်သွင်း‌ရေးဆွဲသင့်‌ကြောင်း ပါရှိသည်။

ကရင်ပြည်နယ် ငြိမ်း‌ဖောင်‌ဒေးရှင်း၏ တင်လာမှုအ‌ပေါ် ကြာအင်းဆိပ်ကြီး အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်‌တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက “‌အောက်‌ခြေမှာ သူတို့ ကွင်းဆင်းပြီး ‌တွေ့ရှိခဲ့တဲ့ အရာ‌တွေကို ပြန်လည်ရှင်းလင်းတဲ့ သ‌ဘောပါပဲ။ သူတို့ တင်ပြမှုအ‌ပေါ် ကျ‌နော်တို့ မှတ်တမ်းတင်ထားပါတယ်။ ဘယ်လိုကု စားနိုင်မယ့် အတိုင်းအတာ‌တွေ အကုန်ပါပါတယ်။ ဒါ‌တွေက တရားဥပ‌ဒေ စိုးမိုးမှုမှာ အဓိက ကျတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးတွင် လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေဖြင့် တတ်စွမ်းသမျှ ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်သူလူထု အပါအဝင် အစိုးရ ဌာနဆိုင်ရာများအပြင် လူမှုအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အများလည်း ပါဝင်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိ ကရင်ပြည်နယ် အ‌ခြေစိုက် ငြိမ်း‌ဖောင်‌ဒေးရှင်းကို ၂၀၁ဝ ခုနှစ်တွင် ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေး အသိပညာ‌ပေး သင်တန်းများ အပါအဝင် လူထုပညာ‌ရေး၊ တိုင်းရင်းဘာသာစကားနှင့် ဖိုရမ် စသည့် စီမံကိန်းများဖြင့် စတင်လှုပ်ရှားခဲ့ကာ ယခုလို မူးယစ်‌ဆေးဝါးဆိုင်ရာ စစ်တမ်း‌ကောက်ယူမှု အချက်အလက်များကို လွှတ်‌တော်ကိုယ်စားလှယ်များထံ တင်ပြသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ငြိမ်း‌ဖောင်‌ဒေးရှင်းသည် အစိုးရမဟုတ်‌သော လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုံးချုပ်ကို ရန်ကုန်တွင် ထားရှိကာ ကချင်၊ ကယား၊ ချင်း၊ မွန်၊ သျှမ်း(ရှမ်း)နှင့် ရခိုင် စသည့် ပြည်နယ်များတွင်လည်း ရုံးခွဲများ ထားရှိလျှက်ရှိ‌ကြောင်း သိရသည်။