Home သတင်း ပထမဦးဆုံး ကိုယ်ထူကိုယ်ထ ကရင့်‌ရေးရာ‌ကျောင်း ဥက္ကံတွင် ပြန်လည်ဖွင့်လှစ်

ပထမဦးဆုံး ကိုယ်ထူကိုယ်ထ ကရင့်‌ရေးရာ‌ကျောင်း ဥက္ကံတွင် ပြန်လည်ဖွင့်လှစ်

1658

ဇွန်လ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတို့ကို သီးခြား သင်ကြားနိုင်‌ရေးအတွက် ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုက်ကြီးမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကာ ပထမဦးဆုံး ကရင့်‌ရေးရာ‌ကျောင်းကို တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ‌ရေတာက‌လေး‌ကျေး ရွာ၌ ဇွန်လ ၁ဝရက်‌နေ့တွင် ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင် ကိုလိုနီ‌ခေတ်နှင့် လွတ်လပ်‌ရေးရရှိပြီးချိန်ထိ ကရင်အမျိုးသား‌ကောလိပ်နှင့် ‌ကျောင်းများ တည်ရှိခဲ့ရာမှ ၁၉၆၂ခုနှစ်၊ ‌တော်လှန်‌ရေး‌ကောင်စီ အာဏာသိမ်းပြီး‌နောက်ပိုင်း ကရင်အမျိုးသား‌ကျောင်းများ ပြည်သူပိုင်အဖြစ် အသိမ်းခံခဲ့ရပြီး လက်ရှိအချိန်တွင် ကရင်အမျိုးသား‌ကျောင်းများ ပြည်လည် အစပြု ‌ပေါ်ထွန်းလာ‌ရေးအတွက် ရည်ရွယ်ကာ ယခုလို ကရင့်‌ရေး ရာ‌ကျောင်းကို ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု တိုက်ကြီး စာ/ယဉ် သင်ကြား‌ရေး ဒါရိုက်တာ ‌နော်ဆဲဆဲထူးက ‌ပြောသည်။

သူမက “ကျမတို့ တိုက်ကြီး၊ ဥက္ကံမှာ အရင်တုန်းက ကရင်အမျိုးသား‌ကျောင်း‌တွေရှိ ခဲ့ဖူးတယ်၊ အခု ဒီဘက်‌ခေတ် မှာ ပထမဦး ဆုံး ပြန်လည်‌ပေါ်ထွက်လာတယ်လို့ ‌ပြောလို့ရတယ်။ အခုလို ကရင့်‌ရေးရာ‌ကျောင်းကို ကိုယ့်ကရင်လူမျိုး‌တွေက ကိုယ်ထူကိုယ် ထ လုပ်နိုင်တယ်ဆိုရယ်၊ တခြား‌နေရာ‌တွေမှာလည်း လုပ်‌စေချင်တာရယ်ကြာင့် ‌ကျောင်းကို ‌ဒေသခံ‌တွေကပဲ ကိုယ်ထူကိုယ်ထ အ‌ကောင်အထည်‌ဖော် တည်‌ဆောက်ခဲ့တာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွန်လ ၁ဝရက်၊ ‌နေ့လည် ၁၁နာရီတွင် ပြုလုပ်ခဲ့သည့် ‌ရေတာ‌လေး‌ကျေးရွာ ကရင်‌ရေးရာ‌ကျောင်း ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုး၊ ရန်ကုန် ‌မြောက်ပိုင်းခရိုင် စာ/ယဉ်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကရင်စာသင်ဆရာ၊ ဆရာမများ၊ ‌ဒေသခံများ အပါအဝင် စုစု‌ပေါင်း ၁၂ဝဦး ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

တိုင်းစာ/ယဉ် ဥက္ကဌ၊ ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းဉ်ဇာမျိုးက “တိုက်ကြီးမြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ကြိုး စားတယ်ဆိုတဲ့အထဲမှာ ပါပါတယ်။ အခုဆိုရင် လည်း စာ‌ပေသင်ကြားဖို့ ‌ကျောင်း‌လေးကို အလှူရှင်က လှူတယ်။ တတ်နိုင်တဲ့ ‌ကျောင်း‌ဆောင်‌လေးကို ‌ဆောက်ထားတယ်။ အဲ့‌တော့ လိုအပ်ချက်‌တွေနဲ့ ဘာများ လုပ်‌ဆောင်‌ပေးရမလဲ ဆိုတဲ့ အသိဝင်လာ တယ်။ ကျမ‌နေနဲ့ ဒီ‌ကျောင်း‌ဆောင်‌လေးကို ပံ့ပိုး‌ပေးဖို့နဲ့ ‌ရေရှည်တည်တံ့‌အောင် ဘယ်လိုဆက်လုပ်မလဲဆိုတာ စဉ်းစားတယ်။ ‌ရေရှည်တည်တံ့ဖို့က ဆရာ၊ ဆရာမ‌တွေနဲ့ စာ‌ပေယဉ်‌ကျေးမှုအဖွဲ့က အား‌ပေးကူညီမှု၊ ရပ်ရွာရဲ့ အား‌ပေးကူညီဖို့က ပို အ‌ရေးကြီး ပါတယ်”ဟု ဆိုသည်။

‌ကျောင်း‌မြေ‌နေရာ အလှူရှင် ‌ရေတာက‌လေး‌ကျေးရွာသူ ‌နော်အား‌နော်က ‌နောက်လာ‌နောက်သား ကရင်လူငယ်‌လေးများ ကရင် စာ‌ပေနှင့် ကရင့်‌ရေးရာများ၊ ‌ခေတ်မှီပညာရပ်များ သင်ကြားနိုင်‌ရေးအတွက် ရည်ရွယ်ကာ ‌ကျောင်း‌မြေ‌နေရာကို လှူဒါန်းရခြင်း ဖြစ်‌ကြောင်းလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ကျောင်းတွင် ကနဦးအ‌နေဖြင့် မူလတန်းအဆင့်‌ကျောင်းသူ ‌ကျောင်းသားများကို ‌ကျောင်းမတက်မှီ နံနက်ပိုင်းအချိန်တွင် ကရင်စာသင်ကြား‌ပေးသွားမည်ဖြစ်သလို ကရင်စာ‌ပေသင်ကြား‌ရေး အဆင့်မှီ‌ကျောင်းတစ်ခု ဖြစ်‌ပေါ်လာရန် ဆက်လက် ကြိုး ပမ်းသွားမည်ဟု တိုက်ကြီးစာ/ယဉ် တာဝန်ရှိသူများက ‌ပြောသည်။

ယခင်က ဥက္ကံမြို့နယ်၊ ‌ရေတာက‌လေး‌ကျေးရွာ အပါအဝင် တိုက်ကြီးမြို့နယ်အတွင်း ကုန်းမနည်း၊ အုတ်ပုံ၊ ကြို့ကုန်း စသည့် ‌ကျေးရွာများတွင် ကရင်အမျိုးသား‌ကျောင်းများ ရှိခဲ့ပြီး ၁၉၆၂ခုနှစ်တွင် ပြည်သူပိုင် အသိမ်းခံခဲ့ရပြီး‌နောက် ယခုလို ပထမဦးဆုံး ကရင့်‌ရေးရာ‌ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။